Series 7(d)

" ဒိုင်လျှို " အပိုင်း ( ၄ ) ဇာတ်သိမ်းပိုင်း

ဇာတ်လမ်း - Directionless

ဒီတလောအတွင်း သူ့ဟင်းတွေကို ကောင်းလာတယ်ဟု ချီးမွမ်းထားသည့် အဖေဖြစ်သူကြောင့်၊
ညနေစာအတွက် ဆရာမနှင့် နှစ်ယောက်ပေါင်းပြီး တီထွင်ထားသည့် ဟင်းတစ်မျိုးချက်ကျွေးဖို့ ရဲဝေယံ
စဉ်းစားမိသည်။ ဒီနေ့ညနေ အလုပ်က စောစောပြန်လို့ရသည်နှင့် လမ်းကြုံတဲ့ စိုးသူဇာ စားသောက်ဆိုင်နှင့်
မလှမ်းမကမ်းက Ocean Supermarket ကို ၀င်လိုက်သည်။ လိုအပ်သည့် စားသောက်ကုန်တွေ ၀ယ်ပြီးလို့
အိမ်ပြန်တော့မည်ဆိုကာ ထွက်လာတော့ မုခ်ပေါက်နားတွင် ပြုလုပ်နေသော
စာအုပ်အရောင်းပွဲတော်ဆိုသည့် ဆိုင်းဘုတ်ကို တွေ့သည်။ ဘာရယ်မဟုတ်ဘဲ ငေးမိသွားချိန်တွင် Stand
တစ်ခုပေါ်တွင် အစီအရီနှင့်တင်ထားသော စာအုပ်တစ်အုပ်ကို သွားတွေ့သည်။ ရဲဝေယံ
အထုတ်တွေဆွဲလျှက်နှင့် ထိုစာအုပ်စင်နား ကမန်းကတမ်း ရောက်သွားသည်။
"ဒါ ... ဒါ .. အခုမှ ထွက်တာလား"
"ဟုတ်တယ် အကို .. ဒီအပတ်မှ ထွက်တာ .. ထွက်ထွက်ပြီးခြင်း တအားရောင်းရလို့ ကျမတို့
အရောင်းရဆုံး စာအုပ်စာရင်းမှာ ပြထားတာလေ .. အကို့မှာ အမျိုးသမီးမိတ်ဆွေရှိရင်
လက်ဆောင်ပေးလို့ရတာပေါ့ .. ယူမလား"
အရောင်းကောင်မလေးက ရဲဝေယံရဲ့  ခပ်ချောချောရုပ်ကို ငေးကြည့်ရင်း အပြည့်အစုံ ရှင်းပြနေသည်။
သို့သော် ရဲဝေယံ မိုးပြာရောင်ဝန်ထမ်းဝတ်စုံလေး ၀တ်ထားသော ကောင်မလေးကို ပြန်ငမ်းမိဖို့
စိတ်မ၀င်စားပါ။ စာအုပ်ထဲက ဟင်းချက်နည်းတွေကို တစ်ရွက်ချင်း လှန်ကြည့်ရင်း သူ့နားထဲတွင်
ကောင်မလေး ပြောလိုက်သည့် အမျိုးသမီးမိတ်ဆွေဆိုသည့် အသုံးကိုသာ ထပ်ပြန်တလဲလဲ
ကြားနေမိသည်။ အမျိုးသမီးမိတ်ဆွေကို ပေးဖို့တဲ့လား။ ပေးစရာမလိုဘူး။ ဒီစာအုပ်ရေးတဲ့သူက ငါ့ရဲ
အမျိုးသမီးမိတ်ဆွေပဲ။ နောက်ပြီး ဒီထဲက နည်းတွေက ငါတို့နှစ်ယောက်ပေါင်းပြီး
ဖော်စပ်ထားတဲ့နည်းတွေပဲ။
"အကို မယူတော့ဘူးလား"
စာအုပ်ကို ကုန်သည့်အထိ လှန်ကြည့်ပြီးလောက် မျက်စိပျက်မျက်နှာပျက် ဖြစ်နေသည့် ရဲဝေယံအား
ကောင်မလေးက နားမလည်နိုင်စွာ မေးသည်။ ရဲဝေယံ ကောင်မလေးကို ဒေါသထွက်နေသည့်
မျက်လုံးများနှင့် စိမ်းစိမ်းကြည့်သည်။ သူ့အကြည့်ကြောင့် ၀န်ထမ်းကောင်မလေး ထိတ်လန့်သွားပြီး
နောက်သို့ ခြေတစ်လှမ်းဆုတ်သည်။ ရဲဝေယံ ကောင်မလေးရဲ့ အပြုအမူကို သတိထားမိသွားပြီး
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ချာခနဲ လှည့်ထွက်သည်။
“အကို .. ဒီမှာ အကို့ပစ္စည်းတွေ .. အကို .. အကို!!”
စာအုပ်စင်ခြေရင်းတွင် ပစ်ချထားခြင်းခံရသော ကြွတ်ကြွတ်အိတ်ထုပ်များကို လက်ညိုးထိုးပြရင်း
ဝန်ထမ်းကောင်မလေးက နောက်ကနေ အော်ခေါ်သည်။ သို့သော် အ၀င်ပေါက်တံခါးရှိ မှန်ချပ်များကို
တွန်းဖွင့်ကာ ပြေးထွက်သွားသည့် ရဲဝေယံက လုံးဝကို လှည့်ကြည့်မနေပါ။ ဈေးဝယ်သူ မိသားစုတစ်စုကို
စူပါမားကတ် လာပို့ပေးသော တက်စီတစ်စီးရဲ့ နောက်ခန်းတွင် ခပ်မြန်မြန်ဝင်ထိုင်လိုက်ရင်း လေသံပြတ်နှင့်
ကားမောင်းသူကို လှမ်းပြောသည်။
"စိုးသူဇာ စားသောက်ဆိုင်ကို အမြန်ဆုံးပို့ပေးဗျာ"
**************
ရုံးခန်းထဲကနေ ဆိုင်ရဲ့ အမိုးထိပ် (Roof Level) သို့ လက်ကိုဆွဲ၍ ခေါ်လာတာခံခဲ့ရစဉ်က ဒီကောင်လေး
ဘာဖြစ်လာတာလဲလို့ တစ်ခွန်းမှ ဒေါ်စိုးသူဇာ မေးလို့မရ။ Maintenance အတွက် ထားသည့်
တံခါးပေါက်ကနေ ထွက်ပြီး ရေတိုင်ကီကြီးများရဲ့ အကွယ်တွင် ထိုင်မိတော့မှ ကောင်လေးဆီက
ဒေါသတကြီးနှင့် သူမအား စွပ်စွဲသည့် စကားတွေကို ကြားရသည်။ ဒီတော့မှ ဒေါ်စိုးသူဇာ
သဘောပေါက်ရသည်။ ကြောင်ပေါက်စလေး မာန်ဖီကာ တဂီးဂီးနှင့် အော်နေသလို
စကားတွေကျယ်ကျယ်လောင်လောင် ပြောနေသည့် ရဲဝေယံအား သူမ ဘာမှ မတုံ့ပြန်သေး။ သူ့နေရာမှာ
သူမဆိုလျှင်လည်း ဒီလိုမျိုး ဖြစ်မည်ဆိုတာ သိနေသည်မို့ ပြောချင်တာမှန်သမျှ ပြောပါစေဆိုပြီး
လွှတ်ပေးထားလိုက်သည်။
သူ့အား ဘာမှ မတုံ့ပြန်ဘဲ စိတ်မကောင်းသည့် မျက်လုံးများနှင့်သာ ရီဝေစွာ စိုက်ကြည့်နေသည့်
ဒေါ်စိုးသူဇာကြောင့် ရဲဝေယံ နောက်ထပ်ဘာစကားလုံးတွေ သုံးကာ ရန်ထောင်ရမှန်း မသိတော့။
သူ့အနေနှင့်က သူ့အား တစ်ခုခုတုံ့ပြန်မှ အပြန်အလှန်ငြင်းခုန်တတ်တာ ဖြစ်သည်။ ဘာမှ မပြောဘဲ
ငြိမ်ခံနေသည့်သူကျတော့ ရဲဝေယံ ဆက်ပြောစရာ စကားမရှိ။ ရင်ထဲရှိရှိသမျှကို ပြောချလိုက်ရလို့လား
မသိ။
အနည်းငယ်တော့ ကျေနပ်သလို ဖြစ်သည်။ ခြေထောက်လေးနှစ်ဖက်ကို ထောင်လျက်ကွေးကာ
ငုတ်တုပ်ထိုင်နေသည့် ဒေါ်စိုးသူဇာနှင့် မလှမ်းမကမ်းတွင် ခြေပစ်လက်ပစ် ၀င်ထိုင်မိသည်။
"မင်းပြောလို့ ပြီးရင် .. ဆရာမပြောမယ် .. ခေါင်းအေးအေးထားပြီး သေချာနားထောင်.. ဟုတ်တယ် ..
ဒီစာအုပ်ထဲမှာ မင်းပြောခဲ့တဲ့ ဟင်းချက်နည်းတွေ ပါတယ်ဆိုတာ အမှန်ပဲ .. အဲဒီအတွက် မင်းနာမည်ကို
နည်းစနစ်ပြုစုသူနေရာမှာ အတူတွဲပြီး ဖော်ပြသင့်တာလဲ ဟုတ်တယ် .. ဒါပေမယ့် မင်းစဉ်းစားကြည့်စမ်း ..
အဲဒီလိုသာ ဆရာမနဲ့အတူ မင်းနာမည်ကို တွဲပြီး ဖော်ပြလိုက်ရင် ဘယ်လိုဖြစ်မလဲ .. လူတွေလူတွေ
ပြောကြမယ့် အတင်းအဖျင်းတွေကို မင်း handle လုပ်နိုင်မလား"
ငိုက်စိုက်ကျနေသည့် ရဲဝေယံရဲ့ ခေါင်းက ဖြေညင်းစွာ မော့တက်လာပြီး ဆရာမဖြစ်သူကို
လှည့်ကြည့်သည်။ ဒေါ်စိုးသူဇာက ကြင်နာသည့် မျက်ဝန်းများဖြင့် ကြည့်နေပြီး တည်ငြိမ်စွာ
ဆက်ရှင်းပြသည်။
"ပထမအကြိမ်ထုတ်ဝေတဲ့ ဒီစာအုပ်မှာ လောလောဆယ်တော့ ဆရာမနာမည်ပဲ ထည့်ထားတယ် ..
ဒါပေမယ့် ဒီဟင်းချက်နည်းတွေဟာ ဘယ်သူ့ကြောင့် ဖြစ်လာတယ်ဆိုတာ ဆရာမရင်ထဲက အသိဆုံးပါ ..
မင်းကို ဘယ်တော့မှ ပစ်မထားပါဘူး .. "
"ဆရာမ !!" (မိခင်ရယ်လို့ ဘ၀တလျှောက်လုံး သေချာမသိခဲ့သော ရဲဝေယံ .. ဆရာမရဲ့ စကားကြောင့်
ရင်ထဲငြိမ်းချမ်းသွားသည်)
"နေဦး .. ဆရာမပြောတာ မပြီးသေးဘူး .. မင်းအနေနဲ့က ဒီထက်မက ပိုပြီးတော့
နားလည်တတ်ကျွမ်းအောင် ကြိုးစားရမယ် .. အမြဲလေ့လာနေရမယ် .. နောင်တစ်နှစ်၊ နှစ်နှစ်နေလို့ မင်း
လုပ်ငန်းသဘောနားလည်လာရင် ဒီစိုးသူဇာဆိုင်ကို မင်းဦးစီးရလိမ့်မယ်"
"ဒါ .. ဒါဆို .. လဲ့ယမင်းက??"
"ဘာ .. လဲ့ယမင်းလဲ .. မင်း အခုထက်ထိ ဒီကောင်မလေး အရည်အချင်းကို
သဘောမပေါက်သေးဘူးလား .. သူက နောက်လိုက်အနေနဲ့ပဲ ကောင်းတာ .. ရှေ့ကိုချွန်ပြီးထွက်လာနိုင်တဲ့
အရည်အချင်းရှိလို့လား .. ၀န်ထမ်းတစ်ယောက်ကို အလကားသပ်သပ် ငါအပြစ်မပြောချင်လို့သာ ..
ပင်ကိုယ်အရည်အချင်း ဘာမှမရှိတဲ့ဟာလေး"
လေသံမြင့်မြင့်နှင့် တောက်လျှောက်ပြောသွားပြီးနောက် ဒေါ်စိုးသူဇာ မျက်ဝန်းတွေက ပြန်လည်၍
ရီဝေသွားသည်။ ရဲဝေယံနားသို့ ဖင်ရွှေ့ ကာ ကပ်ထိုင်လိုက်ရင်း သူ့ပုခုံးတစ်ဖက်တွင်
ခေါင်းလေးတစ်ဖက်ကို အသာတင်သည်။
"ဆရာမကို အထင်မလွဲပါနဲ့ကွာ .. မင်းနဲ့အတူ ရှိနေတဲ့အချိန်တွေကို ဆရာမ
တကယ်တန်ဖိုးထားပါတယ် .. မင်းကြောင့် ဆရာမဘ၀လေး စိုပြည်ပြီး အိုင်ဒီယာသစ်တွေ
ထွက်လာရတာပါ သားရယ် .."
တိုးညင်းလှသည့် စကားသံဆိုပေမယ့် ရဲဝေယံရဲ့ နှလုံးသားထဲတွင်တော့ အကျယ်ကြီးကို
ကြားလိုက်ရပါသည်။ ပုခုံးပေါ်တွင်ရှိနေသော ဆရာမရဲ့  မျက်နှာလေးကို မေးဖျားလေးကနေ
တဆင့်မလိုက်သောအခါ ဒေါ်စိုးသူဇာနှင့် ရဲဝေယံမျက်နှာချင်းဆိုင် ဖြစ်သွားသည်။ ထို့နောက် ရဲဝေယံ
နှုတ်ခမ်းများက နှုတ်ခမ်းနီစိုစိုလေး ဆိုးထားသော ဆရာမရဲ့ နှုတ်ခမ်းပါးလေးများပေါ်သို ဇတ်ကနဲ
ကျရောက်လာ၏။ ဒေါ်စိုးသူဇာတစ်ယောက် ရဲဝေယံရဲ့ ရင်ခွင်ထဲ တင်းကျပ်စွာ ထပ်တိုးဝင်လိုက်ပြီး
အရှိန်ပြင်းပြင်းနှင့် ပြန်လည်နမ်းစုပ်မိသည်။
Make-up sex ဆိုသော ဝေါဟာရကို သင်သာလိင်ကိစ္စတွင် အတော်အသင့် အတွေ့အကြုံရှိလျှင် ကြားဖူး၊
ကြုံဖူးမှာ သေချာပါသည်။ လင်မယားအချင်းချင်းပဲဖြစ်ဖြစ်၊ သမီးရည်းစားအချင်းချင်းပဲဖြစ်ဖြစ်
အကြီးအကျယ် ကတောက်ကဆနှင့် စကားများပြီးသည့်အချိန်တွင် ပြန်လည်အဆင်ပြေသွားပါက
ထိုကိစ္စက ဖြစ်ပေါ်လေ့ရှိသည်။Make-up sex သည် နှစ်ယောက်သားကြားရှိ Tension ကို
အပြင်းထန်ဆုံးသောနည်းဖြင့် ဖြေထုတ်ခြင်း ဖြစ်သဖြင့် အရှိန်အဟုန်ကြီးလှသည်။
မိုးမမြင်လေမမြင်ဆန်လှသည်။ (ဤသို့သော မြင်ကွင်းကို အနီးကပ်ဆုံး ဥပမာပေးရသော် Mr. and Mrs.
Smith ထဲက လင်မယား ပြန်ပေါင်းထုတ်ခန်းကို ညွှန်းလိုပါ၏)
အခုလည်း ရဲဝေယံက ဒေါ်စိုးသူဇာရဲ့ နှုတ်ခမ်းတွေကို အလွတ်မပေးဘဲ နမ်းသလို၊ ဒေါ်စိုးသူဇာကလည်း
ရဲဝေယံမျက်နှာအား လက်နှစ်ဖက်နှင့်ညှပ်ကိုင်ရင်း အတင်းအကြမ်း ပြန်နမ်းသည်။ နမ်းနေရာမှ ရဲဝေယံ
လက်တွေက ဆရာမရဲ့ ဖင်သားအိအိထွားထွားကြီးတွေဆီ လျှောဆင်းသွားပြီး အားရပါးရ ညှစ်နယ်သည်။
စကပ်ပေါ်မှ ဆုပ်နယ်ရင်း အားမရသည့်အခါ နောက်ဘက်မှဇစ်ကို ဖြေချသည်။ စကပ်လေး ခါးစပ်မှ
ချောင်၍ လွတ်သွားသည်တွင် ပေါ်လာသည့် ပင်တီသားပေါ်ကနေ နောက်ထပ်တစ်ခါ ထပ်နယ်ပြန်သည်။
"မောင် ... "
"ဆရာမ !!"
ဒေါ်စိုးသူဇာရဲ့ နှုတ်မှ ပထမဦးဆုံးအကြိမ် မောင်ဆိုသည့် ခေါ်သံကြောင့် ရဲဝေယံ အံ့သြတကြီးနှင်
တုံ့ပြန်မိသည်။ မျက်နှာလေး နီရောင်သန်းနေသည့် ဒေါ်စိုးသူဇာက သူ့အား ရှက်ကိုးရှက်ကန်း
အမူအရာလေးနှင့် စိုက်ကြည့်နေသည်။ ပြီးသည်နှင့် ၀တ်ထားသည့် ဘလောက်စ်အား
လက်တစ်ဖက်လျှိုကာ ဆွဲထုတ်ရင်း ခေါင်းပေါ်ကနေ လှန်၍ ချွတ်လိုက်သည်။ ရဲဝေယံ
အမြဲတပ်မက်ခဲ့ရသော နို့အုံဖွေးဖွေးကြီးတွေက အဖြူရောင်အောက်ခံတွင် အနက်ရောင်ဇာပြောက်များနှင့်
လှပစွာကွပ်ထားသည့် ဘရာလေးထဲမှာ ထင်းခနဲ ပေါ်ထွက်လာသည်။
ရဲဝေယံ ကမန်းကတမ်း သူ့တီရှပ်ကို ခေါင်းပေါ်ကနေ ဆွဲချွတ်တော့ ဒေါ်စိုးသူဇာကပါ ကူညီရှာသည်။
ပြီးသည်နှင့် ရဲဝေယံခေါင်းအား သူမရင်ခွင်ထဲသို့ ဆွဲသွင်းသည်။ ရဲဝေယံက ချက်ချင်းဆိုသလို
နို့အုံဖွေးဖွေးကြီးတစ်ခုရဲ့ အပေါ်ပိုင်းကို ဆတ်ခနဲ ငုံ့နမ်းသည်။ ဒေါ်စိုးသူဇာ အင်းခနဲ ညည်းပြီး
သူ့ရဲ့ ခေါင်းက ဆံပင်တွေကို လက်တစ်ဖက်နှင့် ဖွကာဆုပ်သည်။ ကျန်သည့် လက်တစ်ဖက်က
ဘရာချိတ်ကလေးကို နောက်ပြန်စမ်းကာ တွန်းဖွင့်ပေးလိုက်သည်။
နို့အုံများကို တင်းကျပ်စွာ ထိန်းထားသည့် ဘရာက ချောင်သွားသည်ဆိုသည်နှင့် ရဲဝေယံ နို့သီးခေါင်း
နီနီညိုညိုလေး တစ်ဖက်ကို အားရပါးရ ဆွဲစို့သည်။ အရွယ်ရောက်ပြီးသည့် မိန်းမကြီးမို့
ဒေါ်စိုးသူဇာရဲ့ နို့သီးတွေက သေးသေးလေးတွေ မဟုတ်။ သူ့လက်သန်း တစ်ဆစ်စာလောက် ရှိသည်။
စို့လို့ကတော့ ဘာကောင်းသလဲ မမေးနဲ့။ နို့သီလေးတွေ တင်းမာစူတက်လာသည်အထိ ဘယ်ပြန်ညာပြန်
စို့ပစ်လိုက်သည်။ ဒေါ်စိုးသူဇာ တစ်ယောက် ရဲဝေယံရဲ့ ခေါင်းအား တင်းတင်းဖက်ထားရင်း တအင်းအင်းနှင့်
ညည်းနေရသည်။
"မောင် .. မနေနိုင်တော့ဘူး .. မောင့်လီးကြီး အပြင်ထုတ်လိုက်တော့"
"ဟုတ် ... မောင်လည်း ဆရာမကို လုပ်ချင်နေပြီ"
"မောင် .. အခုထက်ထိ ဆရာမလို့ ခေါ်နေသေးတယ် .. ဟုတ်လား"
"အင်း .. ဆရာမလို့ ခေါ်ရတာ အာတွေ့တယ် .. ဆရာမ စိတ်မဆိုးဘူး မှတ်လား"
"မဆိုးပါဘူး .. မောင် ဘာလုပ်လုပ် စိတ်ဆိုးစရာလား"
"တကယ် .. ဒါဆို"
ရဲဝေယံက ပြောရင်းနှင့် ဒေါ်စိုးသူဇာရဲ့ ပေါင်တံတစ်ဖက်ကို ကြွခိုင်းပြီး စကပ်အောက် လက်ထိုးထည့်ရင်း
ပင်တီလေးကို လှမ်းချွတ်သည်။ ခြေဖမိုး ဖောင်းဖောင်းလေးတစ်ဖက်မှ လွတ်သွားသည်နောက်
နောက်တစ်ဖက် ကျွတ်တာတောင် စောင့်မနေနိုင်တော့ဘဲ ဆရာမအား သူ့ပေါင်ပေါ် ပွေ့တင်သည်။
ဒေါ်စိုးသူဇာ ကိုယ်တိုင်လည်း ရမ္မက်လှိုင်းတွေ ပြင်းထန်နေပြီဖြစ်ရာ သူမလက်နှင့် ဘောင်းဘီထဲမှ
ဆွဲထုတ်ထားသည့် လီးမာမာကြီးအား လက်သွယ်သွယ်လေးနှင့် လှမ်းကိုင်သည်။
အရည်တွေရွှဲစပြုနေသော အဖုတ်ဝနှင့်တေ့ကာ တင်ပါးနှစ်ဖက်ကို အပေါ်ကနေ အားနှင့်ဖိချလိုက်သည်။
"ရှီး … အာ့ … အာ့"
"အား .. ကောင်းတာ ဆရာမရယ်"
တစ်ချက်ထဲနှင့် နက်နက်ရှိုင်းရှိုင်း တိုးဝင်သွားသည့် လီးကြီးကြောင့် နှစ်ယောက်စလုံး
အော်ကာညည်းမိကြသည်။ တော်တော့တော်သေးသည်။ ဒီအမိုးပေါ်သို့ တက်ရောက်နိုင်သည့် လူက
ဝန်ထမ်းတွေလောက်ပဲ ရှိပေရာ၊ သူတို့တွေ ကိုယ်စီကိုယ်စီ အလုပ်များနေသည့် အခုလိုအချိန်မျိုးတွင်
ရဲဝေယံတို့နှစ်ယောက် စိတ်ကြိုက်ကဲလို့ ရနေသည်။ တကယ်တော့ သူတို့နှစ်ယောက်
ရှည်ရှည်ဝေးဝေးလည်း ထိုအချက်ကို မစဉ်းစားနေမိပါ။ တစ်ယောက်ကိုတစ်ယောက် တပ်မက်မှု
ရမ္မက်အရှိန်နှင့် ရင်ချင်းအပ်ကာ ပွေ့ဖက်ထားရင်း ကာမစိတ်မွှန်နေကြရာ ပတ်ဝန်းကျင်နှင့်
ကင်းကွာနေသည်ဟု ပြောလည်း ရနိုင်ပါသည်။
သို့သော် …
လဲ့ယမင်းသည် အလုပ်ပင်ပန်းမှုရော၊ အခုတလော ခံစားနေရသည့် စိတ်ပင်ပန်းမှုကြောင့်ရော
မွန်းကျပ်လာသလို ခံစားရသဖြင့် စီးကရက်ခိုးသောက်ရန်ဆိုပြီး အမိုးပေါ်သို့ တိတ်တဆိတ်
တက်လာခဲ့သည်။ လဲ့ယမင်း စိတ်ထဲ ဆရာမက သူမအား ဆက်ဆံသည်မှာ
တအားတင်းကျပ်လွန်းသည်ဟု ခံစားရသည်။ ဆူပူတယ်ရယ်လို့တော့ မဟုတ်ပေမယ့်
မျက်နှာသာပေးခြင်းလည်း မရှိလှ။ အခုတလော ဆရာမနှင့် ပလဲနလံသင့်နေသူက ရဲဝေယံရယ်။
တစ်ခုခုဆို ဆရာမက ရဲဝေယံကိုပဲ ခိုင်းတော့သည်။ ဟိုကောင်ကလည်း သူမ ခိုင်းလျှင်သာ မလုပ်ချင်တာ။
သူ့ဆရာမများ ပြောလိုက်ရင်တော့ ပါးစပ်က စကားမထွက်သေး ရက်စ်ဆိုသည့် အကောင် …။
ဘယ်သူမှ မသိအောင် တိတ်တဆိတ် တက်လာရသည်မို့ အမိုးပေါ်သို့ ထွက်သည့် Exit
ပေါက်ရောက်တော့ တံခါးရွက်ကိုတောင် အတင်းတွန်းမဖွင့်ရဲ။ တဖြေးဖြေးချင်းသာ တွန်းဖွင့်ရသည်။
လူတကိုယ်စာ ထွက်လောက်အာင် ဟသွားသည်နှင့် ကိုယ်ကို လှစ်ခနဲ တိုးထွက်လိုက်သည်။
အပြင်ဘက်သို့ ရောက်သွားသည့် လဲ့ယမင်း နားထဲတွင် ပီပီသသ ၀င်လာသည့် စကားသံများကို
ကြားလိုက်ရသောအခါ တကိုယ်လုံး အေးခဲသွားသလို ခံစားရသည်။
*******************
နားထဲဝင်လာသည့် စကားသံတွေကို ပထမတော့ လဲ့ယမင်း မယုံနိုင်သေး။ သူမများ ထင်ယောင်ထင်မှား
ဖြစ်နေတာလားဟု တွေးလိုက်သည်။ အသံတွေလာရာ ရေတိုင်ကီများဘက်သို့ မြင်ရအောင် ကိုယ်ကို
မသိမသာရွှေ့လိုက်သည်။ ရေတိုင်ကီ နှစ်လုံးကြားရှိ လွတ်နေသော နေရာလေးမှတဆင့် တစ်ဖက်ခြမ်းကို
လှမ်းမြင်ရသောအခါ သူမ နားကြားလွဲတာ မဟုတ်ဆိုတာ သေချာသွားသည်။ ထို့နောက်တွင်တော့
ချောင်းကြည့်နေသည့် သူမအား သတိမပြုမိဘဲ ဖြစ်ချင်တိုင်းဖြစ်နေကြသည့် စုံတွဲကြောင့် လဲ့ယမင်း
ဒေါသတွေ ရင်ထဲက အလိပ်လိုက် တက်လာရှာသည်။
"တောက် .. တွေ့ကြသေးတာပေါ့ .. ငါကတော့ ကိုယ့်များ ပစားပေးလာမလားဆိုပြီး ဆရာမ ဆရာမနဲ့
တဖွဖွ ဖြစ်နေလိုက်ရတာ .. အခုတော့ ရှင်ကြီး ရင်ထဲမှာ ကျမက ဘာမှ မဟုတ်တဲ့
မလောက်လေးမလောက်စားလား .. လဲ့ယမင်းတဲ့ .. တမင်းထဲ ရှိတယ် .. သိကြသေးတာပေါ့"
အံကိုတင်းတင်းကြိတ်ကာ စိတ်ထဲကနေ ကြုံးဝါးရင်း ဘာလုပ်ရင် ကောင်းမလဲဟု လဲ့ယမင်းတွေးသည်။
မျက်စိက ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်းနှင့် ခပ်လှမ်းလှမ်းက အင်္ဂတေနံရံတွင် ဆင်ထားသည့်
အရာတစ်ခုကို သွားတွေ့သည်။ လဲ့ယမင်း မျက်နှာလေး ၀င်းခနဲ ဖြစ်သည်။ ချက်ချင်းကိုယ်ကို အသာလေး
တံခါးပေါက်ရှိရာသို့ ပြန်ရွှေ့ လာပြီး အိတ်ထဲက ဖုန်းကိုထုတ်သည်။
"ကိုအေးထွန်းလား"
"မခေါ်စဖူး ဖုန်းခေါ်နေပါလား ယမင်းရ .. ပြောလေ .. ကိုအေးထွန်း ဘာလုပ်ပေးရမလဲ .. အလကားတော့
မရဘူး လက်ဖက်ရည်ကို လူကိုယ်တိုင် လိုက်တိုက်ရမယ်"
စားသောက်ဆိုင်ရဲ့  Maintenance Engineer အဖြစ်ခန့်ထားသူ ကိုအေးထွန်းက အရေးထဲ သူမကို
လာကြူနေသေးသည်။ လေသံတိုးနိုင်သမျှ တိုးအောင်ထားရင်း စပီကာနေရာနှင့် ပါးစပ်ကပ်ကာ
သူမဖြစ်ချင်သည်ကို အရေးတကြီးပြောရသည်။
"ကျမပြောတာ လုပ်ပေးရင် လက်ဖက်ရည်မကဘူး .. ဘီယာပါ တိုက်မယ်"
"နင် .. တကယ်ပြောတာလား .. ယမင်း"
"တကယ်ပြောတာ .. ကိုအေးထွန်း .. ကျမတို့ Building မှာ ဆင်ထားတဲ့ PA system က အမိုးမှာပါ
ရှိတယ်မှတ်လား"
"ရှိတယ်လေ .. Maintenance လုပ်ရင် အသုံးပြုချင်ပြုလို့ရအောင် ဆိုပြီး အရှေ့ ဘက်မျက်နှာစာက နံရံမှာ
တပ်ထားတာလေ ဘာဖြစ်လို့လဲ"
"ဘာဖြစ်လဲ မေးမနေနဲ့ .. ကျမပြောတဲ့အတိုင်းသာလုပ် .. ရှင့်ကို ပြုစုဖို့ ကျမတာဝန်ထား"
"သဘောပေါက်ပြီ.. ယမင်း .. ဘာလုပ်ပေးရမလဲသာပြော"
"အဲဒီ အမိုးပေါ်က စပီကာကို ဖွင့်ပြီး ကြားတဲ့အသံကို အဆောက်အဦးတစ်ခုလုံးရောက်အောင်
အခုလွှင့်ပေး"
"အိုကေ .. ခနစောင့် .. ရမယ်"
******************
အကောင်းကြီးကောင်းကာ အချီကြီး ပြီးခဲ့ကြပြီးနောက် ဒေါ်စိုးသူဇာနှင့် ရဲဝေယံ လူမသိသူမသိနှင့်
အမိုးပေါ်ကနေ တိတ်တဆိတ် ပြန်ဆင်းလာကြသည်။ ပုံမှန် ဒီလိုအချိန်တွင် ဒေါ်စိုးသူဇာက
စားသောက်ဆိုင်ထဲတွင် လှည့်ပတ်ကြည့်ရှူပြီး လာရောက်စားသောက်သည့် ကာစတန်မာများကို
ရင်းရင်းနှီးနှီး လိုက်နှုတ်ဆက်နေကြဖြစ်သည်။ ထို့အတွက်ကြောင့် ဒုတိယထပ်တွင် ရှိသော
စားသောက်ခန်းမထဲသို့ လျှောက်ဝင်လာခဲ့သည်။ ရဲဝေယံကလည်း လိုက်ပါနေကြ ထုံးစံအတိုင်း
မလှမ်းမကမ်းမှ လိုက်လာခဲ့သည်။
သူတို့နှစ်ယောက် စားသောက်ခန်းမထဲ ၀င်လိုက်သည်နှင့် အားလုံးရဲ့ စူးစမ်းသော အကြည့်များက
မြားအစင်းပေါင်းများစွာလို ကျရောက်လာသည်။ စားပွဲဝိုင်းထိုင်နေကြသူ အချင်းချင်းလည်း
တီးတိုးတီးတိုးနှင့် ဒေါ်စိုးသူဇာတို့အား ကြည့်ရင်း စကားတွေ ပြောနေကြသည်။ အချို့ သော
သူများရဲ့ အကြည့်က အထင်သေးသည့်ဟန်၊ အချို့ သောသူများရဲ့ အကြည့်က ပြစ်တင်ရှုံ့ ချဟန်
ပေါက်နေသည်။ တစ်ခုခုတော့ လွဲနေပြီမှန်း ဒေါ်စိုးသူဇာ ချက်ချင်း သဘောပေါက်လိုက်သည်။
ဒေါ်စိုးသူဇာ ဘာလုပ်ရမှန်း မသိဘဲ စားသောက်နေသည့် မိသားစုတစ်စုရဲ့ စားပွဲဝိုင်းနားတွင် ရပ်နေစဉ်
တပည့်မဖြစ်သူ လဲ့ယမင်း ခပ်လှမ်းလှမ်းမှ လျှောက်လာသည်ကို တွေ့ရသည်။
ဒီအထပ်ရဲ့ ကြီးကြပ်သူအဖြစ် သူမကို တာဝန်ပေးထားသဖြင့် ဘာဖြစ်တာလဲဟု မေးမည်ပြုသည်။ သို့သော်
လဲ့ယမင်းက သူမကို မမြင်ချင်ယောင်ဆောင်ပြီး ဘေးနားရှိ စားပွဲဝိုင်းက မိသားစုကို လှမ်းကာ ပြုံးပြသည်။
"ပြန်ကြတော့မလို့လား .. အန်တီတို့"
"အေး ပြန်မယ်အေ .. စားရတာတောင် မသတီတော့ဘူး .. ဘယ့်နှယ့်တော် .. ကိုယ့်အဆင့်တန်းနဲ့မှ
မလိုက် .. အရှက်မရှိတဲ့မိန်းမ ဖွင့်ထားတဲ့ဆိုင်မှာ စားချင်စိတ်ကို မရှိဘူး .. ပြော .. ဘယ်လောက်ကျလဲ"
"ရှင် .. ဘာပြောလိုက်တယ် !!"
သူမကို ရွဲ့စောင်း၍ ကြည့်ကာ ပြောနေမှန်း သိသဖြင့် နားမလည်နိုင်သည့်အဆုံး ဒေါ်စိုးသူဇာ
လေသံမာမာနှင့် စားပွဲဝိုင်းတွင် ထိုင်နေသည့် ဘွားတော်ကို လှမ်းမေးလိုက်သည်။ ဘွားတော်က
ဒေါ်စိုးသူဇာကို စက်ဆုပ်ရွံရှာဟန်နှင့် တစ်ချက်ကြည့်ပြီး မျက်နှာလွှဲသွားသည်။ သူမထပ်မေးမည်ပြုတော့
လဲ့ယမင်းက သူမနှင့်ဘွားတော်ကြားတွင် ၀င်ရပ်လိုက်သည်။
"ဆရာမရယ် .. အပြောမခံနိုင်ရင်လည်း ကိုယ်က မဟုတ်တာမလုပ်နဲ့ပေါ့ .. အခုတော့
ဖြစ်စရာနေရာရှားလို့ အမိုးပေါ်မှာတောင် တက်ဖြစ်ရသေးလား .. အဲဒီအမိုးမှာ ဆင်ထားတဲ့
ပီအေစစ်စတမ်က ကောင်းသေးတယ်ဆိုတာ မေ့သွားတယ် မဟုတ်လား"
"လဲ့ယမင်း ... နင် ... နင်"
ဘာကြောင့် လူတွေအားလုံးက သူမတို့နှစ်ဦးကို မျက်လုံးစိမ်းများနှင့် ၀ိုင်းကြည့်နေကြသည်ဆိုတာကို
ဒေါ်စိုးသူဇာ သဘောပေါက်သွားသည်။ ရှက်ခြင်းကြောက်ခြင်းနှင့်အတူ ဆူဝေတက်လာသည့်
ဒေါသကြောင့် သူမရဲ့ ညာလက်က မြောက်တက်သည်။ သို့သော် ထိုလက်က ဦးတည်ရာသို့
မရောက်လိုက်ပါ။ ဒီလိုမျိုး ဖြစ်လာမယ်မှန်း သိနေဟန်တူသည့် လဲ့ယမင်းက သူမလက်ကို
ဆီးဖမ်းထားသည်။
"အနာပေါ်တုတ်ကျတယ်ပေါ့ .. ဟုတ်လား .. ကိုယ့်အသက်အရွယ်နဲ့ ကလေးကို
မုန့်ပေးကြိုက်ရတယ်လို့ .. အော် .. မှားသွားလို့ .. မုန့်ပေးကြိုက်တာ ရှင်မဟုတ်ဘူး .. ဟို နွား !!"
လက်ညိုးထိုးကာ လှမ်းအော်လိုက်မှုကြောင့် တစ်ဆိုင်လုံးရှိ လူတွေရဲ့ အကြည့်က ရဲဝေယံဆီသို့
ရောက်ရှိလာသည်။ သို့သော် ရဲဝေယံရဲ့ အကြည့်ထဲတွင်မူ သူတို့တွေ ရှိမနေပါ။ စက္ကန့်ပိုင်းအတွင်း
ဆယ်နှစ်စာလောက် အိုစာသွားသည့် ဆရာမရဲ့ မျက်နှာလေးသာ ရှိနေသည်။
ဒေါ်စိုးသူဇာရဲ့ မျက်ဝန်းများတွင် အလိုလိုနေရင်း မျက်ရည်စတွေ ခိုတွဲလာသည်။ ထို့နောက် မျက်နှာကို
လက်နှစ်ဖက်နှင့်အုပ်ကာ စားသောက်ခန်းမထဲမှ တဟုန်ထိုး ထွက်ပြေးသွားလေတော့သည်။
*****************
အခုတော့ အရာရာသည် ပြီးဆုံးခဲ့တာ တစ်လကျော်ကျော် ရှိခဲ့ပြီ ဖြစ်ပါသည်။ သို့သော် အခုအချိန်ထိ
ရွှေပိုးအိမ်ရဲ့ ရင်ထဲတွင် ဖြစ်ပျက်ခဲ့သမျှ ကိစ္စရပ်အားလုံး အနည်မထိုင်သေးပါ။ ဘယ်အချိန်ကျမှ သူမ
အတွေးထဲကနေ ဆရာ့ကို မောင်းထုတ်လို့ရမည်ဆိုတာ တကယ်ကို အဖြေရှာရခက်သော
ပုစ္ဆာတစ်ခုဖြစ်နေသည်။ အကယ်၍ ဦးနှောက်ထဲကနေ ဆရာ့ကို မောင်းထုတ်ပစ်နိုင်သည်ဆိုလျှင်တောင်မှ
နှလုံးသားထဲကနေ ဆရာဦးရဲသူရဲ့ ပုံရိပ် ပျောက်ကွယ်သွားနိုင်အောင် စွမ်းနိုင်ပါဦးမည်လော။ ရွှေပိုးအိမ်
ထိုမေးခွန်း၏ အဖြေကို မရှာနိုင်သလို၊ သိလိုစိတ်လည်း မရှိပါချေ။
ဆရာနှင့် ပတ်သက်တာ မှန်သမျှကို မေ့ပျောက်ဖို့ဆိုသော အတွေးနှင့် သူမရဲ့ ပထမဦးဆုံးသော
ဇာတ်လမ်းကို မထုတ်တော့ဖို့ ရွှေပိုးအိမ် ဆုံးဖြတ်ခဲ့သည်။ မြလွန်းချိုတို့ အဖွဲ့ သူမနှင့် ဆရာ့အား
ပက်ပင်းမိပြီး နောက်တစ်ရက်မှာတင် ဆုံးဖြတ်ခဲ့တာဖြစ်သည်။ ထိုအကြောင်းကို ဆရာ့ကို
အသိမပေးခဲ့သလို၊ သူငယ်ချင်းမဖြစ်သူ သိင်္ဂီကိုလည်း မပြောပြခဲ့ပါ။ သိင်္ဂီက သူမကို ဖုန်းနှင့်ဆက်သွယ်ဖို့
ကြိုးစားပေမယ့် မအားဘူးလို့ အကြောင်းပြပြီးသာ အဆက်အသွယ်ဖြတ်ထားခဲ့သည်။ ကြာတော့
သူ့အလုပ်နှင့်သူ မအားသည့် သိင်္ဂီကလည်း မဆက်သွယ်တော့ပါ။ ဦးရဲသူနှင့် ပတ်သက်သော
သူမရဲ့ ဘ၀သည် ကန့်လန့်ကာချသလို ပြီးဆုံးခဲ့ချေပြီ။
သူမဘ၀နှင့် သူမပြန်ဖြစ်သွားပြီဟု ဆိုလို့ရပေမယ့် ရွှေပိုးအိမ်အတွက် အရာရာသည် အခုတော့
အဓိပ္ပါယ်မဲ့လွန်းလှ၏။ တစ်ဦးတည်သော သမီးအဖြစ် ငယ်စဉ်ကတည်းက ကြီးပြင်းလာခဲ့ရသည့်အပြင်၊
မာမီက ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် ရပ်တည်နိုင်အောင် ပြုစုထိန်းကျောင်းခဲ့သည်မို့ ရွှေပိုးအိမ်ရဲ့ ဘ၀တွင်
အဖော်ဆိုတာ တမ်းတရမှန်း မသိခဲ့ပါ။ လူမှန်းသူမှန်း သိတတ်စအရွယ်ကပင် သူမဖာသာသူမ ဘ၀ကို
ရှင်သန်ကြီးပြင်းလာခဲ့ရသည်။ သို့သော် ဆရာဦးရဲသူနှင့် ဆုံတွေ့ပြီးနောက်ပိုင်းတွင် ရွှေပိုးအိမ်
အဖော်ဆိုသည့် စကားကို ကောင်းကောင်းနားလည်လာနိုင်ခဲ့သည်။
ဆရာနှင့်သူမ အဆင့်တွေကျော်ပြီး အဆုံးစွန်သော အခြေအနေသို့ မြန်မြန်ဆန်ဆန် ရောက်သွားခဲ့သည်မှာ
မှန်ပါသည်။ ၀တ္ထုဇာတ်လမ်းဆက်ရေးလို့ မရခြင်းအတွက် ထွက်ပေါက်ရှာရင်း နီးစပ်သွားတာဟုဆိုလည်း
ရွှေပိုးအိမ် မငြင်းချင်ပါ။ သို့သော် သူမနှလုံးသားက တစ်သက်မှာတစ်ခါမှ မကြုံခဲ့ဖူးသော စကေးလ်(scale)
နှင့် လှုပ်ရှားခဲ့သည်ဆိုတာကိုလည်း ထည့်ပြောရပေလိမ့်မည်။ ဆရာ့ရဲ့ အနမ်း၊ အတွေ့အထိ၊ အပြုအစု၊
ကုန်ကုန်ပြောရရင် အလိုးအဆောင့်များကို သူမ တရံမပြတ် မမေ့နိုင်ခဲ့ပါ။ စာရေးဖို့ အစီအစဉ်
လောလောဆယ်တွင် ရှိမနေပေမယ့် ဒီရက်ပိုင်းအတွင်း ဘယ်လိုမှ ရွှေပိုးအိမ် နှစ်နှစ်ခြိုက်ခြိုက်
အိပ်မပျော်ခဲ့ပါချေ။
ဒီနေ့လည်း မနေ့ညကလို အိပ်မပျော်သည့်ရက် တစ်ရက် ထပ်တိုးလာမှာ စိုးသည့်အတွင်း အောက်ထပ်
မီးဖိုချောင်က ထမင်းစားပွဲကြီးတွင် တစ်ယောက်ထဲထိုင်ရင်း ရွှေပိုးအိမ် မာမီ သိမ်းထားသည့် Voli Vodka
နှင့် နှစ်ပါးသွားနေသည်။ ရွှေပိုးအိမ် ကိုယ့်အပူနှင့်ကိုယ်မို့ မာမီနှင့်တောင် စကားမပြောဖြစ်။ အခုတလော
မာမီလည်း ဘာဖြစ်သည်မသိ။ မျက်နှာမသာမယာဖြစ်ပြီး အလုပ်တွေများနေသည်ကို သတိထားမိသည်။
ရွှေပိုးအိမ်နှင့်လည်း တစ်အိမ်ထဲသာ နေသည်။ စကားကတစ်ခွန်း နှစ်ခွန်းထပ် ပိုမပြောဖြစ်။
လက်ထဲကိုင်ထားသည့် ဖန်ခွက်လေးကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ မြှောက်ကိုင်ရင်း
ပါးစပ်နှင့်တေ့မည်ပြုစဉ်မှာပင် အပြင်ဘက်မှ တံခါးဖွင့်သံကြားသည်။ မာမီ ပြန်လာတာဖြစ်မည်။ ရွှေပိုးအိမ်
စကားပြောချင်စိတ် ကုန်ခမ်းနေသည်မို့ အသံလှမ်း၍ မပြုမိ။ သို့သော် ဒေါ်စိုးသူဇာက အပေါ်ထပ်ကို
တန်း၍ တက်သွားသည် မဟုတ်ဘဲ မီးဖိုဆောင်ထဲ ၀င်လာသည်ကို တွေ့လိုက်သည်။
"မာမီ .."
"သမီး .."
တစ်ယောက်နှင့်တစ်ယောက် ခပ်အမ်းအမ်း အမူအရာနှင့် နှုတ်ဆက်လိုက်ပြီးနောက် ဒေါ်စိုးသူဇာက
ရွှေပိုးအိမ်ရဲ့ ဘေးက ခုံတွင် ၀င်ထိုင်သည်။ သူမရဲ့ လက်ကလည်း စားပွဲပေါ်တွင် ကျန်နေသေးသည်
ဖန်ခွက်အလွတ်တစ်လုံးကို ဆွဲယူလိုက်သည်။ ရင်ထဲက တင်းကျပ်နေမှုကို ဗော့ကာနှင့် မျောချပြီးနောက်
ဒေါ်စိုးသူဇာ သမီးဖြစ်သူအား ကြည့်သည်။ သမီးဖြစ်သူကလည်း သူမအား မေးခွန်းထုတ်သလို
ပြန်ကြည့်နေသည်။
"မာမီ ဘာဖြစ်နေတာလဲ"
"သမီး တကယ် မသိတာလား .. မသိချင်ယောင် ဆောင်နေတာလား"
"တကယ်မသိတာ မာမီရ .. သမီးလဲ အခုတလော လူနဲ့စိတ်နဲ့ မကပ်ဘူး ဖြစ်နေတာ"
"ဘာဖြစ်နေတာလဲ သမီး" (ဒေါ်စိုးသူဇာ ငေးငေးငိုင်ငိုင်နှင့် ပြောနေသော သမီးဖြစ်သူအား ကြည့်ရင်း
အံ့သြစိတ်နှင့် မေးမိ၏)
"မာမီကရော ဘာဖြစ်နေတာလဲ"
ထို့နောက်တွင်တော့ …
ဒေါ်စိုးသူဇာရဲ့ စကားရှည်ကြီး ဆုံးသွားသည်နှင့် ရွှေပိုးအိမ်သည် လက်ထဲကိုင်ထားသော ဖန်ခွက်ကို
စားပွဲပေါ်သို့ ဒုတ်ခနဲမြည်အောင် ချသည်။ မာမီဖြစ်သူအား မကျေမနပ်နှင့် လှမ်းကြည့်လိုက်ပြီး
"မာမီက အဲဒါနဲ့ပဲ တပည့်ဖြစ်သူနဲ့ လမ်းခွဲလိုက်တယ်ပေါ့ .. မာမီ မလွန်လွန်းဘူးလား .. သူက
သူ့ဟင်းချက်နည်းတွေ မာမီကို ပေးခဲ့တာတောင် မာမီက သူ့အတွက် မစဉ်းစားခဲ့ဘူး ..
ကိုယ့်ကိုယုံကြည်တဲ့၊ အလေးထားတဲ့ တပည့်တစ်ယောက်အပေါ် ဒီလိုပဲ ဆက်ဆံရသလား .. လောကမှာ
ဆရာတွေ အားလုံး ဒီလိုချည်းပဲလား"
လေသံမာမာနှင့် တောက်လျှောက် နမ်းစတော့ ပြောသွားသည့် ရွှေပိုးအိမ်ကြောင့် ဒေါ်စိုးသူဇာ
သမီးဖြစ်သူကို မျက်မှောင်ကုတ်၍ ကြည့်မိသည်။
"နေပါဦး သမီး .. တခြားတစ်ယောက် ရှိသေးလို့လား"
"အော် .. မ .. ဟုတ်ပါဘူး .. ဟို ဟိုလေ" (စိတ်ထဲရှိသည့်အတိုင်း ပြောမိပြီးမှ ရွှေပိုးအိမ်သူမစကားကို
ပြန်လျှောချလိုက်ရသည်)
"ဒါဆို မာမီက ဘာဆက်လုပ်မှာလဲ"
"သူက မနက်ဖြန်ဆို အော်ဇီသွားတော့မှာတဲ့ .. အဲဒါ မာမီလည်း လိုက်သွားချင်တယ် .. ဆိုင်ကိုတော့
မာမီသူ့ငယ်ချင်း ဖြစ်တဲ့ မရွှေစင်က တာဝန်ဆက်ယူပြီး ဖွင့်ထားလိမ့်မယ် ..
အများအမြင်ကောင်းအောင်တော့ Ownership ပြောင်းသွားတယ်လို့ ကြေငြာထားတယ်"
"မာမီ ဒီလိုဆုံးဖြတ်ထားတာ သူက သိလို့လား"
"ဟင့်အင်း .. သူ့နဲ့ စကားမပြောဖြစ်သေးဘူး"
"သူက မာမီလိုက်လာတာကို လက်မခံဘူးဆိုရင်ကော"
"ဒါဆိုရင်တော့လဲ မာမီ လေ့လာစရာရှိတာတွေ လေ့လာယုံပဲပေါ့"
"အင်း … တကယ်လို့ သူက မာမီကိုလက်ခံတယ်ဆိုရင်ကော .. မာမီ သူ့ကို လက်ထပ်မှာလား"
"ကောင်မလေး .. အဲဒီကိစ္စ နင့်အတွက်တော်တော်အရေးကြီးနေလား"
မျက်စောင်းထိုးကာ ခပ်ငေါက်ငေါက်ပြောလိုက်ရင်း ဒေါ်စိုးသူဇာ လက်ထဲရောက်နေသည့် ခွက်ထဲက
အရည်တွေကို တရှိန်ထိုးမော့သောက်ပစ်လိုက်ပါတော့သည်။
**************
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ထွက်ခွာရာဌာနသည် ခရီးသည်များ၊ လိုက်ပါပို့ဆောင်သူများနှင့်
ပျားပန်းခတ်မျှ လှုပ်ရှားအသက်ဝင်နေလေသည်။
"ကဲ .. အဖေသွားပြီ"
"အေး .. ကောင်းကောင်းသွား .. ဟိုရောက်ရင် ဖုန်းဆက်ဦး"
"ဆက်မှာပါ .. အဖေလဲ ကောင်းကောင်းပြန်ဦး"
"အမယ် .. မင်းကပဲ ပြောရတယ် ရှိသေး" (ဦးရဲသူ တုံ့ပြန်ပြောရင်း ရယ်ကျဲကျဲ မျက်နှာပေးနှင့် ရှိနေသူ
ရဲဝေယံရဲ့  ပုခုံးအား လက်သီးဖြင့် ခပ်ဖွဖွထိုးသည်)
"အဖေ့ဇာတ်လမ်းကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတဲ့အချိန်ကြရင်တော့ ကျနော် ပြန်လာမှာပါ .. အဲဒါတော့
ကျနော် မမေ့ပါဘူး .. ကိုယ့်အဖေ နှစ်နှစ်ကျော်ကျော်ကြာအောင်ရေးထားတဲ့ ဇာတ်လမ်းပဲလေ .. ကဲ ..
သွားပြီ အဖေ .. တာ့တာ"
လက်ကလေးပြရင်း နှုတ်ဆက်သွားသည့် ရဲဝေယံအား ဦးရဲသူ ယောင်တောင်တောင်နှင့် လက်ပြရင်း
နှုတ်ဆက်လိုက်သည်။ ရဲဝေယံ နောက်ဆုံးပြောသွားသည့်စကားက သူ့ရင်ထဲရှိ မကျက်သေးသည်
ဒဏ်ရာကို အသစ်ပြန်လည်ဖြစ်တည်လာအောင် နှိုးဆွသလို ဖြစ်သည်။ သတိရတယ် .. လွမ်းတယ် ..
ရွှေပိုးအိမ်ရယ် .. မင်း ဘယ်မှာလဲကွယ် ..။
"ကဲ .. သမီး မာမီသွားတော့မယ်"
"ဟုတ်ကဲ့ .. မာမီ" (အသံငယ်ငယ်လေးနှင့် တုံ့ပြန်လိုက်ရင်း ဒေါ်စိုးသူဇာအား ရွှေပိုးအိမ် သိုင်းဖက်သည်။
ဒေါ်စိုးသူဇာက သူမကို ပြန်ဖက်ထားရင်း ကျောပြင်ကိုလက်ဝါးပြင်နှင့် နူးညံ့စွာသပ်ပေးလေသည်)
"သမီးတစ်ယောက်ထဲတော့ ဖြစ်မနေပါဘူးနော်"
"မဖြစ်ပါဘူး မာမီရယ် .. စိတ်ချလက်ချသွားပါ .. သမီး ကလေးလေး မဟုတ်တော့ပါဘူး"
"အဲ့ဒီ ကလေးလေး မဟုတ်လို့ ပြောနေရတာပဲ .. ဒါပဲနော် မာမီ ပြန်လာတဲ့ အချိန်ကြရင် ပီကာဆိုကို
တွေ့ချင်တယ်"
"အင်းပါ .. မာမီရယ်.. သွားတော့ လေယာဉ်ချိန် နောက်ကျနေလိမ့်မယ်"
နောက်ကိုလှည့်ကြည့်လှည့်ကြည့်နှင့် ထွက်သွားသည့် မာမီရဲ့ နောက်ကျောကို ကြည့်ရင်း ရွှေပိုးအိမ်
မျက်ဝန်းများ မှုန်ရီေ၀၀ါးလာသည်။ မျက်ရည်ကြည်များ အောက်ဘက်သို့ လိမ့်မကျလာခင်
လက်ချောင်းလေးကို ကွေး၍ သုတ်လိုက်သည်။ မသိသည့် လူကတော့ ထင်ကြလိမ့်မည်။ မာမီဖြစ်သူနှင့်
ခွဲရလို့ ကောင်မလေးတစ်ယောက် ငိုနေသည်လို့။ တကယ်တော့ ထိုအချက်က မမှန်ပါ။
ရွှေပိုးအိမ်ရဲ့ မျက်ရည်များက မာမီပြောသွားသည့် ပီကာဆို ဆိုသော ညွှန်းဆိုချက်ကြောင့် ဖြစ်သည်။
ငွေ့ရည်ဖွဲ့သလိုေ၀၀ါးနေသည့် မျက်ဝန်းထဲတွင် ဆရာဦးရဲသူရဲ့ ပုံရိပ်ကို အလိုလို မြင်ယောင်လာသည်။
"ရွှေပိုးအိမ် !!!"
"ဟင် .. ဆရာ !!"
သူမနာမည်ကို ခပ်ကျယ်ကျယ် အော်ခေါ်ခံရမှုကြောင့် ရွှေပိုးအိမ် မျက်လုံးနှစ်ဖက်ကို လက်ဖြင့်
အတင်းပွတ်ကြည့်သည်။ အယ် .. ဒါ တကယ် .. သူမ မြင်ယောင်မြင်မှား ဖြစ်နေတာ မဟုတ်။ ဆရာက
သူမနှင့် မလှမ်းမကမ်းတွင်ရပ်ပြီး သူမကို စိုက်ကြည့်နေတာပဲ။ ရွှေပိုးအိမ် နှုတ်မှ ဆရာလို့ အော်ခေါ်ရင်း
ခြေလှမ်းတွေက အလိုလိုရွေ့သွားသည်။
သူမနှင့် တစ်ချိန်ထဲတစ်ပြိုင်ထဲမှာပင် ဦးရဲသူက သူမဆီသို့ ပြေးလာသည်။ နှစ်ယောက်သား
လမ်းခုလတ်တွင် ဆုံကြသည်။ ရွှေပိုးအိမ်ရဲ့ ကိုယ်ကလေးက ဦးရဲသူ ရင်ခွင်ထဲပြေးဝင်သွားသလို၊
ဦးရဲသူကလည်း သူမအား လွတ်ထွက်သွားမှာစိုးသည့်အလား တင်းကျပ်စွာ ဖက်တွယ်ထားလေသည်။
ထို့နောက်တွင်တော့ ...
လေဆိပ်ပေါက်ဝသို့ လက်ချင်းတွဲကာ ထွက်လာကြသည့် ရွှေပိုးအိမ်တို့ နှစ်ယောက်သား
ကားရပ်နားရာဌာနသို့ သွားမည်ပြင်တော့ ဦးရဲသူ သူမလက်ကို ဆွဲထားရင်း တားသည်။
"ဘာဖြစ်လို့လဲ ဆရာ"
"ဆရာ့ကားနဲ့ပဲ သွားကြရအောင်လေ"
ရွှေပိုးအိမ်က ဘာဖြစ်လို့ ဒီလိုပြောရတာလဲဆိုပြီး မျက်မှောင်လေးကျုံ့ ၍ မေးခွန်းထုတ်လိုက်စဉ်
စပ်ဖြီးဖြီးရုပ်နှင့် ဦးရဲသူ ပြောလိုက်သည့်စကားကြောင့် မျက်စောင်းထိုးယုံမက လက်ကပါ
ခါးကိုဆွဲလိမ်ပြီးသား ဖြစ်သွားလေသည်။
"လေဆိပ်နဲ့ အနီးဆုံး တည်းခိုခန်းမှာ စာအကြောင်းပေအကြောင်း ဆွေနွေးရအောင်လို့လေ .. ဟီး"
******************
နောက်တစ်နှစ်ခန့် ကြာပြီးသောအခါ …
"အခုလို ကျနော်ရဲ့ နောက်ဆုံးထွက်ထားတဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းဖို့ ကြိုးစားတဲ့ပွဲမှာ
လာရောက် အားပေးကြတဲ့ ပရိတ်သတ်နှင့်တကွ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ အပေါင်းကို ဒီနေရာကပဲ
ကျေးဇူးတင်ပါတယ်လို့ အနူးအညွှတ် ပြောပါရစေ .. တလက်စထဲ အခုရိုက်မယ့် ရုပ်ရှင်မှာ
သရုပ်ဆောင်မယ့် မင်းသား၊ မင်းသမီးများ အပြင် အရေးပါတဲ့လူတစ်ယောက်ကို စင်ပေါ်သို့
ဖိတ်ခေါ်ချင်ပါတယ် .. အားလုံးပဲ လက်ခုပ်သြဘာလေး ပေးပေးကြပါ ... သူကတော့ .."
စတိတ်စင်မြင့်ပေါ်ကနေ ၀မ်းမြောက်ဝမ်းသာဟန်နှင့် အားရပါးရ ပြောနေသည့် ဦးရဲသူရဲ့ စကား
ခေတ္တခဏရပ်သွားသည်နှင့် အမျိုးသားဇာတ်ရုံအတွင်းရှိ ထိုင်ခုံတန်းများဆီသို့ မီးဆလိုက်နှစ်ခုက ဟိုမှဒီသို့
ထိုးကာပြသည်။ စက္ကန့်ပိုင်းမျှ လူရှာသလို ရှာနေသည့် ဆလိုက်တန်းနှစ်ခုသည် ဟိုဒီပြေးနေရင်းမှ
ရှေ့ဆုံးတန်းအလယ်တွင် ထိုင်နေသည့် ကြက်သွေးရောင် ပွဲတက်ဝတ်စုံရှည်နှင့်
မိန်းကလေးတစ်ယောက်ဆီမှာ ရပ်တန့်သွားသည်။ ထိုအချိန်မှာပင် ဦးရဲသူထံမှ စကားသံကို ထပ်မံ၍
ကြားရသည်။
"သူကတော့ တခြားသူ မဟုတ်ပါဘူး .. ဇာတ်လမ်းတစ်ခုလုံးကို ဇာတ်ညွှန်းပြန်ဆွဲပေးထားတဲ့ တက်သစ်စ
စာရေးဆရာမ ရွှေပိုးအိမ် ဖြစ်ပါတယ်"
ရွှေပိုးအိမ်သည် ထိုင်နေရာမှ ထရပ်လိုက်မည်အပြုတွင် ဝေါခနဲ ထွက်လာသည့် လက်ခုပ်သြဘာသံများနှင့်
ချီးကျူးအားပေးသံများကြောင့် ကြက်သီးမွေးညင်းများတောင် ထသည်။ ကျေနပ်ပီတိ ဖြစ်မှုက ရင်ထဲကို
အပြည့်အ၀ လွှမ်းမိုးထားရာ သူမ လက်နှစ်ဖက်ဖြင့် ပါးစပ်ကို အုပ်၍တောင် ထားရသည်။ စတိတ်စင်ပေါ်
ရောက်ရန် လျှောက်လာသည်တွင်လည်း လဲပြိုခြင်း မပြုရအောင် မနည်းပင် ထိန်းထားရသည်။
တော်သေးသည်။ ဆရာက သူမအား စတိတ်စင်အစွန်းထိ ထွက်ကြိုကာ လက်ဖြန့်ပြီး ခေါ်လို့....။
ဆရာဦးရဲသူရဲ့ လက်ကို သူမ ရဲရဲကြီး ဆုပ်တွယ်လိုက်သောအခါ ပရိသတ်ရဲ့ သြဘာသံများက
ခုနကထက်ပင် ပို၍တိုးလာသည်။ ရွှေပိုးအိမ် ဆရာ့အား အချစ်ရည်လွှမ်းသည့် အကြည့်နှင့်ကြည့်မိသလို၊
ဆရာဦးရဲသူကလည်း သူမအား ကြင်နာနားလည်သောအကြည့်နှင့် ပြန်၍ စိုက်ကြည့်နေသည်သာ ...။
***************
နှစ်ယောက်သား လက်ချင်းတွဲ၍ တစ်ယောက်မျက်နှာကို တစ်ယောက် ကြည်ကြည်နူးနူး ကြည့်ရင်း
ခန်းမအပြင်ဘက်သို့ လျှောက်လာစဉ် ဦးရဲသူရဲ့ ဖုန်းမှ ခေါ်သံကို ကြားရသည်။ ဦးရဲသူ ဖုန်းဖြေဖို့
ပြင်လိုက်စဉ် ရွှေပိုးအိမ်ရဲ့ ဟန်းဖုန်းမှလည်း အသံမြည်လာသည်။
ဦးရဲသူ ..... (သား .. မင်းရောက်လာပြီလား .. မင်းလေယာဉ်က နောက်ကျနေတာလား)
ရဲဝေယံ ..... (လေယာဉ်က နောက်ကျတာမဟုတ်ဘူး .. ကာစတမ်က ရစ်နေလို့ .. အဖေ့အတွက်
ယူလာတဲ့ အရက်ပုလင်းကို မြင်သွားပြီး တောင်းနေတာလေ ... ဒါနဲ့ ပွဲကပြီးသွားပြီလား)
ရွှေပိုးအိမ် ..... (မာမီ .. အခု ဘယ်ရောက်နေပြီလဲ .. သမီးတို့ပွဲက ပြီးတောင်ပြီးသွားပြီ)
ဒေါ်စိုးသူဇာ ..... (လာနေပြီ သမီးရေ ... သူ့အဖေဖို့ ၀ယ်လာတဲ့ အရက်ပုလင်းကို ကာစတမ်က
ရစ်နေလို့လေ)
ဦးရဲသူ .... (ပြီးသွားပြီ .. ထားလိုက်ပါတော့ ... တို့တစ်တွေ တိုင်ပင်ထားတဲ့အတိုင်း Resort ကိုပဲ
တန်းသွားကြတာပေါ့)
ရဲဝေယံ .... (ကောင်းတာပဲ အဖေ ... အဖေ့ကိုလဲ သားဆရာမနဲ့ သေချာမိတ်ဆက်ပေးလို့ရတာပေါ့ ....
သား ဘာဖြစ်လို့ ဆရာမကို တန်းတန်းစွဲ ဖြစ်နေတယ်ဆိုတာ အဖေ သိသွားမယ် .. အခုပဲ ၀င်းထဲကို
တက်စီဝင်လာပြီ .. ခနလေးစောင့် အဖေ)
ရွှေပိုးအိမ် .... (အခု ဘယ်ရောက်နေပြီလဲ ... အမေ့ကောင်လေးရော အတူတူလာတာ မှတ်လား)
ဒေါ်စိုးသူဇာ ..... (ကောင်လေး မဟုတ်ဘူး .. သမီးထက်ကြီးတယ်နော် ... ဒါပဲ .. တွေ့ရင်
နောက်နောက်ပြောင်ပြောင် လုပ်မနေနဲ့ ... မာမီတို့က Resort မှာ အတူနေကြဦးမှာ ဆိုတာ မမေ့နဲ့ ..
ခနနေ ရောက်တော့မှာ)
ဦးရဲသူ .... (အေးပါ .. စောင့်ပါတယ် .. မင်း ဆရာမ ဘယ်လောက်လှတယ်ဆိုတာလဲ ကြည့်ပါ့မယ် ..
ငါ့တပည့်မ ဘယ်လောက်ချောတယ်ဆိုတာလဲ မင်းကို ပြပါဦးမယ်)
ရွှေပိုးအိမ် .... (မနောက်ရဲပါဘူး မာမီရယ်... ကိုယ့်မာမီ ဇီဇာကြောင်ကြီးရဲ့ အသည်းကို
ပျော့ကျသွားအောင် လုပ်နိုင်တဲ့သူကို သမီးကလဲ မြင်ချင်နေတာပါ ... နောက်ပြီး မာမီကိုလဲ
သမီးရဲ့ ပီကာဆိုနဲ့ မိတ်ဆက်ပေးရဦးမှာ)
ရွှေပိုးအိမ်က တခစ်ခစ်နဲ့ ရယ်ရင်း ဖုန်းချလိုက်သလို၊ ဦးရဲသူကလည်း တဟင်းဟင်းနှင့် ရယ်ရင်း
ဖုန်းချလိုက်သည်။ ထို့နောက်တွင် သူတို့နှစ်ယောက်က လက်ချင်းပြန်ချိတ်ရင်း
ကဇာတ်ရုံရဲ့ ဝင်ပေါက်ကျယ်ကြီးဆီသို့ နှစ်ယောက်သား တွဲလျှောက်လာခဲ့သည်။ ၀င်ပေါက်နားရောက်လို့
အပြင်ကို ခြေလှမ်းလှမ်းမည်အပြု လှေကားထစ်များမှ တက်လာကြသည့် စုံတွဲကို အမြင်တွင်
သူတို့နှစ်ယောက်ရဲ့ ခြေလှမ်းတွေ အလိုလို ရပ်သွားသည်။
တစ်ယောက်နှင့်တစ်ယောက် လက်ချင်းတွဲထားရင်း တစ်ဦးနှင့်တစ်ဦး တွန်းထိုးကာ ကျီစယ်လာကြပုံ
ရသော ထိုအတွဲသည်လည်း သူတို့အား လှမ်းအမြင်တွင်ခြေလှမ်းတွေရပ်တန့်သည်။
လှေကားထစ်များထိပ်မှ စုံတွဲတစ်တွဲနှင့် လှေကားထစ်အောက်မှ စုံတွဲတစ်တွဲသည် အံ့အားသင့်သည့်
မျက်နှာတွေနှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လက်ညိုးထိုးရင်း မျက်လုံးအပြူးသား ဖြစ်နေကြသည်ကို
လမ်းသွားလမ်းလာများက အထူးတလည် ကြည်ရှုသွားကြသည်။ ကိုယ်စီကိုယ်စီလည်း
သို့လောသို့လောနှင့် တီးတိုးစကားဆိုသွားကြသည်။
သို့သော် အဆိုပါ လူလေးယောက်သည်ကား ပတ်ဝန်းကျင်ကို သတိမပြုမိဟန်နှင့်
တစ်ယောက်နှင့်တစ်ယောက် လက်ညိုးထိုးလျှက်သာ ရှိနေကြလေတော့သည်။
****************
ရန်ကုန်မြို့ မှ အတန်ငယ်သွားရသော နေရာတွင် ဖွင့်လှစ်ထားသည့် Resort တစ်ခုရဲ့ ဘန်ဂလို
တစ်ခုအတွင်း ...
ကပ်လျက်ဖြစ်နေသည့် အိပ်ခန်းနှစ်ခုရဲ့  ကုတင်အသီးသီးပေါ်မှ နေ၍ အတွဲနှစ်တွဲသည် ဟိုဘက်ဒီဘက်
စကားများနေကြသည်။
"အဖေ ... ဘယ်လိုဖြစ်လို့ .. အဖေတို့ဘက်က တဒုန်းဒုန်းနဲ့ မြည်နေရတာလဲ"
"ဒုန်း ... အင့် ... အင့် ... ဒုန်း ... ဆရာ ... ဆရာ့ .. အာ့ .. ကောင်းတယ်"
"ဟ .. မင်းတို့ ဘက်ကလဲ ဘာဖြစ်လို့ တကျွီကျွီနဲ့ ဒီလောက်တောင် အသံထွက်နေရတာလဲ"
"မောင် .... အာ့ ... ထိတယ် .... အာ့ ... အင်း ... လုပ် ... လုပ်"
"ကုတင်ဘောင်က နံရံနဲ့ ကပ်နေတာလေ .. ငါ က ဘယ်လိုလုပ်ရမှာလဲဟ"
"သားလဲ သူတို့ ပေးတဲ့ မို့ရာပေါ်မှာပဲ လုပ်နေတာလေ ... အဖေ့ ကုတင်ကြီး အဆင်မပြေရင်
အောက်ဆင်းလုပ်ပေါ့"
"ဟင် .. မင်း ... မင်း ... ကဲ .. ကွာ"
"ဒုန်း ... အာ့ .. ဆရာ ... အဲဒါ ပိုကောင်းတယ် ... ဆောင့် ... မြန်မြန် ... ကောင်းတယ် ... ဒုန်း ... ဒုန်း"
"သမီး ... နင် ဘယ်လို ဖြစ်နေတာလဲ ... အင့်... အာ့ ... ဒီဘက်မှာ မာမီ ရှိတာလဲ .. အင့် ... သိ .. ဦး"
"အာ့ ... မာမီကလဲ ... ဒီမှာ သမီးကောင်း .. အာ့ .. နေတာကို .. ဆရာ့ဟာကြီးက အကြီးကြီးပဲ .. တအား
ထိတယ် ... မာမီ ဘာသိလို့လဲ ... အာ့"
"အို့ ... မောင် .. ဆောင့် ... ဆောင့်တော့ကွာ ... အားမနာနဲ့ ... မင်းဟာကြီးနဲ့ ထိုးမွှေပေးတော့ .... အာ့
ကောင်းတယ် ... အဲ့လို ဆက်တိုက်သာဆောင့် ... တစ်စက္ကန့်မှာ နှစ်ချက်ရအောင် ဆောင့် ... အာ့ ...
ဟုတ်ပြီ"
"ဆရာ ... သမီး ပြီးတော့မယ် ... အာ့ ... အာ့ ... မြန်မြန်လေး ... တစ်စက္ကန့်မှာ သုံးချက်ရအောင်
ဆောင့်ပေး .. အာ့"
"မောင် ... တစ်စက္ကန့်မှာ ...."
"ဆရာ ... တစ်စက္ကန့်မှာ ..."
ကောင်တာသို့ လှမ်းမှာထားသော အစားအသောက်များအား ဘန်ဂလိုရှိရာသို့ အရောက်လိုက်ပို့ပေးသည့်
ဟိုတယ်ဝန်ထမ်းကောင်ကလေးသည် ဟင်းပန်းကန်များထည့်ထားသည့် လင်ဗန်းကို ကိုင်ထားရင်း ဒူးတွေ
တုန်လာရှာသည်။ ဘန်ဂလိုရှေ့က တံခါးဝတွင် ရပ်နေရင်း သူ့ခမျာ ဘဲလ်ကို နှိပ်ရမလား၊ ဒီအတိုင်းပဲ
ဟင်းပန်းကန်တွေ အပေါက်ဝတွင် ချထားရင်း ပြန်သွားရမလား ဆုံးဖြတ်လို့မရ။ တစတစ အထဲမှ
ကြားရသည့် အသံတွေက အရှိန်အဟုန် မြင့်လာသည်တွင် ဒူးတွင်မကဘဲ လက်တွေပါ တုန်လာသည်။
နောက်ဆုံး ဆွဲဆွဲငင်ငင်အော်လိုက်သည့် မိန်းမသံနှစ်ခုတွင် လင်ဗန်းထဲထည့်ထားသည့်
ဟင်းချိုပန်းကန်သည် ဘောင်ဘင်ခတ်ကာ အပြင်ဘက်သို့ ဟင်းရည်တွေ စင်ကျသည်။
"အားးးးးးးးးးး !!!"
ဘောင်းဘီဂွကြားကို ပေစင်သွားသည့် ဟင်းချိုရည်ပူကြောင့် ၀န်ထမ်းကောင်လေး မချိမဆန့်နှင့်
အသံကုန်ခြစ်အော်မိသည်။
တစ်ယောက်နှင့်တစ်ယောက် ပြိုင်ပွဲဆင်နွှဲနေသလို ရေကုန်းရေခမ်း ကြိုးစားနေသည့်
ယောက်ျားသားနှစ်ယောက်သည် ဘန်ဂလို အပြင်ဘက်မှ အခြားသော ယောက်ျားတစ်ယောက်ရဲ့ အားခနဲ
အော်သံကြီးကြောင့် လှုပ်ရှားနေမှုတွေ ရပ်ကာ ကြက်သေသေကုန်ကြသည်။
ဘယ်လိုဖြစ်လို့ ဘာတွေဖြစ်ကုန်တာလဲဆိုတာ ဘယ်သူမှ နားမလည်ကြတော့ပါချေ ....။

ပြီးပါပြီ ။ ။
ချစ်ခြင်းများစွာဖြင့်
#မန္တလာမောင်မောင်တုတ်