Series 14(f)

" ကျွန် " အပိုင်း ( ၆ ) ဇာတ်သိမ်းပိုင်း

ဇာတ်လမ်း - ဘီးကြဲကြီး

အခန်း ( ၁၄ )
စိတ်၏ထူးဆန်းမှုက တစ်ခါတရံနားမလည်လိုက်မမီနိုင်အောင်ပင်။ မနာလိုဝန်တိုမှုလေလား ချစ်ခြင်းတရား
၏ ပြင်းထန်လောင်မြိုက်မှုပေလား......။
သေချာသည်ကတော့ ဝန်တိုမှုကြောင့် ဖြစ်ပေါ်အားကောင်းလာရသော အမုန်းမီးတောက်များပင်ဖြစ်၏။
ထိုမီးတောက်များက သူမကိုတမြေ့မြေ့လောင်ကျွမ်းနေပါသည်။ သူမမြတ်နိုးချစ်ခင်ရပါသော မမကို အမည်းကောင်
တစ်ယောက်၏ရင်ခွင်ထဲတွင်တွေ့ မြင်နေရခြင်းကိုက သူမ၏လောင်ကျွမ်းမှုကိုဖြစ်ပေါ်စေခဲ့ရသည်ထင်ပါရဲ့ .....။
ရေချယ့်ရင်ထဲတွင် ယောက်ျားများကို မုန်းတည်းသည် ဆိုခြင်းထက် အဆများစွာပိုကာ တန်ဘိုးရားကို
မုန်းနေမိသည်။ မတန်မရာအလုပ်ကို လုပ်နေသူတစ်ယောက်အဖြစ် ထင်မြင်မိသည်။ သူမကိုယ်တိုင်က အမည်း
သွေး စပ်သော်လည်း အမည်းစစ်စစ်မဟုတ်သောကြောင့်လူမည်းများကိုအဆင့်နိမ့်သတ္တဝါတစ်မျိုးလို့သာမှတ်ယူ
ထားမိသည်။ ထိုအမုန်းမီးတောက်သည်သူမထံသို့ မည်သည့်အချိန်က စတင်ရောက်ရှိလာသည်ကို သေချာမသိ
သော်လည်း သူမကိုယ်သူမသတိထားမိချိန်တွင်လွန်စွာမှအားကောင်းစွာ လောင်မြိုက်လျှက်ရှိနေလေပြီ။
ဒွန်ဆေးဆားခမျာတော့ တန်ဘိုးရားနှင့် အဲလစ်(စ်)တို့နှစ်ယောက်၏ ပတ်သက်မှုကိုမသိရကား ပျော်ရွှင်
လျှက်ရှိနေကာ လက်ထပ်ဖို့ပင်တောင်းဆိုလာသည်။ အဲလစ်(စ်)က အမှန်တကယ်လက်ထပ်ရမည့် သတို့သားမို့
ဆေးဆား၏ တောင်းဆိုမှုကို ဝမ်းမြောက်စွာလက်ခံလိုက်သည်။ သို့သော်လဲ သူမရရှိနေသည့် အခွင့်အရေးကိုလျှင်
မြန်စွာအဆုံးမသတ်လိုသေးသောကြောင့် လက်ထပ်ရန်ရက်သတ်မှတ်ခြင်းကို ယုတ္တိတန်သော အကြောင်းပြချက်
တစ်ခုပေး၍ အချိန်ဆွဲနိုင်သလောက်ဆွဲထားလိုပါသေးသည်။
အကြောင်းက အခုလိုတန်ဘိုးရားနှင့်လွတ်လပ်စွာတွေ့ဆုံနေနိုင်ခြင်းသည်လက်ထပ်လိုက်ပါက ထပ်မံကြုံ
ဆုံရန်မလွယ်ကူတော့ကြောင်း သိနေသောကြောင့်ဖြစ်လေသည်။ ထုံးစံအတိုင်း နောက်ဆုံးတွင်တော့အဲလစ်(စ်)၏
ယုတ္တိတန်စွာအကြောင်းပြအချိန်ဆွဲမှုကိုဒွန်ဆေးဆားကကြည်ဖြူစွာလက်ခံလိုက်ရလေသည်။ညပေါင်းများစွာကုန်
လွန်လာသောအချိန်တစ်ခုတွင်ဒွန်ဆေးဆားက အိုမိုနှင့်အမ်ဒေါင်းတို့နှစ်ယောက်ကိုရထားမောင်းသူများအဖြစ်ခန့်
အပ်လိုက်ပါသည်။
ထို့နောက်ပိုင်းတွင်တော့ဒွန်ဆေးဆား ရောက်လာတိုင်း အိုမိုနှင့်အမ်ဒေါင်းတို့ပါ..ပါလာတတ်သောကြောင့်
တန်ဘိုးရားမှာ သူငယ်ချင်းများနှင့် ပြန်လည်တွေ့ ဆုံရပေသည်။ ထိုအခါမျိုးတွင်တန်ဘိုးရားက သူတို့နှစ်ယောက်
နှင့်အတူ မြင်းဇောင်းအပေါ်ထပ်တွင် တူတူအိပ်သည်။ သူငယ်ချင်းများနှင့် ပြောကြဆိုကြ၊ နောက်ကြပြောင်ကြ
နေရသည်ကိုတန်ဘိုးရား တစ်ယောက်ပျော်ရွှင်နေမိရသည်။ အဲလစ်(စ်)နှင့်ညစဉ်ရက်ဆက်အိပ်ခဲ့ရသည်က သူမ
ကို ငြီးငွေ သလို ဖြစ်နေရပြီမဟုတ်ပါလား။
ဒွန်ဆေးဆား ပြန်သွားသောအခါတွင်တော့ အဲလစ်(စ်)၏ ရင်ခွင်သို့ ပြန်လည်ခိုလူံရပြန်၏။ ရက်မှသည်
ရက်သတ္တပတ်ထိုမှသည်လသို့တိုင်ပြောင်းလဲခဲ့ပြီဖြစ်သော်လည်းအဲလစ်(စ်)၏လိုအပ်ချက်ကတင်းတိမ်သွားသည်
မရှိချေ။ နှစ်ဦးသားဆုံတွေ့တိုင်း ပုံသဏ္ဍန်မျိုးစုံ၊ နည်းလမ်းမျိုးစုံနှင့် စပ်ယှက်ကြသည်။ ဘာမှမသိရှာသော ဒွန်ဆေး
ဆားမှာကား သူရောက်လာတိုင်း စိတ်မချမ်းသာစရာ ဘာတစ်ခုမှမတွေ့ ရသောကြောင့်ကျေနပ်နေမိသည်။
တန်ဘိုးရား၏ ရင်ခွင်မှထွက်လာသော အဲလစ်(စ်)ကလဲ ဒွန်ဆေးဆား၏ လိုအပ်မှုများကို မငြည်းမငြူဖြည်း
ဆည်းပေးလေ၏။ ထိုအချိန်မျိုးတွင်တန်ဘိုးရားက အမ်ဒေါင်းနှင့်အိုမိုတို့အား အဖြူမနှင့် ဘယ်သို့ဘယ်ပုံ လိုးကြ
ဆော်ကြသည်ဆိုတာကိုပြောပြနေတတ်သည်။ အမ်ဒေါင်းတို့ကလဲ မနာလိုကင်းစွာနှင့်သူတို့သူငယ်ချင်း၏ အတွေ့
အကြုံဆန်းများကိုအားကျစွာ နားထောင်တတ်သည်။
ရေချယ်ကတော့ သူမကိုယ်သူမပင်မသိလိုက်ရပဲ ရင်ထဲမှ အမုန်းကို ကြီးထွားသည်ထက်ကြီးထွားအောင်
မွေးမြူထားလေသည်။ ရေချယ်နားလည်သည်က သူမ၏သခင်မသည် ဒွန်ဆေးဆားလို ဂုဏ်သရေရှိလူကြီးတစ်
ယောက်နှင့် အမြန်ဆုံးလက်ထပ်ပြီး ရှေ့ရေးကောင်းမွန်စေရန်သာဖြစ်၏။ သို့သော်လည်း တန်ဘိုးရားနှင့် ပြဿနာ
သည်အခက်အခဲတစ်ခုပင်။ သူမ၏ လှပသောသခင်မက အမည်းကောင်တစ်ယောက်အပေါ် ရက်ရောစွာ ကုန်း
နေခြင်းသည်ရေချယ့်အတွက်မခံမရပ်နိုင်အောင်ဖြစ်နေရ၏။
သူမသာအဖြူမဖြစ်ခဲ့လျှင် အမည်းကောင်များကို စိတ်ကူးထဲတောင် ထည့်မိမည်မဟုတ်ပေ။ လွန်ခဲ့သည့်
နှစ်အနည်းငယ်ကမှအာဖရိကတောတွင်းမှထွက်လာသည့်အမည်းကောင်တစ်ယောက်အားသူမ၏လှပဖြူဖွေးသော
ကိုယ်လုံးကိုရက်ရောစွာထိုးကျွေးလိုက်သော အဲလစ်(စ်)ကိုလဲ နားမလည်နိုင်အောင်ဖြစ်နေမိသည်။
ထိုတန်ဘိုးရား ဆိုသည့်ကောင်သည် လူတစ်ယောက်ဖြစ်သလို ကျွန်တစ်ယောက်လဲဖြစ်၏။ ရေချယ့်၏
မျက်လုံးထဲတွင်တော့ နီဂရိုးတစ်ယောက်သို့မဟုတ်သတ္တဝါတစ်ကောင်ဟုသာမြင်သည်။ ထို့ကြောင့် သူမရော
သူမ၏ သခင်မပါ ထိုသတ္တဝါနှင့် ကင်းကွာစေလိုပါသည်။ ထိုသတ္တဝါရောက်လာကထဲက သူမနှင့်အဲလစ်(စ်)တို့၏
နွေးထွေးမှုသည်လည်း အေးစက်လာသလိုဖြစ်လာ၏။ အရင်ကလို သခင်မ၏ စောက်ဖုတ်ဖောင်းဖောင်းလေးနှင့်လဲ
ထိတွေ့ ခွင့်မရတော့.......
သခင်မ၏ ကျွမ်းကျင်မှုကြောင့် သူမခံစားခဲ့ရသော ကောင်းမွန်သည့် ကာမအရသာကိုလဲ မခံစားရတော့။
ဖြစ်နိုင်လျှင် သခင်မ၏လိုအပ်မှုကို သူမ၏လျှာဖျားလေးနှင့် ဖြေဖျောက်ပေးခွင့်အား ပြန်လည်ရရှိချင်ပါသည်။
ခရမ်းသီး၊ သခွားသီးများထက်ကောင်းမွန်သောအရာက သူမတွင်တပါတည်းပါလာဖို့ကောင်းသည်ဟုပေါက်ပေါက်
ရှာရှာတွေးမိ၏။ ရေချယ်၏ စိတ်တွေက လွင့်ပါးနေကြသည်။ ခံစားနေရသည့်ဝေဒနာကိုမိမိကိုယ်ကိုသာသိ၏။
တန်ဘိုးရားဆိုသည့် သတ္တဝါကို ဘယ်လိုရှင်းထုတ်ရမလဲ ဆိုတာကိုဘဲ အချိန်ပြည့် စဉ်းစားနေမိသည်။
တန်ဘိုးရား အလွန်ကြောက်သော ကြက်မွှေးအစုသည်လည်းကောင်း သူမ၏ ဗူးဒူးဘုရားများကိုရှိခိုးဆုတောင်းခြင်း
သည်လည်းကောင်း တန်ဘိုးရားကိုချေမှုန်းရန်ုဖြစ်သော်လဲ မည်သို့မှထူးခြားမလာသည်ကိုတွေ့မြင်နေရ၏။ တစ်ဖန်
သူမတွင်ရှိသော အဲလစ်(စ်) ပေးကမ်းထားသော ငွေသားစအချို့ ကိုအသုံးပြု၍ စုန်းကဝေဆရာများထံသို့ သွား
ရောက်ကာ တန်ဘိုးရား သေဆုံးရန်လုပ်ပေးဖို့တောင်းဆိုခဲ့ဖူးပါသည်။
ထိုဆရာက တန်ဘိုးရားကိုယ်ပေါ်မှ တစ်စုံတစ်ခု ယူလာခဲ့ရန်ပြောသောကြောင့် ရေချယ်အခက်တွေ့ ရပြန်
သည်။ တစ်နေ့တွင်တန်ဘိုးရားက သူ့လက်သည်းများကိုလှီးဖြတ်ကာ ပစ်ထားခဲ့သဖြင့်ရေချယ်က ကောက်ယူထား
လိုက်သည်။ ဆံပင်တစ်ပင်ရအောင်လဲ သူ၏အဝတ်အစားများကိုလျှော်ဖွတ်ပေးရာတွင်ရှာရသည်မှာအမော..။
စုန်းကဝေဆရာက နတ်ဘုရားများကို ဆုတောင်းမှုများ သင်ပေးလိုက်ပြီး သူမယူဆောင်သွားသော
တန်ဘိုးရားနှင့် သက်ဆိုင်သည့် ပစ္စည်းများကို မီးရှို့ပြာချလိုက်ပြီး ပြာများကိုပြန်ပေးလိုက်၏။ မည်သို့ပင်လုပ်လုပ်
တန်ဘိုးရားက ရွှင်လန်းကျန်းမာစွာ အဲလစ်(စ်)နှင့် လိုးလို့ကောင်းနေဆဲ ဖြစ်နေသောကြောင့် ရေချယ်မှာ
လက်မြှောက်ရမလိုဖြစ်နေသည်။
ညစဉ်တန်ဘိုးရားသေဆုံးရန်ဆုတောင်းသမှုပြုလေတိုင်းအဲလစ်(စ်)နှင့်တန်ဘိုးရားတို့၏ကြမ်းတမ်းလှသော
လိုးသံ၊ ဆော်သံ များကိုသာ နားထဲကြားယောင်နေမိသဖြင့် သူမ၏အကြောအချဉ်တို့သည်ပင် ကာမအရသာကို
တောင့်တနေမိသလိုဖြစ်လာသောကြောင့် နံရံကို လက်ဖဝါးများနှင့်ထုရိုက်ကာ အသားကိုနာကြင်စေပြီး သူမတွင်
ဖြစ်ပေါ်လာသော ကာမဆန္ဒကိုအာရုံလွှဲ ဖျောက်ဖျက်ပြစ်လိုက်ရသည်။
တစ်ဖန်တန်ဘိုးရားကိုရှင်းရန်အခြားနည်းလမ်းများရှိသေးသလားဟုရေချယ်တွေးရပြန်သည်။ အဖြူတွေ၏
ဘာသာရေးကိုလဲ ဂရုစိုက်ရသေးသည်။ စုန်းကဝေတွေရော ဗူးဒူးနတ်ဘုရားတွေရောနှင့် အဆင်မပြေဘူးဆိုတော့
အဖြူတွေ၏ ဘုရားဆိုတာနှင့် လုပ်လို့ရမလားဆိုတာကို စမ်းသပ်ကြည့်ချင်သေးသည်။ မည်သို့ပင်လုပ်စေ
တန်ဘိုးရား ကတော့သီချင်းဆိုမပျက်အရက်သောက်မပျက်သူ့သခင်မကိုအလိုးမပျက်နှင့်သာရှိနေသည်။
ထိုအခါသူမကသူ့အားကိုယ်တိုင်သတ်ပြစ်လိုက်ရင်ကောင်းလေမည်လားဟုတွေးကြည့်သည်။တန်ဘိုးရား
ထမင်းစားနေချိန်အနောက်ကနေ လည်ပင်းကို ဓါးနှင့်လှီးဖြတ်ပြစ်လိုက်ရလျှင်သို့သော်ထိုသို့ သာလုပ်လိုက်ပါက
သူမချစ်ရသော မမနှင့် တစ်သက်တာခွဲခွာရဖို့ ဖြစ်သွားနိုင်သည်။ သူမသည်လည်းကြာပွတ်ဒဏ်အချက်ပေါင်းများ
စွာအောက်တွင်သေရမည်မှာ မုချပင်ဖြစ်၏။
နောက်တစ်ချက်က အဲလစ်(စ်)၊ သူမနှင့်တန်ဘိုးရားတို့ကမ်းခြေရှိရာသို့အတူတူသွားခဲ့ကြသည်ကိုသတိရ
လိုက်မိသည်။ ထိုစဉ်က တန်ဘိုးရားမှာ ရေကောင်းကောင်းမကူးတတ်သောကြောင့် ရေနစ်သေမလိုဖြစ်ခဲ့ဖူးတာကို
တွေ့ ခဲ့ဖူးလိုက်သည်။ ထို့ကြောင့်သူမက အဲလစ်(စ်)ကိုထိုကဲ့သို့ပျော်ပွဲစားမျိုး ထွက်ရန်တိုက်တွန်းပြန်၏။ သို့သော်
မည်သို့မှဖြစ်မလာဘဲ သူမ၏ မျက်စိရှေ့မှာတင်ထိုသတ္တဝါကို အဲလစ်(စ်)က သဲပြင်ပေါ်သို့ ဆွဲလှဲလိုက်ကာ ပလူး
နေကြသည်ကိုသာ တွေ့နေရပြန်သည်။
အားလုံးသော အကြံအစည်များသည်အောင်မြင်ခြင်း မရှိခဲ့ချေ။ တန်ဘိုးရားတစ်ယောက်စည်းစိမ်ခံလျှက်
သာ ရှိနေပြီး ရေချယ်မှာတော့နံရံကိုထုရိုက်ရ လွန်းသောကြောင့်လက်တွင်အသားမာများတောင်တက်နေသည်။
သည်လိုနှင့်တစ်နေ့တွင်အာဖရိကတိုက်မှဘုရားတွေကြောင့်လား၊လူဖြူတွေကိုးကွယ်သောဘုရားကြောင့်လားမသိ၊
သူမတွင်အလွန်ကောင်းသော စိတ်ကူးတစ်ခုက ရုတ်တရက်ဝင်လာလေသည်။
ထိုစိတ်ကူသည် သူမ၏ သခင်မအတွက် အလွန်ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်လာနိုင်ကြောင်းကို
သူမသိ၏၊ အဲလစ်(စ်)နှင့် ဒွန်ဆေးဆားတို့ ရာသက်ပန်ကွဲသွားနိုင်သလို တန်ဘိုးရားနှင့်လဲ ထို့အတူဘဲဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ထိုစိတ်ကူးက သူမ၏ စိတ်ကိုလွှမ်းမိုးထားသည်။ ဒွန်ဆေးဆားရော တန်ဘိုးရားပါ မရှိတော့လျှင်
အဲလစ်(စ်)ကိုသူမပြန်လည်ပိုင်ဆိုင်ရပေမည်။
အကယ်၍ ဆင်းရဲခြင်းနှင့် ဆုံတွေ့ရရင်တောင်မှ သူမကိုယ်တိုင် အပြင်ထွက်အလုပ်လုပ်ကာ ချစ်သော
သခင်မအား လုပ်ကျွေးနိုင်ပါသည်။ ပြီးတော့သခင်မ အပေါ်ထားသော သူမ၏ အချစ်နှင့်စေတနာတွေကို ပိုမိုဖော်
ထုတ်ပြသရပေမည်။ တန်ဘိုးရားကြောင့်နီးရက်နဲ့ ကွဲကွာနေရခြင်းထက်ဆင်းရဲချင်ဆင်းရဲပါစေ အတူနေရခြင်းက
ပို၍ ကောင်လိမ့်မည်ဟုသူမယုံကြည်သည်။
တစ်နေ့တွင် သူမ၏အကြံအား အကောင်အထည်ဖော်နိုင်ရန် ဈေးသို့ထွက်လာပြီး အသားလတ်လတ်နှင့်
လူရွယ်တစ်ယောက်ကိုရှာဖွေလေသည်။ စတိုင်ကျကျနှင့်ဝတ်စားတတ်သော ထိုကျုးဘားသားကိုခိုင်းစရာရှိသော
ကြောင့်ဖြစ်၏။ထိုသူမှာပန်းချီကားချပ်တွေကိုရေးဆွဲရောင်းချသောသူတစ်ယောက်ဖြစ်သည်။သူ့ကိုတွေ့ရသောအခါ
သူမက ရှေ့တွင်ရပ်လိုက်၏။ သူ့ထံသို့လူကြီးလူကောင်းတွေလဲ လာတတ်သည်။ ဘုရင်ခံဗိုလ်ချုပ်ကြီးတောင်သူ့ဆီ
လာဖူးသည်ဆိုလား...။
သူက ကိုယ်လုံးတီးပုံများကို ရေးဆွဲရာတွင်နာမည်ရသည်တဲ့။ ကိုယ်လုံးတီးပုံများကို ထိုသူတွေလဲ ကြိုက်
တတ်သည်မဟုတ်ပါလား။ သူက ရေချယ့်ကိုတွေ့ ရတော့ အံသြသလိုဖြစ်နေ၏။ သို့သော်ဝယ်ယူသူဖြစ်နိုင်သော
ကြောင့်သူမကိုအနောက်ဖက်သို့လိုက်ခဲ့ရန်ခေါ်လိုက်၏။ ဆိုင်နောက်ဖက်သို့ရှုပ်ပွနေသော ပစ္စည်းများ၊ကြက်များ၊
ဝက်များအကြားမှ ဝင်လိုက်ရသည်။ စိတ်ချရပြီထင်တော့မှ ငနဲသားက သူ့အင်္ကျီအတွင်းသို့ လက်နှိုက်၍ သားရေ
အိတ်ပါးပါးကိုထုတ်ယူကာ သူမကိုကမ်းပေးသည်။
ရေချယ့်အတွက်မျက်စိရှက်စရာဖြစ်သော်လဲ ရုပ်ပုံတွေက အသက်ဝင်လှကြောင်းကိုတွေ့ရလေသည်။
များသောအားဖြင့် မင်နှင့်သာရေးဆွဲထားပြီး အချို့သာ ရောင်စုံဖြင့် ရေးဆွဲထားသည်။ သို့သော်အားလုံး
အသက်ဝင်နေသည်ချည်းသာဖြစ်၏။ သူမက သဘောလောက်သာ ကြည့်လိုက်ဟန်ဖြင့် ခေါင်းခါကာ ငနဲသားကို
ပြန်ပေးလိုက်သည်။
“ ဒါတွေကိုရှင့်ဘာသာရှင်ဆွဲတာလား ”
“ မဟုတ်ပါဘူးအမ ကျွန်တော်က ရောင်းသူသက်သက်ပါ တကယ်ဆွဲတာကတော့အဖိုးကြီးတစ်ယောက်ပါ
တစ်ချိန်က အီတလီပြည်မှာ ထိပ်တန်း ပန်းချီဆရာကြီး တစ်ဦးပေါ့ဗျာ ”
“ ဒီလိုဖြင့်ရင်ရှင်က သူ့ကိုအထူးပန်းချီကားတစ်ချပ်ဆွဲပေးဖို့ပြောပေးနိုင်မလား အဲ..ကျွန်မပြောတဲ့အတိုင်း
တော့ဖြစ်စေရမယ်နော်”
“အင်း....အမြဲတမ်း ဝယ်ယူသူတွေ ပြောတတ်တောင်းဆိုတတ်တဲ့အလေ့အထ တစ်ခုပါပဲလေ”
ငနဲသားက ပြောရင်းနှင့်သွားများပေါ်အောင်ရယ်လိုက်၏။
“ အခုလို ဆွဲထားပြီးသာပုံတွေဆို မလိုချင်တတ်ကြဘူးဗျ၊ သူတို့က တစ်မူထူးခြားတာ ဆန်းပြားတာ အဲ..
ရင်ခုန်စရာတွေဆိုပါတော့ ဒီတော့ အစ်မက ဘယ်လိုဟာကိုကြိုက်တာလဲ၊ နှိပ်စက် ညှင်းပန်းနေတဲ့ ကြာပွတ်နဲ့
ရိုက်နေတဲ့ပုံစံမျိုးလား ဒါမှမဟုတ်မိန်းမတစ်ယောက်ရဲ့ပုံလား”
ရေချယ်က ထိုငနဲသား စကားပြောရင်းနှင့်သူမကိုကြည့်သောအကြည့်တို့ ကိုမနှစ်မြို့ သလိုဖြစ်နေမိ၏၊
“ ကျွန်မလိုချင်တာ ကျွန်မအတွက်မဟုတ်ဖူးရှင့် ပြီးတော့ ရှင်ပြောနေတာတွေကိုလဲ ဘာတစ်ခုမှ ကျွန်မ
စိတ်မဝင်စားဘူး ကျွန်မက ဟာဗားနားမြို့က အရေးကြီးဆုံး လူတစ်ယောက်ရဲ့ ကိုယ်စားလှယ်ဘဲ ဘယ်သူလဲလို့
မပြောတော့ဘူး တစ်ခွန်းထဲဘဲပြောမယ်ရှင်ညမကူးဘဲ ထောင်ထဲရောက်သွားနိုင်တယ်သိရဲ့လား၊ ဒီတော့ ရှင်
ကျွန်မခိုင်းသလိုလုပ်ပေးနိုင်သလားဆိုတာဘဲပြော အလုပ်သဘောအရ ရှင့်ဘက်က လိုချင်တဲ့တန်ဘိုးကိုပြောပေါ့”
“ကောင်းပါပြီ..အစ်မခင်ဗျား”
ငနဲသား၏ ပြီတီတီမျက်နှာပေးက တည်တည်ကြည်ကြည်ပြန်ဖြစ်သွား၏။
“ ဒီတော့... အစ်မရဲ့လူကြီးလူကောင်းက ဘယ်လိုပုံစံမျိုး လိုချင်တာလဲဆိုတာကို အစ်မက အသေအချာ
ပြောပြနိုင်မလားခင်ဗျာ ကျွန်တော်က စေ့စေ့စပ်စပ်နဲ့ လှပတဲ့ပန်းချီကားတစ်ချပ်ရဖို့တာဝန်ယူပါတယ်”
“ဘယ်လောက်ပေးရမယ်ဆိုတာကိုအရင်ပြောပါ ”
“ ရိုးရိုးမင်နဲ့လား၊ ရောင်စုံမင်နဲ့လား ခင်ဗျ ”
“ အဲဒီနှစ်ခုက ဘယ်လိုကွာခြားတာရှိလို့လဲ ”
“ အလိုလေးဗျာ ”
ငနဲသားက သူမ၏ဗဟုသုတမရှိမှုကိုပခုံးတွန့်ပြလိုက်၏၊
“ ဆေးရောင်စုံနဲ့ပုံက ပိုပြီးတော့အနုပညာမြောက်တာပေါ့ဗျာ ပိုပြီးတော့သဘာဝကျတာပေါ့အဖြူအမည်း
ကတော့ရောင်းတန်း သဘောလောက်ပါဘဲ ခင်ဗျာ ”
“ ဒါဖြင့်ရင်ဆေးရောင်စုံက ပိုပြီးတော့ဈေးကြီးမှာပေါ့ ”
“ အစ်မအတွက်ဆိုရင်တော့အဲလေ အစ်မရဲ့ လူကြီးလူကောင်းအတွက်ဆိုရင်တော့ဖောက်သည်ရအောင်
ကြည့်လုပ်ပေးလိုက်ပါ့မယ်ပထမဆုံးဆိုတော့ အတတ်နိုင်ဆုံး လျှော့ပေးပါ့မယ်ခင်ဗျာ အစ်မရဲ့ လူကြီးလူကောင်း
သဘောကျ ကျေနပ်စေရမှာပါ နောက်ဆိုရင်ထပ်ကာထပ်ကာမှာပြီး ဖောက်သည်တောင်ဖြစ်သွားမှာပါ ”
“ ကဲ... ဒီလိုဖြင့်ရင်အဆင်ပြေပြီလို့သာမှတ်လိုက်ပါတော့အစ်မခင်ဗျား ပုံဈေးနှုန်းကတော့ပုံထဲမှာ ဘယ်နှစ်
ယောက်ပါတယ်ဆိုတဲ့အပေါ်မှာတော့မူတည်တာပေါ့ခင်ဗျာ ”
“ နှစ်ယောက်ထဲပါဘဲ ”
“အဲဒါဆိုရင်ငါးပီဆေးတပ်(စ်)ကျပါမယ်...အလွန်လှပတဲ့ဆေးရောင်စုံနဲ့ပါခင်ဗျာ ”
“ နှစ်ပီဆေးတပ်(စ်)ပဲပေးနိုင်မယ်”
“ ကျွန်တော့်အတွက်ကော်မရှင်လဲရှိပါသေးတယ်အစ်မခင်ဗျာ အဲဒီတော့ လေးပီဆေးတပ်(စ်)တော့ ပေး
ပါဗျာ ”
ရေချယ်က အနည်းငယ်တိုးပေးလိုက်သည်။
“ သုံး ပီဆေးတပ်(စ်)ပဲ ”
ထိုသူက လက်ဝါးနှစ်ဖက်ကိုထောင်ပြကာ အရှုံးပေးလိုက်လေသည်။
“ကောင်းပါပြီခင်ဗျာ....ကျွန်တော်သဘောတူပါပြီ”
“ ဒါဖြင့်ကျွန်မပြောမယ်ကျွန်မလိုချင်တာက ပုံကြမ်းမဟုတ်ဖူးနော်ကျွန်မပို့ ရမယ့်နေရာက နဲနဲလှမ်းတယ်
အဲဒီတော့မြင်းတစ်ကောင်နဲ့လူတစ်ယောက်ငှားရလိမ့်မယ်၊ ဥပမာ... ရှင်ဘဲဆိုပါတော့ ”
“ ဟာဗားနားနဲ့ဘယ်လောက်ဝေးလို့လဲ ခင်ဗျ ”
“ အသွား သုံးနာရီ၊ အပြန်သုံးနာရီ”
သူမက တိကျစွာ အဖြေပေးလိုက်၏။
“ဒီလိုဆိုရင်တစ်ဆယ်ပီဆေးတပ်(စ်)က မြင်းငှားဖို့ ...ငါးပီဆေးတပ်(စ်)က ကျွန်တော့်အတွက်ပါ”
သူမက လက်ချောင်းလေးမျာကိုအသုံးပြု၍ တွက်ကြည့်လိုက်သည်။
“အားလုံးပေါင်း တစ်ဆယ့်ရှစ်ပီဆေးတပ်(စ်)ပေါ့”
“ အတိအကျ၊ အမှန်အကန်လုပ်ပေးမယ့်အတွက်နောက်ထပ်နှစ်ပီဆေးတပ်(စ်)လောက်ထပ်ပေးသင့်ပါ
သေးတယ်ခင်ဗျာ ”
ငနဲသား မျက်လုံးများက မျှော်လင့်နေဟန်ရှိလေသည်။ သူမအခန်းတွင် ဝှက်ထားသည်က နှစ်ဆယ့်တစ်
ပီဆေးတပ်ရှိနေပြီး သူမဖြစ်စေချင်သလို တသွေမတိမ်းဖြစ်စေရန်အတွက် ထိုသူ့ကိုဘဲခိုင်းစေရမည်မို့ ရေချယ်
သဘောတူလိုက်ပါသည်။
“ ဖြစ်နိုင်ပါတယ်လေ”
သူမက ဟန်လုပ်ပြီး လိုက်လျော ပြောလိုက်ရလေသည်။ တကယ်တော့နောက်ထက်ဒီလိုငနဲနှင့်ပြန်မတွေ့
လိုကြောင်းကိုသူမကိုယ်သူမသာ သိ၏။
“မနက်ဖြန်ဒီလိုအချိန်ဘဲလားခင်ဗျ”
“အင်း....ဒါပေမယ့်သွားမပို့ ခင်ပုံကိုကျွန်မ စစ်ဆေးရဦးမယ်လေ”
“စိတ်တိုင်းကြဖြစ်ဖို့ အာမခံပါတယ်အစ်မရယ်”
“ကောင်းပြီလေ....ဒီလိုဆိုရင်မနက်ဖြန်ရှင့်ကိုပိုက်ဆံနဲ့ အတူဒီမှာဘဲလာတွေ့ မယ်”
ငနဲသားက သဘောတူသည့်ဟန်ဖြင့်ပြုံးပြသည်။
“ အစ်မ အရေးကြီးတဲ့ အချက်ကို မေ့နေတယ်နဲ့တူတယ်အစ်မ လိုချင်တဲ့ပုံရဲ့ သဘောသဘာဝကို ပြောပြ
ရဦးမယ်လေ”
ရေချယ်က သူမ၏ အလျင်လိုစိတ်စောမှုအတွက်ရှက်သွားသော်လဲ ဘာမှမဖြစ်ဟန်ဆောင်လိုက်သည်။
“ မမေ့ပါဘူးရှင်...ကဲ..လိုက်မှတ်ထား...ရှင့်ရဲ့ပန်းချီဆရာ တစ်သက်မှာ တစ်ခါမှမမြင်ဖူးသေးတဲ့...အင်မတန်
လှပတဲ့သက်လတ်ပိုင်းအရွယ်မိန်းမတစ်ယောက်ပဲ၊ တောက်ပလှတဲ့ရွှေရောင်ဆံပင်...မျက်လုံးပြာတွေ...”
“ ဟုတ်ကဲ့ ပန်းချီဆရာဆိုတာ မိန်းမတစ်ယောက်ရဲ့ ပုံသဏ္ဍန်ကို မှန်းဆတဲ့ နေရာမှာတော့ ဆရာတစ်ဆူ
ပါဘဲခင်ဗျာ ”
“ဟုတ်ပါတယ်လေ...ရှင်ပြောသလိုပါဘဲ”
“နောက်တစ်ယောက်ကကောဗျာ”
“နီဂရိုးတစ်ယောက်...ငယ်ရွယ်တယ်၊ ကြမ်းတမ်းတယ်....ဒါပေမယ့်ရုပ်ဆိုးဖို့မလိုဘူး ”
ရေချယ့်စကားကိုကြားလိုက်ရသောငနဲသားမှာ တအံ့တသြ ပါးစပ်အဟောင်းသားဖြစ်သွားတော့၏။
“ လူဖြူမ တစ်ယောက်နဲ့နီဂရိုးတစ်ယောက်ဟုတ်လား အစ်မ၊ အင်း ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွဲပါဘဲဗျာ၊
ဒီလိုတောင်းဆိုမှုမျိုး ကျွန်တော်တစ်ခါမှမကြုံဖူးဘူးခင်ဗျ”
“ကျွန်မရဲ့လူကြီးလူကောင်းက အလွန်ထူးခြားတဲ့ပုဂ္ဂိုလ်ပါဘဲလေ”
“ဟုတ်ပါပြီခင်ဗျာ...ဒါနဲ့ အဲဒီ့နှစ်ယောက်ကိုဘယ်လိုပုံစံမျိုးနဲ့ ရေးထည့်ရမှာလဲ”
ငနဲသားက သူ၏လက်များကိုအသုံးပြု၍ ပုံသဏ္ဍန်ကို မှန်းဆကြည့်နေသည်။ ရေချယ်ကမူစိတ်ဝင်စားခြင်း
မရှိဘဲ မြန်မြန်ကိစ္စပြတ်ဖို့ကိုသာ စိတ်စောနေမိသည်။
“အဲဒီအတွက်တော့ ရှင်ဘဲတာဝန်ယူလိုက်ပါတော့ရှင်ပန်းချီဆရာရဲ့ စိတ်ကူးဆိုတော့ ကျွန်မစိတ်ကူးထက်
ပိုပြီးသင့်တော်ပါလိမ့်မယ်တစ်ခုဘဲ အမျိုးသမီးက မျက်လုံးအပြာ ဆံပင်ရွှေရောင်နဲ့ အဖြူမ နီဂရိုးက ငယ်ရွယ်ပြီး
သန်မာထွားကြိုင်းရမယ် ရုပ်လဲချောရမယ် ဒါတွေကိုတော့ ထင်ရှားစေချင်တယ်လေ ပြီးတော့ ပုံအောက်မှာ
စာတန်းတစ်ခုရေးချင်သေးတယ်ရှင်မှတ်ရော မှတ်မိရဲ့လား ”
ရေချယ်က ထိုသူကိုပန်းချီဆရာမှန်းသိနေသည့်အနေနှင့်ပြောပြစ်လိုက်သည်။
“ဟုတ်ကဲ့...မှတ်မိပါတယ်အစ်မ”
“ကြောင်မရှိကြွက်ထ”
ငနဲသားက သူ့ပုံတွေကို အိတ်ထဲထည့်နေရာမှ ပြူးကျယ်သော မျက်လုံးများနှင့် ရေချယ့်ကို မော့ကြည့်လာ
သည်။
“ အခြေအနေက အတော်ဆိုးတာဘဲ အစ်မရာ ကြောင်က အဝေးရောက်နေတုန်း ကြွက်က အလွန်ဘဲ ထကြွ
သောင်းကျန်း နေတာကိုး ”
ထိုသူက စိတ်လှုပ်ရှားဟန်နှင့် သူ၏လက်ဖဝါးနှစ်ခုကို ပွတ်နေလိုက်သည်။ ထို့နောက်သူ့စကားကို ဆက်
လိုက်ပြန်၏။
“ အလွန်ကျေနပ်စရာကောင်းတဲ့ ကစားနည်းကို သူတို့ကစားနေကြတာဘဲဗျ ဒါပေမယ့် အန္တရာယ်တော့
အများသား ခင်ဗျ ”
သူက တစ်စုံတစ်ခုကိုစိတ်ကူးလိုက်မိပုံနှင့်သက်ပြင်းတစ်ချက်ချလိုက်သည်။
“ ဒါနဲ့အစ်မရာ သူတို့ကို မဟုတ်တာ လုပ်တော့မလို့လားဗျာ အဲဒီ့အမျိုးသမီးကလဲ ဘာဖြစ်လို့များ အမည်း
ကောင်နဲ့မှ ကစားချင်ရတာတဲ့လဲ ကျွန်တော်တို့လို အဖြူထဲက မစဉ်းစားတော့ဘူးတဲ့လား တကယ်လို့များ အဲဒီ့
မျက်လုံးပြာနဲ့ အမျိုးသမီးက သူ့ရဲ့အမည်းကောင်လေးကို ရိုးသွားပြီဆိုရင်ဖြစ်နိုင်ရင်ပေါ့ အစ်မ ကျွန်တော့်အတွက်
ပြောမပေးနိုင်ဘူးလား ”
ထိုသူ၏ စကားကြောင့်ရေချယ့်စိတ်ထဲတွင်ထောင်းကနဲ ဒေါသထွက်သွားမိရသည်။ ငနဲသား၏ မျက်နှာကို
ရောင်ကိုင်းသွားအောင်ပိတ်ရိုက်ပြစ်လိုက်ချင်စိတ်တို့လဲဖြစ်ပေါ်လာမိသည်။ သို့သော်သူမ ကိစ္စအတွက်ထိုငနဲ
ကောင်ကိုအသုံးပြုရမည်ဖြစ်သောကြောင့်စိတ်ကိုထိန်းထားလိုက်ရ၏။
“ ဖြစ်နိုင်ရင်ပြောပေးပါလား အစ်မရာ ကျွန်တော်ကလဲ နည်းလမ်းပေါင်းစုံကို လေ့လာတတ်မြောက်ထားသူ
တစ်ယောက်ပါဗျ ကျွန်တော်က အဲဒီ့အမည်းကောင်မသိတဲ့နည်းလမ်းတွေနဲ့အဲဒီ့အမျိုးသမီးကိုဖြည့်ဆည်းပေးနိုင်ပါ
တယ်ဗျာ ”
“ ဖြစ်နိုင်ပါလိမ့်မယ်လေ ”
ရေချယ်က သူမ၏ ဒေါသကိုပိရိစွာ ချုပ်တည်းထားလိုက်ရ၏။ သူမအတွက်ငနဲသားကိုအလိုရှိနေသေးသော
ကြောင့်အလိုက်အထိုက်ပြန်ပြောပေးလိုက်သည်။
“ဟိုအမည်းကောင်ထွက်သွားတာနဲ့ကျွန်မ ရှင့်ကိုညွှန်ပေးနိုင်ပါတယ်လေ ဖြစ်နိုင်ပါလိမ့်မယ်”
ငနဲသားမှာ သွားအဖြီးသားနှင့်ဟန်မဆောင်နိုင်လောက်အောင်ဝမ်းသာသွားပုံရသည်။
“စိတ်ချသာနေပါတော့အစ်မလိုချင်တဲ့ပုံမျိုး သေချာပေါက်ရအောင်ကျွန်တော်ဆောင်ရွက်ပေးပါ့မယ်”
ရေချယ်မှာ ယောက်ျားများကိုစိတ်ကုန်ရသည့်အထဲ တဏှာရူးနှင့်လာတွေ့နေရသောကြောင့်စိတ်ညစ်နေမိ
သည်။ ထိုကဲ့သို့သော လူစားမျိုးနှင့်မပတ်သက်ချင်လှသော်လဲ လိုအပ်ချက်က ရှိနေသောကြောင့်အောင့်အီးကျိတ်
မှိတ်နေရသည်။ ဘာဘဲဖြစ်ဖြစ် သူမ၏ အကြံအစည်က အထမြောက် အောင်မြင်မှဖြစ်လိမ့်မည်။ သူမအနေနှင့်
ဒီ့ထက်ပိုပြီး မခံစားနိုင်တော့ချေ....။
ညစဉ်ညတိုင်းအိပ်မပျော်ဘဲအဲလစ်(စ်)နှင့်တန်ဘိုးရားတို့၏ကာမစပ်ယှက်မှုများကိုစိတ်ထဲမြင်ယောင်ကာ။
လိုးသံဆော်သံများကို နားထဲကြားယောင်ကာ။ သူမကိုယ်တိုင် ကာမဆန္ဒတို့ ထကြွသောင်းကျန်းမိသည်အထိ
ခံစားနေရသော ခံစားမှုကို မနှစ်မြို့တော့ပေ။ ထိုဝဋ္ဋ်ဆင်းရဲမှ လွတ်မြောက်ချင်လှပါပြီ။ သိပ်မကြာခင်မှာ သူမ၏
ဆန္ဒများ ပြည့်ဝရတော့မည်ထင်၏။
“ ပို့ရမယ့်လိပ်စာကိုပြောဦးလေ အစ်မ ”
အတွေးလွန်မိသွားသောကြောင့်ထိုသူပြောနေသည်ကိုအခုမှကြားမိသည်။
“ မနက်ဖြန်ကျွန်မ ပုံကိုကြည့်ပြီးတော့မှပြောမယ်ပုံက ကျွန်မစိတ်တိုင်းကျဖြစ်မှ ရှင့်မျှော်လင့်ချက်အတွက်
ပြောပေးနိုင်မှာနော်”
သူမလိုချင်သော ပုံမျိုး မရမှာစိုးသောကြောင့် ငနဲသားကို မက်လုံးပေး၍ပြောလိုက်ရသည်။ ပြောမိသော
ကိုယ့်ပါးစပ်ကိုပင်ကိုယ်မသတီချင်တော့။
“ အကောင်းဆုံး ဖြစ်မယ်လို့ကျွန်မ မျှော်လင့်ပါတယ်စိတ်ကြိုက်မဖြစ်ရင်တော့ရှင်ဘာမှရလိမ့်မယ်မဟုတ်
ဖူးနော်”
သူမက ထိုမျှသာထပ်ပြောလိုက်ပြီးလှည့်ထွက်လာလိုက်သည်။
“စိတ်ချပါ အစ်မ...ကျွန်တော်ရောင်းခဲ့ဖူးသမျှလက်ရာတွေထဲမှာ အကောင်းဆုံးဖြစ်စေရပါမယ်”
ငနဲသား၏ အသံက အနောက်ဖက်မှလွင့်ဝဲကပ်ပါလာကြသည်။ ရေချယ်နှစ်ခြိုက်စွာ ပြုံးလိုက်မိ၏၊ သူမဖြစ်
စေချင်သည့်အတိုင်း ဖြစ်လာဖို့က သေချာသလောက်ဖြစ်နေပြီမဟုတ်ပါလား..........။
အခန်း ( ၁၅ )
ဒွန်ဆေးဆားသည်နေ့လည်စာ စားနေရန်နှင့်အနားယူရန်အတွက်အိမ်ကြီးသို့ပြန်ရောက်လာခဲ့၏။ ထိုစဉ်...
အိမ်စေကောင်လေးတစ်ယောက်က စာအိတ်ရှည်ရှည်တစ်ခုကို တရိုတသေ လာပေးလေသည်။ သူက စာအိတ်ကို
တအံ့တသြဖြင့်စူးစမ်းလိုက်မိ၏။ သာမာန်စာအိတ်ထက်ကြီးမားနေပြီး ထောင့်များတွင်အနီရောင်ချိတ်ဖြင့်ပိတ်ထား
သည်ကိုတွေ့ ရသည်။
သူက စာအိတ်ကိုကိုင်ရင်း စာဖတ်ခန်းဆီသို့လျှောက်သွားလိုက်သည်။ စာဖတ်ခန်းအတွင်းသို့ ရောက်လျှင်
စာရေးစားပွဲကြီးနောက်မှ နောက်မှီကုလားထိုင်တွင် ဝင်ထိုင်လိုက်၏။ ထို့နောက် စာအိတ်ကြီးကို ဂရုတစိုက် ဖွင့်
ဖောက်လိုက်သည်။ ပန်းချီကားချပ်တစ်ခုက စာအိတ်အတွင်းမှထွက်ပေါ်လာ၏။ ထိုအခါ ဒွန်ဆေးဆားက သေချာစွာ
လေ့လာကြည့်ရှု လိုက်မိသည်။
ကြည့်နေရင်း သူ့လက်ချောင်းလေးများက တဆတ်ဆတ်တုန်ခါ လာသောကြောင့်ပန်းချီကားမှာလဲ တဆတ်
ဆတ်တုန်နေလေသည်။ ထိုမှတဖန် သူသည် မတ်တပ်ထရပ်လိုက်ပြီး ပြတင်းပေါက်အနားသို့ သွားကာ ပြတင်း
ပေါက်မှ ဝင်လာသော အလင်းရောင်အောက်တွင် ပန်းချီကားကို သေချာစွာကြည့်ရှုနေပြန်၏။ ပန်းချီကားထဲမှ
အမျိုးသမီးက အဲလစ်(စ်)ထက်ချောမောနေသလိုနီဂရိုးကောင်ကလဲ တန်ဘိုးရားထက်ထွားကြိုင်းနေ၏။
ဒွန်ဆေးဆားက ပန်းချီကား၏ အဓိပ္ပါယ်ကို သဘောပေါက်ပါသည်။ သူ့အထင်သူ့အမြင်နှင့် သူ၏သဘော
ပေါက်မှုကို ပန်းချီကား၏အောက်တွင်ရေးထိုးထားသော စာတန်းက ထပ်မံဖြည့်စွက်ပေးနေလေသည်။ ကြောင်မရှိ
တုန်း ကြွက်များ မည်သို့မည်ပုံကစားနေကြပါသနည်း။
ဒွန်ဆေးဆားက စားပွဲဆီသို့ပြန်လျှောက်သွားလိုက်ပြီး ပန်းချီကားချပ်ကို စားပွဲပေါ်သို့ တင်ထားလိုက်ကာ
ကုလားထိုင်တွင်အကျအနထိုင်၍ နက်နက်နဲနဲ စဉ်းစားနေပြန်သည်။ ပန်းချီကားထဲကလိုအပြင်တွင်အမှန်တကယ်
ဘဲ ဖြစ်ပျက်နေကြသည်လား။ သူ့ဆီကိုဘယ်သူက ဘယ်လိုသဘောနှင့်ထိုပန်းချီကားကိုပို့လိုက်သနည်း......။
ဒွန်ဆေးဆားက အပြန်ပြန်အလှန်လှန်ထပ်ခါတလဲလဲ စဉ်းစားကြည့်နေမိသည်။ မဖြစ်နိုင်သည်လိုမဖြစ်နိုင်
ဘယ်လိုမှမဖြစ်နိုင်ပါ။သူကသည်လိုဘဲတွက်ဆဆုံးဖြတ်နေမိပြန်သည်။အဲလစ်(စ်)အနေနှင့်သည်လိုလုပ်လိမ့်မည်
ဆိုတာကိုသူမယုံကြည်နိုင်အောင်ဖြစ်နေ၏။ သူမအနေနှင့်နီဂရိုးများကိုကြောက်ရွံ့မုန်းတည်းသည်ဟုသူသိထား
ခဲ့သည်မဟုတ်ပါလား.....။
သို့သော်..........သို့သော်...
တန်ဘိုးရားကိုမူသူမကိုယ်တိုင်ကပင်လိုလိုလားလား လက်ခံခဲ့လေသည်။ ပြီးတော့တန်ဘိုးရား၏ ချောမော
မှုကိုလည်း သူမ၏နှုတ်မှအသိအမှတ်ပြု ပြောကြားခဲ့ဘူးသည်ထင်၏။ သို့သော်လဲ သည်လိုအဖြစ်မျိုးတော့မဖြစ်တန်
ရာဟုသူ့အနေနှင့်ယုံကြည်နေမိပြန်သည်။
တစ်ခုရှိသည်ကသူနှင့်အဲလစ်(စ်)တို့အတိအလင်းလက်ထပ်မည်ကိုမလိုလားသူများ၏ စနက်ဖြစ်နိုင်သည်။
ထိုသူများထဲမှ တစ်ယောက်ယောက်က သူ့ထံသို့ ထိုပန်းချီကားကို ပို့လိုက်သူဖြစ်ရပေမည်။ ဒွန်ဆေးဆားက
ထိုကဲ့သို့စဉ်းစားမိလိုက်ပြန်၏။ ဒါဖြင့်မည်သူဖြစ်နိုင်သနည်း။ သူ့သားဖြစ်သူပင်လော...
သားဖြစ်သူက သူ၏လက်ထပ်မည့်အရေးကို မလိုလားသည်ကတော့ အမှန်ပင်ဖြစ်၏၊ သို့သော်လည်း သူ့
အနေနှင့် သည်လို လုပ်မည့်သူမဟုတ်ဆိုတာကို အဖေဖြစ်သူတစ်ယောက်အနေနှင့် သိနေပြန်သည်။ သူ့သားက
မကျေနပ်သည်ကို မကျေနပ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောတတ်သည့် လူစားမျိုးဖြစ်သည် ဆိုတာ အငြင်းပွား
စရာမလိုပေ။ ထိုကိစ္စသာ အမှန်ဖြစ်သည်ဆိုပါကလဲ သူ့ကိုလက်ဆွဲခေါ်သွားပြီး ကိုယ်တိုင်လိုက်ပြမည့်သူမျိုးသာ
ဖြစ်သည်။
ဒွန်ဆေးဆား မစဉ်းစားတတ်အောင် ဖြစ်နေသည်။ ရေချယ်များလား။ သူသိထားသလောက်ဆိုပါက
ရေချယ်ကလည်း တန်ဘိုးရားနှင့်အဆင်ပြေနေသဖြင့် တန်ဘိုးရားဒုက္ခရောက်အောင်တော့မလုပ်တန်ရာ။ ဒွန်ဆေး
ဆားခမျာ အစဉ်းစားရခက်ကာ အတွေးရ ကျပ်နေလေသည်။ ဒွန်ဆေးဆားက လူခေါ်ခေါင်းလောင်းကြိုးကို
လှုပ်လိုက်သည်။ အိုမိုနှင့်အမ်ဒေါင်းတို့ နှစ်ယောက်အပြေးအလွှားရောက်လာကြ၏။
ဒွန်ဆေးဆားက သူတို့နှစ်ဦးကို အဲလစ်(စ်)၏အမည်ကို တစ်စွန်းတစ်စမှ မပါစေရဘဲ တန်ဘိုးရားနှင့်
ပတ်သက်သမျှကို လှည့်ပတ်၍ မေးခွန်းတွေထုတ်ကြည့်လိုက်သည်။ နောက်ဆုံးတွင်သူတို့နှစ်ယောက်လုံး ဘာမှ
သိရှိခြင်းမရှိကြ ဟူ၍သာ လက်ခံယုံကြည်လိုက်ရသည်။ သူ့အခြေအနေနှင့် ဂုဏ်သိက္ခာကို မလိုလားသူများက
ဂျောက်တွန်းခြင်းပေလားဟုတွေးနေမိ၏။
အဲလစ်(စ်)အား နာမည်ပျက်သွားစေချင်သလို သူနှင့်သူမတို့၏ ပျော်ရွှင်မှုနှင့် လက်ထပ်မည့်ကိစ္စအား
ပျက်ပြားသွားစေလိုသူများ၏လက်ချက်ပင်ဖြစ်လိမ့်မည်ဟုထင်မိသည်။ဘာဘဲဖြစ်ဖြစ်ပန်းချီကားကိုရည်ရွယ်ချက်
ရှိရှိ ပို့လိုက်သည် ဆိုတာကတော့ ထင်ရှားလွန်းနေသည်။ တစ်ခုခုတော့ ထူးခြားတာ ဖြစ်နေနိုင်ကောင်းသည်။
စဉ်းစားနေခြင်းထက်လက်တွေ့ စုံစမ်းကြည့်ရန်ဒွန်ဆေးဆားက ဆုံးဖြတ်ချက်ချလိုက်လေသည်။
အိုမိုနှင့်အမ်ဒေါင်းတို့ကိုမြင်းများအဆင်သင့်လုပ်ထားရန်အမိန့်ပေးလိုက်ပြီး စားပွဲအံဆွဲထဲမှပစ္စတိုသေနတ်
ကို ထုတ်ယူလိုက်၏။ ဒီတစ်ခေါက်ဟာဗားနားသို့သွားသည့်လမ်းတစ်လျှောက်လုံးတွင်လုံးဝအနားယူခြင်းမလုပ်ပဲ
ခရီးကိုသာ တွင်တွင်နှင်ခဲ့သည်။
မြို့သို့ရောက်သောအခါ အဲလစ်(စ်)၏ နေအိမ်အနောက်ဖက်လမ်းမှ ဝင်ရောက်ခဲ့လိုက်သည်။ အိမ်နားသို့
ရောက်သည်နှင့် ဒွန်ဆေးဆားက မြင်းပေါ်မှဆင်းလိုက်ပြီး သူ့မြင်းကို အမ်ဒေါင်းလက်သို့ အပ်လိုက်လေသည်။
သူတို့ကိုလဲ ခြေလျင်ပင်ဆင်းလျှောက်စေကာ မြင်းဇောင်းထဲတွင်ပင်ငြိမ်သက်စွာ စောင့်နေကြရန်အမိန့်ပေးလိုက်
သည်။ သူကမူနောက်ဖေးလမ်းကြားမှနေ၍ ခြံဝင်းအတွင်းသို့ဝင်လိုက်၏။
အိမ်နောက်ဖက်ခြံဝင်းတံခါးကို သူ့တွင်ရှိသော သော့ဖြင့် အသံမမြည်အောင်ဖွင့်ခဲ့ခြင်းဖြစ်သည်။ တစ်ဖန်
အိမ်တွင်းသို့ ရောက်သောအခါ သူက အပေါ်ထပ်သို့ ရောက်နိုင်သည့် နောက်ဖေးလှေကားမှပင် တိတ်ဆိတ်စွာ
တက်လာခဲ့လိုက်သည်။ တန်ဘိုးရားနှင့်ရေချယ်တို့နှစ်ဦးမှာ ရေချယ့်အခန်းတွင်သာရှိမည်ဟုသိထားသောကြောင့်
အဲလစ်(စ်)၏ အိပ်ခန်းရှိရာ အပေါ်ထပ်ကိုတက်လာခဲ့လိုက်ခြင်းဖြစ်သည်။
အခန်းထဲမှာ ဘယ်လိုအခြေအနေရှိသလဲဆိုသည်ကိုသိချင်ဇောဖြင့်အလျင်စလိုဝင်လိုက်သောအခါတွင်...
အံသြမှုကို ခံစားလိုက်ရ၏။ သူ့နှလုံးသားတွေပင်တုန်ရင်နေသည်ဟု ထင်လိုက်မိသည်။ အခန်းတွင်းမှာ ရေချယ်
တစ်ယောက်ထဲ ရှိနေ၏။ အဲလစ်(စ်)၏ ကုတင်ပေါ်တွင်ထိုင်လျက်...။ အဲလစ်(စ်)၏ အဝတ်အစားများကိုခေါက်သိမ်း
နေသည်။ အသံကြားသောကြောင့် သူ့အားလှည့်ကြည့်လာသည့် ရေချယ်၏ မျက်ဝန်းအိမ်ထဲတွင် ကြောက်ရွံ့မှု
အရိပ်အရောင်တို့ဖြတ်ပြေးသွားကြသည်ကို မြင်တွေ့ လိုက်ရသည်။
“ ငြိမ်ငြိမ်လေးနေစမ်း ”
ဒွန်ဆေးဆားကအမိန့်သံနှင့်ပြောလိုက်ခြင်းဖြစ်၏။
“ဒီအခန်းထဲကနေဘယ်ကိုမှထွက်မသွားဘဲတိတ်တိတ်နေအသံထွက်ရင်နင်ဘာဖြစ်သွားနိုင်တယ်ဆိုတာကို
နားလည်တယ်မှလား ”
ဒွန်ဆေးဆားက ကြုံတွေ့လိုက်ရသော အနေအထားအရ အခြေအနေကို သုံးသပ်လို့ရသွားလေပြီ။
ရေချယ်က အဲလစ်(စ်)၏ အိပ်ခန်းထဲတွင်တစ်ယောက်ထဲရှိနေပါလျှင်အဲလစ်(စ်)က ဘယ်မှာရှိနိုင်ပါသလဲ။ သူက
အောက်ထပ်သို့ အတွင်းလှေကားမှပင်အသံမမည်အောင်ဆင်းသွားလိုက်၏။ ရေချယ်၏ အိပ်ခန်းရှေ့သို့ ရောက်
သော အခါတွင်အရင်က လိုက်ကာသာရှိသော အခန်းပေါက်ဝတွင်တံခါးနဲ့ဘာနဲ့အကျအနဖြစ်နေသည်ကိုတွေ့မြင်
လိုက်ရသည်။
သူ့တစ်ကိုယ်လုံးရှိသွေးများက ဆူပွက်လာကြ၏။ ဒေါသကို မထိန်းထားတော့ဘဲ တံခါးကို ခြေထောက်နှင့်
ဆောင့်ကန်ဖွင့်လိုက်သည်။ မြင်လိုက်ရသည့်မြင်ကွင်းက....
ထိုမြင်ကွင်းကြောင့်ပင် သူက အပေါက်ဝတွင် အံသြတုန်လှုပ် ခြောက်ခြားစွာ အချိန်အတန်ကြာအောင်
ရပ်နေမိလိုက်သည်။သူ့မျက်လုံးများကိုပင်သူမယုံကြည်နိုင်အောင်ဖြစ်နေမိ၏။ပက်လက်အနေအထားနှင့်ရှိနေသော
တန်ဘိုးရား၏ ရင်ခွင်ကို ခေါင်းအုန်း၍ ဝတ်လစ်စလစ်ဖြစ်နေသာ အဲလစ်(စ်)က နီဂရိုးကောင်၏ လီးကြီးကို ဆော့
ကစားနေသည်။
သူရုတ်တရက်ရောက်လာသည်ကိုထိတ်လန့်သွားဟန်နှင့်သူ့ကိုတွေ့လိုက်ရချိန်တွင်အဲလစ်(စ်)က ကြောင်
တောင်တောင် ဖြစ်သွားသည်။ မထင်မှတ်ပဲ ဒွန်ဆေးဆားကို တွေ့မြင်လိုက်ရသောကြောင့် သူမ၏ နှလုံးသားကို
တစ်စုံတစ်ရာက အရှိန်ပြင်းစွာ ဝင်ဆောင့်လိုက်သည်ဟုပင်ထင်လိုက်မိသည်။ သူမက လူးလဲထလိုက်၏။ အဲလစ
(စ်) နှင့်ဒွန်ဆေးဆားတို့တစ်ယောက်ကိုတစ်ယောက်အတန်ကြာအောင်စူးစိုက်ကြည့်နေမိကြလေသည်။
ဤတွင်အဲလစ်(စ်)က စတင်လှုပ်ရှားလိုက်၏။ အဝတ်အစားများကိုပင်ပြန်ဝတ်မနေတော့ဘဲ ဒွန်ဆေးဆား
ထံသို့ပြေးသွားလိုက်ပြီး ခြေရင်းတွင်ထိုင်ချလိုက်ကာ သူမ၏ လက်နှစ်ဖက်နှင့်ဒွန်ဆေးဆား၏ ခြေအစုံကိုသိုင်းဖက်
လိုက်လေသည်။
“ အို...အချစ်ရယ်..ကျွန်မအဖြစ်ကို ကြည့်စမ်းပါဦးကွယ်....ဘယ်လောက်များ ဆိုးလိုက်သလဲလို့...ဒီ...ဒီ
အယုတ်တမာကောင်လေ...ကျွန်မကိုအတင်းဆွဲခေါ်လာပြီး.... ရှင်ရောက်လာပြီဆိုတော့ကျွန်မ..ကျွန်မ..”
သူမကပြောရင်းမှချုံးပွဲချ ငိုကြွေးလိုက်လေသည်။
“ မဟုတ်တာတွေ ပြောမနေစမ်းပါနဲ့ကွာ....ဒါ...ဘယ်လိုမှမဖြစ်နိုင်ပါဘူး ကွယ့် ”
ဒွန်ဆေးဆားက ဒေါသကိုတတ်နိုင်သမျှထိန်း၍ ညင်သာစွာပင်ပြောလိုက်လေ၏။
“ မုဒိန်းကျင့်ခံရပါတယ်ဆိုတဲ့ မိန်းမဟာ အဲဒီ့လူရဲ့ရင်ခွင်မှာ အေးအေးဆေးဆေး အိပ်နေမတဲ့လားကွ ပြီး
တော့ မိုးလင်းမှာ လင်းဆွဲ ဆွဲဖို့အတွက်အိပ်ပျော်နေတဲ့သူရဲ့ လီးကိုသွားပြီး လက်ကမြင်းနေမတဲ့လား ဘယ်လိုမှ
မဖြစ်နိုင်တာတွေ ”
ဒွန်ဆေးဆားက ပြောရင်း ဒေါသထွက်လာပြီး သူမကို တွန်းကန်ပြစ်လိုက်သည်။ သူမကမူ အတင်းပင်
ဖက်တွယ်ထားဆဲဖြစ်၏။
“ကျွန်မလေ...ကြောက်လွန်းလို့စိတ်တွေလဲဘယ်လိုဖြစ်ကုန်မှန်းမသိတော့ပါဘူးရှင်..သူ့အလိုကိုမလိုက်ရင်
သတ်ပြစ်မလားလို့ကြောက်ရွံ့နေခဲ့မိပါတယ်အချစ်ရယ်သူက ကျွန်မကို ခြိမ်းခြောက်ခဲ့တယ်လေ”
ဒွန်ဆေးဆားက သူမပြောသမျှတွေသည် အလိမ်အညာတွေ ချည်းသာဖြစ်ကြောင်း သိနေသောကြောင့်
သူမကိုလစ်လျှူရှုလိုက်တော့၏။
“ တန်ဘိုးရား ”
သူကအသံကုန်အော်လိုက်သည်။နီဂရိုးကောင်ကမူသူ၏ဘေးနားတွင်ဒွန်ဆေားတို့ပြောဆိုနေကြသည့်တိုင်
အိပ်ပျော်လျှက်ပင်ရှိနေဆဲဖြစ်၏။တစ်ညလုံးဘယ်လောက်တောင်ပင်ပန်းထားသည်မသိ။တွေးမိလေဒေါသဖြစ်လေ
ဖြစ်လာသည့်အတွက်ကြောင့် အဲလစ်(စ်)တစ်ယောက် သူ့ခြေထောက်ကိုဖက်၍ တရွတ်တိုက်ပါလာသည်ကိုပင်
ဂရုမစိုက်တော့ဘဲ တန်ဘိုးရားရှိနေရာသို့လျှောက်သွားလိုက်ပြီး ဆောင့်ကန်နှိုးလိုက်မိသည်။ တန်ဘိုးရားက နိုးလာ
ပြီး ထထိုင်ကာ သူ့အား အူကြောင်ကြောင်နှင့်မော့ကြည့်လေသည်။
“ သခင်... ”
တန်ဘိုးရား ခမျာ ဘာဆက်ပြောရမည်မှန်းပင်မသိအောင်ဖြစ်နေတော့၏။
“ မင်း.. သေဖို့သာပြင်ထားလိုက်တော့တန်ဘိုးရား...ဟောဒါက ဘာလဲဆိုတာကိုမင်းသိတယ်မဟုတ်လား”
ဒွန်ဆေးဆား၏ ဒေါသတို့က အရှိန်တက်သထက် တက်လျှက် ရှိလာချေလေပြီ။ တန်ဘိုးရားက ပစ္စတို
သေနတ်ကိုတစ်ချက်ကြည့်လိုက်ပြီး ခေါင်းငိုက်စိုက်ကျသွားတော့သည်။ သူ့သခင်၏ မျက်လုံးတို့ကိုရင်ဆိုင်နိုင်စွမ်း
မရှိတော့ပေ။
“ကျွန်တော့်ကိုတကယ်သတ်တော့မလို့လား သခင်”
“ အေး...တကယ်ဘဲကွ....ဒီတော့ မင်းရဲ့ဝိညာဉ်ကို လိမ်ပြီးမှသေရမယ့်အစား မသေခင်တော့ ငါသိချင်တဲ့
အမှန်တရားကိုပြောသွားစမ်းကွာ....မင်းမလိမ်တတ်ဖူး မဟုတ်လား ”
“ မှန်ပါတယ်သခင်... တန်ဘိုးရား လိမ်မပြောတတ်ပါဘူး ”
“ ကောင်းပြီ.... မင်းတို့ ဒီလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ ဆိုတာပြောစမ်း ”
“ ကျွန်တော်ဒီကိုရောက်စကတည်းက စတာပါဘဲ သခင်”
“မင်းက အတင်းပြုကျင့်တာလား”
“မဟုတ်ရပါဘူး သခင်...တန်ဘိုးရား အဲဒီလိုမလုပ်ပါဘူး”
တန်ဘိုးရားအဖြေကိုကြားလိုက်ရသောအခါ ဒေါသထွက်လွန်းသောကြောင့် ဒွန်ဆေးဆားက အဲလစ်(စ်)
ကိုဆောင့်ကန်ပြစ်လိုက်ရာ အဲလစ်(စ်)မှာကြမ်းပေါ်သို့ပက်လက်လန်လဲကျသွားရှာလေသည်။ သူက အဲလက်(စ်)
ကို စိုက်ကြည့်လိုက်ပြန်သည်။ တစ်ချိန်က သူ့အား ဆွဲဆောင်ခဲ့သူ.... သူမြတ်နိုးစွာ ချစ်ခဲ့ရသူ... အခုတော့သူမ၏
နှုတ်ခမ်းများက နီဂရိုးကျွန်ကောင်၏ လီးကိုအငမ်းမရ မြည်းစမ်းကြည့်ပြီး နေပြီကော....။
“ ထစမ်းကွာ...တန်ဘိုးရား ”
တန်ဘိုးရားက အမိန့်ကိုနာခံကာ တဖြည်းဖြည်း ထရပ်လိုက်သည်။
“ ကျွန်တော့်ကိုဘာလုပ်မှာလဲ သခင်”
“ မင်းကိုသတ်မလို့လေကွာ... ငါပြောပြီးပြီမဟုတ်လား ”
ပြောပြောဆိုဆိုပင်ဒွန်ဆေးဆားက သေနတ်၏ မောင်းခလုတ်ကို ဆွဲညှစ်လိုက်တော့သည်။ စူးရှစွာ ပေါ်
ထွက်လာသော သေနတ်သံနှင့်မရှေးမနှောင်းပင်အဲလစ်(စ်)၏ အလန့်တကြား အော်ဟစ်လိုက်သံက ပေါ်ထွက်လာ
တော့၏။ တန်ဘိုးရား၏ ဝမ်းဗိုက်တွင်အပေါက်ငယ်တစ်ခု ဖြစ်သွားပြီး သွေးများယိုစီး လာလေသည်။
“ကျွန်တော့်ကိုတကယ်ဘဲ သတ်လိုက်ပြီလား သခင်”
တန်ဘိုးရားက ဝေဒနာကိုခံစားရင်း သူ့သခင်ကို မော့ကြည့်ကာ မေးလိုက်ရှာလေသည်။ လက်နှစ်ဖက်ဖြင့်
လဲ သွေးထွက်နေသည့်နေရာကိုပိတ်ထားရင်း ညည်းတွားနေရရှာ၏။
“ မင်း.. ဒီ့ထက်နာစရာ ရှိသေးတယ်တန်ဘိုးရား....ကဲ...ထလျှောက်စမ်းကွာ ”
ဒွန်ဆေးဆားကတံခါးပေါက်ဆီသို့လက်ညိုးထိုးပြလိုက်၏။တန်ဘိုးရားကကြိုးစားလျှောက်သွားလိုက်သည်။
တံခါးပေါက်အရောက်တွင်ဆက်မလျှောက်နိုင်တော့ဘဲ မှောက်လဲကျသွားလေ၏။
“ ရေချယ်”
ဒွန်ဆေးဆားက အော်ခေါ်လိုက်ပြန်သည်။ ရေချယ်က ချက်ခြင်းဆိုသလိုအပြေးရောက်လာလေသည်။
“ အမ်ဒေါင်းနဲ့ အိုမိုကို မြန်မြန်သွားခေါ်ချေစမ်း ”
ထို့နောက်ဒွန်ဆေးဆားက အဲလစ်(စ်)ဘက်သို့လှည့်လိုက်ပြန်၏။
“ မင်းကိုတော့ကျုပ်မသတ်လိုပါဘူးလေ ဘာကြောင့်လဲ သိချင်လား...အေး...မင်းဟာ ကျဉ်ဆန်တစ်တောင့်
လောက်တောင်မှတန်ဘိုးမရှိဘူးလို့ထင်လို့ဘဲ၊ မင်းကိုဘယ်လိုမိန်းမစားဆိုတာကို နှိုင်းဖို့စကားတောင်ရှာမရနိုင်
အောင်ပါဘဲ၊ တကယ်တော့ဟောဒီလိုကျွန်ကောင်းတစ်ယောက်ကိုသတ်ပြစ်မယ့်အစား မင်းလိုမိန်းမကိုသတ်ပြစ်ဖို့
ကောင်းတာတော့အမှန်ဘဲ ဟာဗားနားမှာရှိကြတဲ့အမည်းကောင်တွေကိုဟောဒီ့ကောင်လေးကိုနမူနာ ပြရအောင်
သာ သတ်ပြစ်လိုက်ရတာ လူဖြူမနဲ့ အိပ်ခဲ့ရင်ဒီလိုအသတ်ခံရမယ်ဆိုတာ အမည်းကောင်တွေကိုသိစေချင်တယ်...
ဒါပဲ”
အမ်ဒေါင်းနှင့် အိုမိုတို့က အပြေးရောက်လာကြသည်။ ရေချယ်ကမူ လိုက်ပါလာခြင်း မရှိချေ။ သူတို့က
ဒွန်ဆေးဆား အနီးတွင်ရပ်နေလိုက်ကြသည်။ တန်ဘိုးရားမှာ သေနတ်ဒဏ်ရာကြောင့် ကြမ်းပြင်ပေါ်တွင်လူးလိမ့်
ငြီးတွားနေပြီး အဲလစ်(စ်)က အဝတ်အစားကင်းမဲ့စွာဖြင့် အခန်း၏ကြမ်းပြင်ပေါ်တွင် ငိုယိုလျှက်ရှိသည်ကို သူတို့
တအံတသြပင်မြင်လိုက်ကြရသည်။
“ သူ့ကိုထမ်းသွားကြစမ်းကွာ ”
ဒွန်ဆေးဆားက အမ်ဒေါင်းတို့ကိုအမိန့်ပေးလိုက်လေသည်။
“ မြင်းပေါ်မှာတင်လိုက်၊ ပြီးတော့မြင်းကုန်းနှီးနဲ့လက်တွေကို ကြိုးနဲ့ချည်ထားလိုက်”
“ သူ့မှာ အဝတ်အစားမှမရှိဘဲ သခင်”
အမ်ဒေါင်းက ပြောလိုက်ရင်း သူငယ်ချင်းဖြစ်သူတန်ဘိုးရား၏ အနီးသို့သွား၍ ဒူးထောက်ထိုင်ချလိုက်သည်။
“သူ....သူ..သတိလစ်နေတယ်သခင်”
အိုမိုက အမ်ဒေါင်းကိုဝင်ကူရင်း ပြောလိုက်ပြန်သည်။
“သူသွားရမယ့်နေရာက အဝတ်အစားမလိုပါဘူးကွ...ကဲ..သယ်မှာသာ သယ်သွားကြစမ်းကွာ”
သူတို့က တန်ဘိုးရားအား ပခုံးများနှင့်ထမ်းယူသယ်သွားကြသောအခါ လှေကား တစ်လျှောက်တွင်သွေး
စက်များက ကျဆင်းစွန်းထင်းကုန်၏၊
“ဆေးဆား”
အဲလစ်(စ်)က ဒူးထောက်ထိုင်လိုက်ရင်း လှမ်းခေါ်လိုက်၏။
“ ဆေးဆားရယ်ကျွန်မပြောတာကို ယုံစမ်းပါလားကွယ်၊ သူ...သူလိမ်ပြောတာပါ...ကျွန်မပြောတာကိုသာ
ယုံစမ်းပါရှင်၊ ကျွန်တစ်ယောက်ပြောတာကို ယုံပြီး ကျွန်မကိုတော့ မမုန်းလိုက်ပါနဲ့လားဟင်၊ အို...ဆေးဆားရယ်..
ကျွန်မဘာလုပ်ရမလဲ၊ ဘယ်သွားနေရမှာလဲဟင်”
“ ကိစ္စပြီးရင်ကျုပ်ပြန်လာခဲ့မယ်....မင်းကိုတော့ကျုပ်မတွေ့ ချင်တော့ဘူး၊ မကောင်းတဲ့မိန်းမတစ်ယောက်ကို
သတ်ပြစ်လိုက်ရတယ်ဆိုတာမျိုး ကျုပ်အဖြစ်မခံချင်ဘူး၊ အင်း...ကျုပ်ပြန်လာရင်ရေချယ်ကိုကျုပ်နဲ့ လာတွေ့ပါစေ”
အမ်ဒေါင်းနှင့်အိုမိုတို့ရှိရာသို့ရောက်သောအခါ သူခိုင်းသလိုအားလုံးလုပ်ပြီးနေပြီး အဆင်သင့်စောင့်နေကြ
သည်ကို တွေ့လိုက်ရသည်။ ထို့နောက်ဒွန်ဆေးဆားဦးဆောင်၍ သူတို့သည်လမ်းကျဉ်းများအတိုင်း မြင်းများကို
စီးနင်းလာခဲ့ကြသည်။ လမ်းတွင်တန်ဘိုးရား သတိရလာလေသည်။ ဒဏ်ရာက နာကျင်လွန်းသောကြောင့်ဟောင်
ဆာ ဘာသာစကားနှင့်ပင်ငြည်းတွားလိုက်မိသည်။
“ အို... ကျွန်တော့်ရဲ့ဝိညာဉ်ကျွန်တော့်ကိုအင်အားပေးပါတော့လား၊ အာဖရိကမှာ ကျန်နေရစ်ခဲ့တဲ့ဝိညာဉ်နဲ့
ပူးပေါင်းပြီး ကူညီပါလားဗျာ ”
တန်ဘိုးရား၏ အဖြစ်ကို လမ်းသွားလမ်းလာတို့ တအံတသြ ကြည့်ရှုနေကြလေသည်။ မြင်းတစ်ကောင်
ပေါ်တွင်မှောက်ခုံကြီးပါလာကာ သွေးများကလဲ တစက်စက်ကျနေသောကြောင့် ဘာများဖြစ်လာတာလဲဟု စပ်စု
သူကလဲမရှားလှ။ အနောက်ဖက်သို့နေအတော်စောင်းသော အချိန်တွင်သူတို့လူစူသည်အများပြည်သူကြည့်ရှုနိုင်
သော ကျွန်များကိုအပြစ်ပေးသည့်နေရာသို့ ရောက်ရှိလာကြသည်။
ထိုနေရာ၏ ခြံဝင်းတံခါးဝသို့ရောက်သောအခါ ဒွန်ဆေးဆားက လိုက်ပါကြည့်ရှုသူများဘက်သို့ လှည့်လိုက်
ပြီး မျက်နှာမူလိုက်လေသည်။
“ဟာဗားနားက ကျွန်တွေအားလုံး ဟောဒီအကောင်ကိုနမူနာယူကြရမယ်၊ ဒီကောင်ဟာ မျက်နှာဖြူမိန်းမကို
မတရားကျင့်တဲ့ကောင်ဖြစ်တယ်”
ဒွန်ဆေးဆား၏ အသံဆုံးသည်နှင့်ခြံဝင်းတံခါးလဲ ပွင့်လာလေသည်။ သူတို့အထဲကိုဝင်လိုက်ပြီး သောအခါ
တံခါးကို ပြန်ပိတ်မည်ပြုနေသောကြောင့်ဒွန်ဆေးဆားက ဟန့်တားလိုက်သည်။
“ မပိတ်နဲ့....ဒါဟာ အများပြည်သူတွေ ကြည့်ရမယ့်နေရာဖြစ်တယ်ကဲ...“အာရိုဘာဒို” ကိုသွားပြောကြစမ်း
အလေးဆုံးနဲ့ အကြီးဆုံးကြာပွတ်ကိုယူခဲ့လို့ ပြောလိုက်ပြီးတော့သူကိုယ်တိုင်အဲဒီကြာပွတ်ကိုအသုံးပြုရမယ်လို့ ပါ
ထပ်ပြောလိုက်”
“ သူ...သူ.မသေသေးဘူး သခင်” ဟုအမ်ဒေါင်းက ဝင်ပြောလိုက်၏၊
“ ကျုပ်သိပါတယ်လေ ကဲ မင်းတို့သူ့ကိုကြိုးဖြည်ပေးလိုက်ပြီး ဟောဟိုလက်ဝါးကပ်တိုင်ဆီခေါ်သွားကြစမ်း”
သူတို့သယ်သွားစဉ်မှာပင်တန်ဘိုးရား၏ မျက်လုံးတို့ပွင့်လာကြပြန်သည်။
“အမ်ဒေါင်း....”
တန်ဘိုးရား၏ အသံက တိုးလွန်းနေသည်။
“နှုတ်ဆက်ပါတယ်ကွာ...တန်ဘိုးရား”
“အေး....နှုတ်ဆက်ပါတယ်ကွာ”
အိုမိုကပါ ထပ်ဆင့်ပြောလိုက်ခြင်းဖြစ်လေသည်။
သူတို့ကတန်ဘိုးရားကိုလက်ဝါးကပ်တိုင်တွင်ချည်နှောင်နေသောအချိန်မှာပင်ကြီးမားလှသောကြာပွတ်ကို
ကိုင်ဆောင်လာသည့်ကျွန်တစ်ယောက်ကရောက်လာလေသည်။ထိုကျွန်ကပရိတ်သတ်ကိုအရိုအသေပေးလိုက်ပြီး
ဒွန်ဆေးဆားဘက်သို့လှည့်လိုက်သည်။
“ ကျွန်တော်က ဟောဒီ့ကောင်လေးကိုဘယ်သူ့အမိန့်နဲ့ရိုက်ရမှာလဲခင်ဗျ ”
“ ဒွန်ဆေးဆား မွန်တာဘိုရဲ့အမိန့်နဲ့ပေါ့ကွာ ”
“ သူ့ကြည့်ရတာ အရိုက်ခံနိုင်လိမ့်မယ်မထင်ဘူးခင်ဗျ ”
“ အေး....ဟုတ်တော့ဟုတ်နိုင်ပါတယ်.... ဒါပေမယ့်ရိုက်သာရိုက်စမ်းပါ....ပြီးရင်တော့သေမသေဆိုတာကို
သေချာစစ်ပေးဟေ့...သေတော့မှအရိုက်ရပ်လိုက်..ဟုတ်ပြီလား ”
ဒွန်ဆေးဆားကအိတ်ထဲမှငွေသားအချို့ကိုအိတ်ထဲမှနှိုက်ယူလိုက်ပြီးကြာပွတ်သမားကိုပြစ်ပေးလိုက်သည်။
ကြာပွတ်ရိုက်သော ကျွန်မည်းကြီးက အသင့်ပြင်လိုက်၏။ သူ၏ ညာလက်က မြောက်တက်သွားသည်။ ကြာပွတ်က
တန်ဘိုးရား၏ ကျောပြင်ပေါ်သို့  “ရွှမ်း” ကနဲ ကျရောက်သွားသည်။ တန်ဘိုးရားက အော်ဟစ်လိုက်မိသည်။
သို့သော်အော်သံကား ထွက်ပေါ်မလာခဲ့ချေ။ သူနားလည်လိုက်ပြီဖြစ်သည်။ သူ့ဝိညာဉ်တို့သည်သူ့ကိုစွန့်
ပြစ်သွားကြပြီဖြစ်၏။ သူ..စိတ်လျှော့လိုက်မိသည်။ သူ၏ အသက်ရှူခြင်းသည်လဲ တဖြေးဖြေးခြင်း ရပ်ဆိုင်းသွားကြ
တော့သည်။ ပထမဆုံး ကြာပွတ်ချက်မှာပင်တန်ဘိုးရား သေဆုံးသွားခဲ့ရပြီဖြစ်၏။
တန်ဘိုးရား အသက်မရှိတော့ပြီ။ ကြာပွတ်ရိုက်ချက်ကတော့ ရပ်တန့်ခြင်းမရှိသေးဘဲ သူ၏ကျောပေါ်သို့
ဆက်လက်ကျရောက်နေဆဲပင်ဖြစ်၏။ ဒွန်ဆေးဆားက လက်မြှောက်ပြလိုက်တော့မှပင်ရိုက်ချက်များ ရပ်တန့်သွား
တော့၏၊
“ သေပြီမဟုတ်လားဟေ့ ”
ကြာပွတ်သမားက တန်ဘိုးရားရှိရာသို့လျှောက်သွားကာ စစ်ဆေးကြည့်ရှုလိုက်သည်။
“ သူ..သေနေပါပြီလူကြီးမင်းခင်ဗျား ”
ဒွန်ဆေးဆားက အမ်ဒေါင်းနှင့်အိုမိုတို့ကို ခေါ်ဆောင်၍ ထိုနေရာမှပြန်လည် ထွက်ခွာလာခဲ့လိုက်သည်။
တန်ဘိုးရား၏ ရုပ်အလောင်းကိုတော့ ဒီအတိုင်းပင် ထားပြစ်ခဲ့လိုက်သည်။ ငွေပေးထားသည် ဖြစ်သောကြောင့်
သင့်တော်သလို စီစဉ်လိမ့်မည်ဖြစ်ကြောင်းကို ဒွန်ဆေးဆား သိထားပြီးသားဖြစ်၏၊ လမ်းတွင်အိုမိုတို့ကို စောင့်ခိုင်း
ထားပြီး မြင်းပေါ်မှဆင်းကာ ဝိုက်အရက်ဆိုင်ထဲသို့ ဝင်လိုက်မိသည်။ ဝိုင်အရက်ဆိုင်ထဲတွင်အတန်ကြာ အချိန်ဖြုန်း
ပြီးမှ ပြန်ထွက်လာလိုက်သည်။
အိမ်သို့ပြန်ရောက်သောအခါ ဒွန်ဆေးဆားက အမိန့်ပေးလိုက်ပြန်သည်။
“ အိုမိုနဲ့အမ်ဒေါင်း မင်းတို့မြင်းဇောင်းကိုသွား ကျန်တဲ့မြင်းနှစ်ကောင်နဲ့ လှည်းကို အဆင်သင့်ဖြစ်အောင်
လုပ်ထားလိုက်မွန်တာဘိုကိုယူသွားရမယ်”
ပြောပြီးလျှင် ဒွန်ဆေးဆားက အိမ်ထဲသို့ လှည့်ဝင်သွားတော့သည်။ ရေချယ်က ဧည့်ခန်းအလယ်တွင်
ရပ်လျှက်သူ့အားစောင့်နေသည်ကိုတွေ့လိုက်ရ၏၊
“ မမဟာ.. သခင့်ကိုစကားပြောချင်လို့ စောင့်နေပါတယ်သခင်”
ရေချယ်ကပြောလိုက်လေသည်။
“ မင်းအနေနဲ့ သူ့အသက်ကို တန်ဘိုးထားတယ်ဆိုရင်ဒီလိုစကားမျိုး ထပ်မပြောသင့်တော့ဘူး ရေချယ်..
မင်းတို့ နှစ်ယောက်မိုးမချုပ်ခင်ဒီအိမ်နဲ့ ဒီမြို့ကနေ ထွက်သွားကြပေတော့ အဝတ်အစားတွေနဲ့ အတူ ကြိုက်တဲ့
ပစ္စည်းကို ယူနိုင်သလောက် ယူသွားနိုင်တယ် ဒီည ဟာဗားနားကထွက်မယ့် သင်္ဘောနှစ်စင်းရှိတယ် တစ်စီးက
မက္ကစီကိုကိုသွားမယ့်သင်္ဘော၊ နောက်တစ်စီးကတော့နယူးအော်လင်း(စ်)ကိုသွားမှာ ဒီတော့ ကြိုက်တဲ့သင်္ဘောနဲ့
လိုက်သွားကြပေတော့”
သူက အိတ်ထဲတွင်ရှိနေသော ငွေသားများကိုထုတ်ယူလိုက်ပြီး ရေချယ့်ကိုပေးလိုက်သည်။
“ အဲဒါက မင်းအတွက်ပဲ မင်းရောငါရော ကြောင်မရှိတုန်း ကြွက်ကလေး ကစားတဲ့အကြောင်းကိုသိကြတယ်၊
ဟုတ်ရဲ့လား ”
သူမက ခေါင်းညိတ်ပြလိုက်၏။
“ ကျုပ်...မင်းကိုကျေးဇူးတင်ပါတယ်လေ ”
ဒွန်ဆေးဆားက ပြောပြီးသည်နှင့် အိမ်ပြင်သို့ ထွက်သွားတော့၏၊ အမ်ဒေါင်းနှင့်အိုမိုတို့ ကိုပါ တစ်ပါထဲ
ခေါ်ဆောင်ပြီး ဟာဗားနားကိုကျောခိုင်းထွက်ခွာ လိုက်ခြင်းဖြစ်သည်။
“ တန်ဘိုးရား တစ်ယောက်တော့သေသွားရှာပြီ”
ဒွန်ဆေးဆားက နှမျော တသစွာဖြင့်ပြောလိုက်ခြင်း ဖြစ်သည်။ သူ့စိတ်ထဲတွင်တန်ဘိုးရား၏ လူရည်လည်ပုံ၊
အကင်းပါးပုံတို့ကိုသတိရလျှက်ရှိနေသည်။
“ကျူဘားတစ်ကျွန်းလုံးမှာရှိတဲ့ကျွန်တွေထဲကမှအကောင်းဆုံးကောင်ကိုအဆုံးရှုံးခံလိုက်ရတာပါဘဲကွာ”
ထိုအသံက ဒွန်ဆေးဆားထံမှ ထပ်မံ၍ ညည်းလိုက်သလို ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ အဲလစ်(စ်)ကို
သတ်မပြစ်လိုက်မိသည့် အတွက်လဲ သူ့ကိုယ်သူ အံသြနေမိသည်။ တကယ်ဆို အဲလစ်(စ်)ကိုပါ သတ်ပြစ်လိုက်ဖို့
ကောင်းတာမဟုတ်လား။ သူတစ်ကယ်ချစ်မြတ်နိုးခဲ့သည့်စိတ်က တားဆီးပိတ်ပင်ခဲ့ခြင်းပေလော...
သူ့အနေနှင့်ဆက်လက်မတွေးတောလိုတော့ပေ။ အရာအားလုံးသည်ပြီးဆုံးခြင်းသို့တိုင်ခဲ့ပြီမဟုတ်ပါလား။
တန်ဘိုးရား၏ မျိုးဆက် ရင်သွေးငယ်တစ်ယောက်သာ အဲလစ်(စ်)ထံတွင် ကျန်နေခဲ့ကြောင်းကို သိရှိလျှင်တော့
ခုချက်ခြင်းပင်နောက်ကြောင်းပြန်လှည့်ကာ အဲလစ်(စ်)ကိုပစ်သတ်မိပေလိမ့်မည်။ သို့သော်ဒွန်ဆေးဆား အနေနှင့်
မသိနိုင်ရှာတော့...
ဒွန်ဆေးဆားမဆိုထားနှင့် ကာယကံရှင်ဖြစ်သော အဲလစ်(စ်) တောင်မှ တန်ဘိုးရား၏ မျိုးဆက်ကလေးကို
လွယ်ထားခဲ့ရကြောင်း ကိုယ်တိုင်တောင်မှသိပါလေစ...။
ကြမ္မာဇာတ်ဆရာက အလိုရှိသည့်အတိုင်း လှည့်ဖျား ဆော့ကစားခဲ့လေပြီ။ ကောင်းကင်ယံတွင်တော့
အလင်းသဲ့သဲ့ ကြယ်ပွင့်လေးများက ကံကြမ္မာပြဇာတ်ကို ငုံကြည့်အားပေးနေသလား ထင်ရအောင်ပြူတစ်ပြူတစ်
လုပ်နေကြ၏။ သေဆုံးသူကတော့ အနားရသွားလေချေပြီ။ ကျန်ရစ်သူများအတွက်ကတော့ ကြမ္မာဇာတ်ဆရာ၏
အလိုကျ ဆက်လက်ကပြကြရဦးတော့မည်ဖြစ်ပေတော့သည်။

ပြီးပါပြီ ။ ။
ချစ်ခြင်းများစွာဖြင့်
#မန္တလာမောင်မောင်တုတ်