Series 14(a)
" ကျွန် " အပိုင်း ( ၁ )
ဇာတ်လမ်း - ဘီးကြဲကြီး
အခန်း(၁)
ပူပြင်းလှသော အာဖရိက နေရောင်က မျက်နှာပြင်တစ်ခုလုံးကိုချွေးသီးချွေးပေါက်များနှင့်စိုရွှဲ နေစေသည်။
အချို့သောချွေးစက်များက ပါးစပ်ထဲထိအောင်စီးဝင်လာသောကြောင့် ငံကျိကျိအရသာကို တန်ဘိုးရားခံစားလိုက်
ရသည်။ကျောပေါ်မှထမ်းပိုးသယ်ယူလာသောသားကောင်ကိုတစ်ချက်ထဲနှင့်အသေသတ်ဖမ်းဆီးနိုင်ခဲ့ခြင်းအတွက်
ပျော်ရွှင်နေသောကြောင့် နေ၏အပူဒဏ်ကိုတောင် ဂရုမစိုက်နိုင်အားဘဲ ဖြစ်နေမိသည်။ ပတ်ဝန်းကျင်အား ဝေ့ဝဲ
ကြည့်ရှုမိတော့အရိပ်ရနိုင်မည့်တစ်ပင်ထဲထီးတည်းကြီးရှိနေသည့်သစ်ပင်ကြီးတစ်ပင်ကိုတွေ့လိုက်ရသည်။
ခြေလှမ်းများက သစ်ပင်ဆီသို့ ဦးတည်လိုက်မိ၏။ အရိပ်အောက်သို့ ရောက်သောအခါ ပခုံးပေါ်မှ သား
ကောင်ကို ပြစ်ချလိုက်ပြီး ခြောက်သွေ့နေပြီဖြစ်သော သစ်ရွက်ကျွေများပေါ်သို့ ကျောခင်းလှဲချလိုက်မိသည်။ အရိပ်
အောက်ဆိုသော်လဲ သစ်ရွက်များ၏ အကြိုအကြားမှ တိုးဝင်ရောက်ရှိလာသော နေရောင်ကသူ့ မျက်လုံးများကို
ကျိန်းစပ်စေသောကြောင့် မျက်လုံးများ မှိတ်ပြစ်လိုက်ရသည်။ သူပျင်းကြောဆန့်လိုက်သည်။ အရိပ်အောက်တွင်
မျက်စိမှိတ်ကာ အနားရလိုက်သောကြောင့်ယနေ့ညတွင်ကြုံတွေ့ရမည့်သူမျှော်လင့်ထားခဲ့သော အရေးကိုစိတ်ကူး
နေလိုက်မိသည်။
ဒီလိုနေ့မျိုးကို သူစောင့်စားခဲ့ရသည်မှာ ကြာပေပြီ။ လွန်ခဲ့သောနှစ်များကနဲ့ မတူတော့ဘူးဆိုတာကို သူ
ကောင်းစွာ နားလည်နေပေပြီ။ သူ့အသက်ဆယ့်ခွန်နစ်နှစ်ရှိနေပြီဆိုတာလဲ သူ့ကိုသူသိနေသည်။ သူ့အကို မန်ဒိုး
မားကတော့ သူ့အသက်ကို ဆယ့်ငါးနှစ်သာ ရှိသေးသည်ဟု လူသိရှင်ကြားပြောထားပေသည်။ မန်ဒိုးမားသည်
ရွာလူကြီးတစ်ယောက်ဖြစ်၏။ မျိုးနွယ်စု၏ ဦးဆောင်သူတစ်ယောက်ဖြစ်သည်။သူတို့တွင် ညီအကိုအားလုံးပေါင်း
ရှစ်ယောက်ရှိခဲ့သော်လဲ အသက်မရှည်ကြ။ မန်ဒိုးမားနှင့်တန်ဘိုးရား နှစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။
အကြီးဆုံးနှင့် အငယ်ဆုံးနှစ်ယောက်သာရှိသော်လဲ မန်ဒိုးမားနဲ့သူနဲ့သိပ်အစေးမကပ်ပေ။ သူတို့တဲအတွင်း
မှာ နတ်တိုင်တစ်ခု စိုက်ထူထားရာ ထိုနတ်တိုင်တွင်သူ့အသက်ကို မန်ဒိုးမားက အမှတ်အသား ပြုပေးခဲ့သည်မှာ
လွန်ခဲ့သော နှစ်နှစ်ကစ၍ ဆယ့်ငါးခုကပိုလာသည် မရှိတော့တာ သူမှတ်မိနေသည်။ သူ့အကိုက သူ့ကိုမုန်းနေ
ကြောင်း သိနေသောကြောင့်အခွင့်အရေးကိုသာ စောင့်နေခဲ့ရသည်။မန်ဒိုးမား၏ဇနီး ဇာရာဆာနှင့်သူ့ထက်အသက်
ပိုကြီးသော သူ့တူဗန်ဆူတို့ကလဲ သူ့ကိုနှစ်ခြိုက်ခြင်း မရှိပေ။
ဒါတွေကိုသိနေသောကြောင့်သူကလဲသူတို့ကိုမုန်းမိသည်မှာ သိပ်တော့မဆန်းဟုထင်မိသည်။ ဟောင်ဆာ
မျိုးနွယ်စု၏ အစဉ်အလာအရ တစ်နေ့မန်ဒိုးမား သေဆုံးခဲ့လျှင်တန်ဘိုးရားသာ တစ်ရွာလုံး၏ အကြီးအကဲ ဖြစ်ရပေ
မည်။ အကို၏ အရိုက်အရာကို ညီကသာ ဆက်ခံရမည်။ သားဖြစ်သူက ဆက်ခံနိုင်ခွင့် မရှိပေ။ တန်ဘိုးရား မရှိရင်
တော့ဗန်ဆူဆက်ခံနိုင်လိမ့်မည်။
ထို့ကြောင့်လဲ အာရပ်အနွယ်ဝင်ဖြစ်သော ဇာရာဆာနှင့် ဗန်ဆူတို့က တန်ဘိုးရားကို မလိုဘဲ ဖြစ်နေကြ
ခြင်း ဖြစ်ပါသည်။ ဟောင်ဆာထုံးတမ်းစဉ်လာတွေကို ဂရုမစိုက်သူများမို့ သားအမိနှစ်ယောက်ပေါင်း၍ တီးတိုးတိုင်
ပင်ကာ မန်ဒိုးမားက သူ့ကိုမုန်းအောင်လုပ်ထားနိုင်ခဲ့သည်။ သူတို့တွေ မလိုလားမှန်းသိသောကြောင့် လွန်ခဲ့သော
ခြောက်လခန့်ကထဲက ထိုတဲမှထွက်လာပြီး လူငယ်များ စုပေါင်းနေထိုင်သော တဲရှိရာသို့သူပြောင်းရွှေ့ခဲ့သည်။
ရွာကနတ်ဆရာ အဖိုးကြီး ကာနီလီက သူအရွယ်ရောက်နေပြီဆိုတာ သတိထားမိသွားခြင်းကတော့အမြတ်
ထွက်သည်ဆိုရမည်။ ထိုအတောအတွင်းအ ဖိုးကြီး ကာနီလီနှင့်နီးစပ်ကာ အဖိုးကြီးထံမှနည်းနာများကိုသင်ယူခွင့်
ရခဲ့သည်။မိမိ၏အတွင်းစိတ်ဓာတ်ကြံ့ခိုင်မှုကိုယုံကြည်နားလည်စေခြင်းမျိုးဖြစ်သည်။သားရဲတရိစ္ဆာန်များကိုရင်ဆိုင်
တိုက်ခိုက်နည်းများကိုလဲ သင်ယူခဲ့သည်။ ယခုပင်သူကိုယ်တိုင် သားကောင်တစ်ကောင်ကို ရှာဖွေသတ်ဖြန်နိုင်ခဲ့
သည်မဟုတ်လော။
အရိပ်အောက်တွင်လှဲနေရတာ နေလို့ကောင်းလှသည်။ နေရောင်ကျနေပြီဖြစ်သောကြောင့် နေမကွယ်မီ
ရွာကို အရောက်ပြန်ရမည်။ သူရလာသော သားကောင်ကို မိန်းမများက အရေစုတ်၍ စားသောက်ရန်ချက်ပြုတ်
ပြင်ဆင်ကြလိမ့်မည်။ စားကောင်းသောက်ဖွယ်များကိုစဉ်းစားမိသောကြောင့် ပါးစပ်ထဲတွင်လျှာရည်တို့နှင့် စိုစွတ်
သွားရသည်။ နေရောင်ပျောက်၍ ညရောက်လျှင် တွေ့ကြုံရတော့မည့် နာကြင်မှုအတွက်လဲ တွေးရင်း ကြက်သီး
ထလိုက်မိသည်။ အတွေ့အကြုံရှိပြီးသား လူကြီးတွေပြောပုံအရဆိုပါက မီးကဲ့သို့ ပူလောင်ခြင်းမျိုးဟု ဆိုတတ်ကြ
သည်မဟုတ်ပါလား။
တစ်ခါတလေ ဓါးကတုံးနေလျှင်အရေပြားက တော်ရုံနဲ့မပြတ်။ ထိုအခါမျိုးတွင်ကာနီလီက အရေပြားကို
မပြတ်ပြတ်အောင်ကြိတ်လှီးတတ်သောကြောင့်သေလောက်အောင်နာကြင်ရသည်တဲ့။ သူကတော့သိပ်စိတ်မပူပါ။
အဖိုးကြီးဆီမှာ ကျွန်ကုန်သည်တစ်ယောက်ဆီက ရထားသော ဓါးအသစ်တစ်ချောင်း ရှိနေတာ သိထားသောကြောင့်
ဖြစ်သည်။ ကာနီလီကလဲ နာကြင်မှုမရှိစေရလို့သူ့ကိုပြောထားသည်။
လူကြီးတစ်ယောက် ဖြစ်ရမည့်အရေးအတွက် လိင်တံထိပ်ဖူးမှ အရေပြားကို ဖြတ်တောက်ရန် သူစိတ်
လှုပ်ရှားမိသည်။ ရွာက မိန်းကလေးတွေက ဖြတ်တောက်မှုပြီးဆုံးသွားလျှင်သူ့ကိုအသိအမှတ်ပြု ဆက်ဆံပေလိမ့်
မည်။သူပထမဆုံးဆက်ဆံရန်စိတ်ကူးထားမိသော မိန်းကလေးကလေယွန်ဘာ၏သမီးအိုင်ဘာ ပင်ဖြစ်ရလိမ့်မည်။
အိုင်ဘာ၏ ဖွံဖြိုးနေပြီဖြစ်သော ရွှေရင်အစုံက မို့မောက်ဆူတင်းနေ သည်ကိုသူမတော်တဆ ထိတွေ့ဖူးထားကထဲက
ထိုမိန်းကလေးနှင့်စက်ယှက်လိုခဲ့သည်မဟုတ်ပါလား။
အစပိုင်းတော့ကောင်မလေး ထွက်ပြေးကောင်း ပြေးနိုင်သည်။ သို့ပေမယ့်တစ်ခါ ဒါမှမဟုတ်နှစ်ခါ ဒီထက်ပို
၍ ဆယ်ခါ၊ အခါနှစ်ဆယ်ကျော်ရင်တော့ ဘယ်ပြေးနိုင်မလဲ အိုင်ဘာရယ်ပေါ့။ သူနေရာမှ ထရပ်လိုက်သည်။ ပျော်
သလိုလိုဖြစ်နေ၏။ လူကြီးတစ်ယောက်အဖြစ် သက်သေပြနိုင်တော့မည်လေ။ ဆယ့်ခွန်နစ်နှစ်သား ဆိုသော်လဲ
တန်ဘိုးရား၏ အရပ်မှာ ရှည်လျားနေပြီဖြစ်သည်။ သူ၏မျိုးရိုးက ဟိုးအရင်ထဲက အာရပ်သွေး ရောခဲ့သောကြောင့်
သူ့မျက်နှာက နီဂရိုးအစစ်တွေလိုမဆိုးဝါးလှ။
မျက်လုံး၊ နှာတံတို့က ပေါ်လွင်ထင်ရှားလှသည်။ နှုတ်ခမ်းအစုံက ထူထဲသော်လဲ နီရောင်သမ်း၍ နူးညံ့မှုကို
ဖေါ်ပြနေသလိုပင်။ သူ့ခေါင်းထဲမှာပေါ်နေသော အိုင်ဘာ၏ ရုပ်သွင်ကို မောင်းထုတ်ပြစ်လိုက်ပြီး သားကောင်ကို
ကောက်ယူထမ်းလိုက်သည်။ ညမမှောင်ခင်ရွာကိုအရောက်ပြန်ရလိမ့်မည်။ ခြေလှမ်းများကို ခပ်သွက်သွက်လေး
လှမ်းလိုက်မိသည်။ ရွာအနီးသို့ရောက်သောအခါ လှောင်အိမ်ကြီးများအနီးမှ ဖြတ်သွားရသောကြောင့်ရောင်းချရန်
ဖမ်းဆီးထားသော သူများထံမှတေးညည်းသံသဲ့သဲ့ကို ကြားလိုက်ရသည်။
မြစ်ရိုးတရှောက်ရှိရွာများကို ဝင်ရောက်တိုက်ခိုက်ပြီး ဖမ်းဆီးရမိလာသော သူများကို ကျွန်ကုန်သည်များ
ထံသို့ရောင်းစားလိုက်ရင်သူတို့အတွက်ခေတ်မီလူသုံးကုန်ပစ္စည်းများ ရရှိလိမ့်မည်။ထိုအခါသူတို့၏လူနေမှုအဆင့်
က ပိုမိုမြင့်တက်လာနိုင်မည်ဖြစ်လေသည်။ အရင်တုန်းကဆိုရင်ရွာစည်းရိုးမှာ စစ်ပွဲတွင်ရရှိလာသော ရန်သူများ၏
ဦးခေါင်းကို ချိတ်ဆွဲထားလေ့ရှိသော်လဲ အခုအချိန်တွင်တော့ထိုဓလေ့က ပျောက်ကွယ်သွားတော့သည်။ ရန်သူကို
အသေသတ်၍ ခေါင်းဖြတ်ခြင်းထက်အရှင်ဖမ်းပြီး ရောင်းစားတာက ပိုပြီးအကျိုးရှိတာကိုသူတို့သိနေပြီလေ။
အိုင်ဘာက သူ့အဖေအိမ်ရှေ့တွင်မောင်းထောင်းနေသည်။ တန်ဘိုးရားက အိုင်ဘာကို တွေ့လိုက်ရသော
ကြောင့်ထိုနေရာသို့တန်းတန်းမတ်မတ်ပဲ သွားလိုက်၏။
“ ဒီည ကပွဲပြီးရင်ဘယ်လိုသဘောရလဲ ”
သူ့စကားကြောင့်ကောင်မလေး မောင်းထောင်းနေရာမှမျက်လွှာပင့်ကြည့်လာသည်။
“ ဘာကိုဘယ်လိုသဘောရ ရမှာလဲ ”
“ ဒီည ကပွဲပြီးရင်ငါလူကြီးဖြစ်ပြီလေ….နင်နဲ့ဆက်ဆံလို့ရပြီပေါ့ ”
အိုင်ဘာ့မျက်နှာက ပြုံးယောင်သန်းသွားသလိုထင်လိုက်ရသည်။
“ ဒါပေမယ့်ဒီညအတွက်ငါတစ်ခြားတစ်ယောက်ကိုဂတိပေးထားပြီးသား ဖြစ်နေပြီ”
အိုင်ဘာ့အပြောကြောင့် တန်ဘိုးရား လက်တစ်ဖက်နှင့် သူမ၏လက်မောင်းအိုးကို ဆွဲညှစ်လိုက်မိသည်။
အားပါသောကြောင့်သူမလက်ထဲတွင်ကိုင်ထားသော မောင်းထောင်းတံပင်လွတ်ကျသွားရသည်။
“ နာတယ်ရှင့် ”
အိုင်ဘာ ရုန်းရင်းပြန်ပြောသည်။
“မင်းစကားကိုမရုပ်သိမ်းရင်ငါကတော့ပိုနာအောင်လုပ်မှာဘဲ၊ ငါကလွဲရင်ဘယ်သူနဲ့မှမင်းမအိပ်ရတော့ဘူး၊
မင်းငါ့ကိုအလိုရှိနေတယ်ဆိုတာ မင်းကိုယ်မင်းသိရဲ့သားနဲ့ဘာဖြစ်လို့တစ်ခြားတစ်ယောက်လိုရဦးမှာလဲ ”
သူမက လက်ကိုအတင်းရုန်းကန်လိုက်ရာ တန်ဘိုးရား၏ နံငယ်ပိုင်းအောက်မှသန်မာထွားကြိုင်းသော စံချိန်
မီကြီးကိုထိတွေ့ သွားလေသည်။
“ အင်းလေ...ဖြစ်နိုင်စရာ ရှိပါတယ်”
သူမက သူနှင့်မျက်ဝန်းချင်း ဆုံအောင်ကြည့်ရင်း အဖြေပေးလိုက်သည်၊ တန်ဘိုးရား ကျေနပ်ဝမ်းသာသွားပြီး
သူ့ပခုံးထက်မှ သားကောင်ကိုတောင်လေးလံခြင်းမရှိတော့သလို ခံစားလိုက်မိသည်။ သူပျော်ရွှင်စွာနဲ့အိုင်ဘာ့ရှေ့
ကနေပြေးထွက်လာလိုက်ပြီး ရွာတွင်အကြီးဆုံး တဲအိမ်ကြီးရှိရာသို့ တခဏလေးအတွင်းမှာ ရောက်သွားသည်။
သူ့ပခုံးပေါ်မှသားကောင်ကိုမြေကြီးပေါ်ပစ်ချလိုက်၏။
“ အကိုကြီး.....မန်ဒိုးမား ”
သူက ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။
“ထွက်ခဲ့ပါဦးဗျ...ခင်ဗျားတဲရှေ့ မှာ ကျွန်တော်ကိုယ်တိုင်ဒီညစားပွဲအတွက်ပစ်လာခဲ့တဲ့သားကောင်ရောက်
နေပြီဗျ၊ ထွက်ကြည့်ပါဦး ”
တန်ဘိုးရား၏ အော်ခေါ်နေသော အသံကြောင့်မန်ဒိုးမားတဲအတွင်းမှထွက်လာခဲ့သည်။ သူက သားကောင်
ကို တစ်ချက်ငဲ့ကြည့်လိုက်၏။ သားကောင်၏ လည်မျိုတွင်တစ်ချက်ထဲသော ဒဏ်ရာကို သတိပြုလိုက်မိသည်။
မချီးကျူးချင်လှသော်လဲ ဝန်ခံသလိုတော့ပြောလိုက်မိရသည်။
“ တစ်ချက်ထဲနဲ့သတ်နိုင်ခဲ့တာဘဲ တော်တယ်မင်းအဖိုးကြီး ကာနီလီအိမ်ကိုသွားပေတော့၊ ပြီးတော့မင်းကို
လူကြီးတစ်ယောက်ဖြစ်လာစေမယ့်ဖြတ်တောက်မှုအတွက်ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားလိုက်တော့”
တန်ဘိုရားတယောက် ခုန်ပေါက်ပြေးလွှား၍ အဖိုးကြီးကာနီလီ တဲအတွင်းသို့ ဝင်ရောက်သွားသည်အထိ
စောင့်ကြည့်နေမိပြီးမှမန်ဒိုးမား သူ့တဲထဲသို့ပြတ်ဝင်လာခဲ့သည်။ တဲထဲတွင်အသင့်စောင့်ဆိုင်းနေကြသော မိန်းမနှင့်
သားကိုတွေ့လိုက်ရသည်။ ထင်ထားသည့်အတိုင်းဘဲ ဇာရာဆာက စတင်မြည်တွန်တောက်တီးပါတော့သည်။
“ သေနာကောင်လေးက အောင်မြင်မှုရလာပြီမဟုတ်လား”
“ ဟုတ်တာပေါ့.. .ဒီကောင်က အောင်မြင်မှုရလာပြီဆိုတော့ကျွန်တော်က ဘယ်လိုလုပ်ရတော့မှာတုန်း ”
ဗန်ဆူကပါ မကျေမနပ်ဝင်ပြောသည်။ သားတော်မောင်စကားကိုကြားလိုက်ရတော့ဇာရာဆာက အနီးတွင်
အသင့်တွေ့ ရသော ဓါးတစ်ချောင်းကို ဗန်ဆူ့ထံသို့ ပစ်ပေးလိုက်လေသည်။ မန်ဒိုးမားကဓါးကို ကြားထဲကနေ
ကျင်လည်စွာ ဝင်ဖမ်းလိုက်သည်။ ထို့နောက်ဇနီးဖြစ်သူဘက်သို့လှည့်၍
“ မဟုတ်သေးပါဘူး မိန်းမရာ...ဒီလိုလုပ်လို့ ဘယ်ရမတုန်းကွ၊ မင်းနဲ့ငါရော မင်းသားရောပါ တန်ဘိုးရားကို
ဒီလိုလုပ်လို့လုံးဝမဖြစ်ဖူး၊ ဒီကောင်လေးက ငါ့သွေးသား၊ ဟောင်ဆာမျိုး၊ ငါတို့ဒီကောင်လေးကိုသတ်ပြစ်လို့မဖြစ်ဖူး၊
တော်ကြာသူ့ဝိညာဉ်က ငါတို့ဘဝတစ်လျှောက်လုံးကိုလိုက်နှောက်ယှက်နေတော့မှာကွ...နားလည်လား”
“ အော...ဒီလိုဆို ကျုပ်တို့က မသာလေးကို အသက်ရှင်ခွင့် ပေးရမယ်ပေါ့လေ... ကောင်းပါလေ့.... ဒါမှ
ကောင်လေး အရွယ်ရောက်လာတဲ့အခါ ရှင့်ကိုမြန်မြန်သေအောင်ဆုတောင်း၊ ရှင်သေတော့ အကြီးအကဲနေရာကို
ယူပေါ့၊ ဒီတော့ရှင်မွေးထားတဲ့ရှင့်သားက အလကားဖြစ်ပြီပေါ့၊ ရှင်သိထားဖို့က ရှင့်ညီသေနာကောင်လေးရှိနေသမျှ
ရှင့်သား ဗန်ဆူအတွက်ဘာအခွင့်အလမ်းမှမရှိတော့ဘူးဆိုတာဘဲ၊ ကျွန်မကတော့ရှင့်ညီကိုအသက်ရှင်ရက်မတွေ့
ချင်တော့ဘူး၊ ဒါဘဲ ”
မန်ဒိုးမား၏ လက်ဝါးစောင်းက ဘယ်ကဘယ်လို ဖြတ်ဝင်လာသည်မသိလိုက်ရ။ သူမသွားတွေ ကျင်တက်
သွားပြီး ခွေခွေလေး လဲကျသွားရသည်။
“ မင်းပါးစပ်ကို ပိတ်ထားစမ်း တစ်ခြားနည်းလမ်းတွေ ရှိသေးတယ်ကွ စောင့်ကြည့်နေလိုက်စမ်းပါ အားလုံး
အဆင်ပြေအောင် ငါလုပ်ပေးမယ်။ အေး ဟောင်ဆာသွေးချင်း သတ်ဖို့ဖြတ်ဖို့တော့ နောက်တစ်ခါ ထပ်မပြောနဲ့
ပြောရင်ဒီ့ထက်နာမယ်မှတ်”
မန်ဒိုးမားစကားကိုဗန်ဆူစိတ်ဝင်စားသွားသည်။သူ့အဖေမှာဘယ်လိုအကြံအစည်တွေရှိနေသည်ဆိုတာကို
သိချင်သော်လဲ မေးရန်မဝံ့မရဲဖြစ်နေမိ၏။ မန်ဒိုးမာကတော့စိတ်ဆိုးပြီး တဲပြင်ထွက်သွားသည်။ သူ့အဖေနောက်သို့
လိုက်သွားပြီး အနီးနားမှာ မယောင်မလည်လုပ်နေလိုက်သည်။ ဗန်ဆူသူ့နောက်က လိုက်လာပြီး အနားမှာ မယောင်
မလည်လာလုပ်နေကထဲက ဒီကောင်သူ့အစီအစဉ်ကိုစိတ်ဝင်စားနေပြီမှန်း သိလိုက်ပါသည်။
“ ဗန်ဆူ.....မင်း သိချင်နေတယ်မဟုတ်လား....ဒီနားလာခဲ့...ပြောပြမယ်”
“ ဘယ်လိုနည်းလမ်းတွေနဲ့လုပ်မှာလဲ အဖေ ”
“ တို့မှာရောင်းစားမယ့်ကောင်တွေ ဆယ့်ရှစ်ယောက်လှောင်အိမ်ထဲမှာရှိနေတယ်။ ဆာဗန်းပူးဆိုတဲ့ မုဆိုး
လေးလဲ အပါအဝင်ပေါ့ကွာ သူ့ဦးလေးက နောက်မိန်းမတယောက်ထပ်ယူဖို့ပစ္စည်းတွေနဲ့အလဲအလှယ်လုပ်လိုက်
တဲ့တစ်ကောင်ပေါ့။ မင်းရော မင်းအမေရော ဥာဏ်မရှိကြဘူး ငါဒီညဘဲ တန်ဘိုးရားကို ကျွန်ကုန်သည်လက်ထဲ
ထည့်လိုက်တော့မလို့ကွ....နားလည်ပြီလား ”
ဗန်ဆူက သူ့သွားတွေကိုဖွေးကနဲ နေအောင်ပြုံးလိုက်ရင်းမှတခဏအတွင်း အမူအရာ ပြောင်းသွားသည်။
“အဖေ...စဉ်းစားဦးနော်....ဒီငနဲလေးက အဖိုးကြီး ကာနီလီရဲ့ အချစ်တော်လေး..တကယ်လို့အဖေသာသူ့ကို
ရောင်းလိုက်မှန်း အဖိုးကြီးသိသွားရင်ကျွန်တော်တို့ကိုတစ်ရွာလုံးက အပြစ်တင်ကြလိမ့်မယ်ဗျ”
“ မင်း သာသွားမပြောရင်အဖိုးကြီးက ဘယ်လိုသိနိုင်မှာလဲ ”
မန်ဒိုးမား အသံက သားဖြစ်သူ၏ အူတူတူနိုင်မှုကိုအားမလိုအားမရဖြစ်ဟန်အပြည့်ပါနေသည်။
“ နားထောင်စမ်း...တန်ဘိုးရား ဒီညကပွဲမှာ တစ်ကိုယ်လုံး ရွှံစေးတွေနဲ့ လူးပြီးရင်အိမ်ကိုအရင်လာလိမ့်မယ်။
မင်းအလှည့်တုန်းကဘယ်လိုတွေလုပ်ခဲ့ရတယ်ဆိုတာမေ့သွားပြီလားထုံးတမ်းစဉ်လာအရသူအိမ်ကိုလာပြီးသေရည်
သောက်ရလိမ့်ဦးမယ်သူ့အတွက်အကိုဖြစ်တဲ့ငါက အားလုံးကိုဖေးမရလိမ့်ဦးမယ်”
“ ကျွန်တော့်တုန်းကလိုပေါ့ ”
ဗန်ဆူက ထောက်ခံစကား ဝင်ပြောလိုက်သည်။
“ အေး...ဟုတ်တယ်၊ ထွီ...မင်းတုန်းက နာလွန်းလို့ဆိုပြီး ငယ်သံပါအောင်အော်ဟစ်နေတာ မှတ်မိသေး
တယ်၊ တော်တော်သတ္တိနဲတဲ့ကောင်ကဲ..ထားပါတော့လေ ဒီနေ့ည တန်ဘိုးရား သေရည်သောက်တဲ့အခါ အနာ
သက်သာအောင်ဆေးမှုန့်ထည့်ရမှာဘဲ အဲဒီဆေးမှုန့်ကို ပိုပိုသာသာလေး ထည့်လိုက်ယုံဘဲ အဲဒါကြောင့်လဲ သူအိပ်
ပျော်သွားလိမ့်မယ်ပြီးတော့မှ ဒို့ကသူ့ကို ကျွန်ကုန်သည်အာရပ်ကြီးလက်ထဲ ထည့်လိုက်မှာပေါ့ အဲ...ရောင်းစားဖို့
တော့ မဟုတ်ဖူးကွ.... အလကားပေးလိုက်မှာ.... လက်ဆောင်ပေါ့ကွာ နောက်တော့ ဒို့က အဖိုးကြီး ကာနီလီကို
ဒီကောင်အဖြတ်ခံရရင် နာမှာကြောက်လို့ ထွက်ပြေးသွားပြီလို့ ပြောလိုက်မှာပေါ့ အရင်ကလဲ ရွာထဲမှာ ဒီလိုဘဲ
အသားနာမှာကြောက်လန့်ပြီး ထွက်ပြေးသွားကြတဲ့ကောင်တွေ ရှိခဲ့ဘူးတာဘဲမဟုတ်လား”
“ အဖေကလဲ.....ဒီကောင်သတ္တိရှိတယ်ဆိုတာ ကာနီလီက သိနေတာဘဲဟာကို ”
“ ဒါကိုအဖိုးကြီး ကာနီလီက ဘယ်လိုသက်သေထူမှာတဲ့လဲ ”
“ အဖေကလဲဗျာ ဒီကောင့်ကိုဘာဖြစ်လို့အလကားပေးလိုက်မှာလဲ ပစ္စည်းတခုခုနဲ့လဲလိုက်ရင်ကျွန်တော်တို့
အတွက်အကျိုးရှိတာပေါ့ ”
ဗန်ဆူက လောဘစကားဆိုလိုက်မိသည်။
“ သူ့ကိုငါ့အနေနဲ့ ရောင်းစားလို့ မဖြစ်ဖူးကွ သူက ငါ့အဖေရဲ့သား စည်းကမ်းချက်တစ်ခုနဲ့ အာရပ်ကြီးကို
ပေးလိုက်မှာ ဒီကောင်ကျွန်ကုန်သည်ဆီမှာ ပါသွားတာကို ဘယ်သူမှ မသိစေရဘူး သူ့ကိုဝှက်ပြီးခေါ်သွားဖို့ ဂတိ
တောင်းရလိမ့်မယ် ဒို့တွေ သူ့ကိုဘယ်တော့မှ ပြန်မတွေ့နိုင်မယ့် နေရာထိသူ့ကိုခေါ်သွားခိုင်းရမယ် ပြီးရင်တော့
သူ့အသက်ကို မှတ်ထားတဲ့နတ်တိုင်ကို မီးရှို့လိုက်ယုံပေါ့သူမရှိတော့ရင်ငါတို့နဲ့မဆိုင်တော့ဘူး သူ့အပေါ်မှာ ဘာ
အမြတ်ထုတ်မှုမှ မလုပ်ခဲ့တဲ့အတွက်သူသေသွားရင်တောင်မှ ငါတို့အတွက်ဘာမှလိပ်ပြာ လန့်နေစရာ မလိုတော့
ဘူးလေ မင်းပါးစပ်ကိုတော့ လုံအောင်ပိတ်ထားရလိမ့်မယ်တစ်ခုခုအသံထွက်လာရင်တော့ ရွာကပြေးဖို့သာပြင်ပေ
တော့...”
အခန်း ( ၂ )
တန်ဘိုးရား၏ သိစိတ်တို့က တဖြည်းဖြည်း ပြန်လည်ဝင်ရောက်လာကြသည်။ ခေါင်းထဲမှာ မူးနောက်နေမှု
ကတော့ရှိနေသေးသည်။ ခန္ဓာကိုယ်ကိုလှုပ်ရှားကြည့်တော့လွတ်လပ်စွာ လှုပ်ရှားလို့မရဘဲဖြစ်နေသည်။ ဘာတွေ
ဖြစ်နေမှန်း နားမလည်နိုင်ပါ။ သူ့မျက်လုံးအစုံကိုကြိုးစားပြီး ဖွင့်ကြည့်လိုက်သည်။ ခြေထောက်မှာရော လက်ကောက်
ဝတ်မှာပါ ကြိုးများနှင့် ချည်နှောင်ထားမှန်း သိလိုက်ရသည်။ ပူပြင်းခြောက်သွေ့မှုက ပါးစပ်မှသည်ဝမ်းဗိုက်ထိတိုင်
အောင်မီးစနှင့်ထိုးနေသလိုခံစားနေရသည်။
ပတ်ဝန်းကျင် အနေအထားကို လေ့လာကြည့်လိုက်သောအခါ သူ့ဦးခေါင်း တလှုပ်လှုပ် ဖြစ်နေရခြင်းမှာ
မြင်းတစ်ကောင်ပေါ် ရောက်နေ၍ ဖြစ်ကြောင်းသိလိုက်ရ၏။ မိမိတကိုယ်လုံး စူးစမ်းကြည့်လိုက်မိပြန်သည်။ ညက
လိမ်းကျံထားသော ရွှံ့စေးများက ရှိနေတုန်းပင်ဖြစ်သည်ကို တွေ့ရ၏။ နာကျင်မှုရှိနေသင့်သောနေရာတွင်နာကြင်မှု
ကိုမခံစားရကြောင်းကိုလဲသူသတိထားမိလိုက်ပြန်သည်။အဖြစ်အပျက်ကိုတစ်ခုချင်းစီပြန်စဉ်းစားကြည့်လိုက်တော့
သူ့မှတ်ဥာဏ်များက ပြန်လည်နိုးထလာရသည်။
သူ့အကိုတဲဆီမှနေ၍ အဖိုးကြီး ကာနီလီ၏ တဲရှိရာသို့သူပြေးသွားခဲ့သည်။
ကာနီလီသည်ဝမ်းမြောက်စွာဖြင့်သူနှင့်အတူလူကြီးနေရာသို့တက်လှမ်းတော့မည့်သူများကိုရွှံ့စေးများနှင့်
လိမ်းချယ်ပေးသည်။ ထို့နောက်ကာနီလီက ဦးဆောင်ပြီး လူငယ်များ၏ အုပ်ထိန်းသူများရှိရာသို့ခေါ်ဆောင်လိုက်ပို့
ခဲ့သည်။ မန်ဒိုးမားနှင့်ဗန်ဆူတို့က အဖိုးကြီးကာနီလီကိုရိုသေစွာနှင့်ကြိုဆိုနှုတ်ဆက်ကြသည်။အဖိုးကြီးပြန်လည်ထွ
က်ခွါသွားတော့မန်ဒိုးမားက သူ့ဦးခေါင်းကိုလက်နှစ်ဖက်နှင့်အုပ်ကိုင်ပြီး ဆုတောင်းပေးသည်။
အခုကျတော့လဲ သူ့အကိုအသံက အမှန်ပင်ကြင်နာမှုအပြည့်ပါသည်ဟု တန်ဘိုးရား ထင်နေမိသည်။ ဆု
တောင်းပေးပြီးသောအခါ ထုံးစံအရ သေရည်တစ်ခွက်တိုက်သည်။ သေရည်ကလိုအပ်သည်ထက်ပိုခါးနေသည်လို့
ထင်လိုက်မိသေးသည်။ အဲဒိနောက်မှာတော့သူရီဝေစွာနဲ့ နတ်တိုင်ကို မှီပြီးထိုင်ချလိုက်မိ၏။ အဲဒီ့နောက်ပိုင်းတော့
ဘာမှထပ်ပြီး စဉ်းစားလို့မရတော့။
ရုတ်တရက် အားကုန်သုံး၍ မြင်းပေါ်မှလှိမ့်ချလိုက်သည်။ တစ်ယောက်ယောက် ကြားပါက လာရောက်
ကူညီနိုင်ရန် အသံကုန်ဟစ်အော်ပြစ်လိုက်သည်။ ကျောပေါ်သို့ ကြာပွတ်တစ်ချက် ကျရောက်လာသည်ကလွဲလို့
ဘာမှထူးမလာခဲ့။ သူ့အပေါ် အုပ်မိုးလာသော အရိပ်ကြောင့် ဘာကြောင့်ဒီလိုအဖြစ်မျိုး ရောက်နေသည်ကို သိနိုင်
မလားဟု မော့ကြည့်လိုက်မိ၏။ ကျွန်ကုန်သည်အာရပ်ကြီး အာမာဂျလာကို တွေ့လိုက်ရသည်။ ဘာမှ မေးမြန်း
စရာမလိုဘဲ သူသဘောပေါက်သွားသည်။ သူ့အကိုအရင်းက သူ့ကိုဒီလိုဘဝမျိုးသို့ပို့ဆောင်လိုက်သည်ဆိုတာကို
အသည်းနာမိသည်။ သူမျှော်လင့်အားခဲထားသော အိုင်ဘာနှင့် ကာမ မဆက်ဆံလိုက်ရခြင်းအတွက်ပိုလို့တောင်
အသည်းနာမိသေးသည်။
တန်ဘိုးရားကို ငုံကြည့်နေသော မျက်ဝန်းအစုံက နက်မှောင်နေလေသည်။ နုပျိုသောမျက်နှာတွင်ရိုင်းစိုင်း
ရက်စက်မှုတို့က ပေါ်လွင်နေသည်။ ပါးလွှာသော နှုတ်ခမ်းများမှ နှေးကွေးလေးလံသော ဟောင်ဆာ စကားက
တိုးညင်းစွာ ထွက်ပေါ်လာသည်။
“ ကောင်လေး...မင်းက တန်ဘိုးရား၊ ငါက ဇင်းဒါးမြို့က ဆူ(လ်)တန်ရဲ့သား အာမာဂျလာဘဲပေါ့ကွာ..ဟောဒီ
အုပ်စုတစ်ခုလုံးက ငါ့ရဲ့ကျွန်အုပ်စုဘဲ..ဒီတော့ မင်းဟာလဲ ကျွန်တစ်ယောက်ပဲပေါ့၊ ခုချိန်မှာ မင်းက မန်ဒိုးမားရဲ့
အရိုက်အရာကိုဆက်ခံရမယ့်သူမဟုတ်တော့ဘူး၊ ဒီတော့မင်းဟာ ဒီမှာ ဘာမှမဟုတ်တော့ဘူး၊ မင်းစီးလာခဲ့တဲ့မြင်း
တစ်ကောင်လောက်တောင်မင်းဟာ တန်ဘိုးမရှိတော့ဘူး၊ ဒါကြောင့်မင်းငါ့စကားကိုနားထောင်ပြီး ကောင်းကောင်း
မွန်မွန် လိုက်ခဲ့ပါ ငါမင်းကို အနာတရ မဖြစ်စေချင်ဘူးကွ..ကိုယ့်ကိုကိုယ် သတ်သေဖို့ကြိုးစားမယ် ဒါမှမဟုတ်..
ဟိုအကောင်လိုကလိမ်ကျမယ်ဆိုရင်တော့မင်းကိုမြေပေါ်ချပြီး ပုရွက်ဆိတ်အစာ ကျွေးပြစ်မယ်”
တန်ဘိုးရားကြိုးစား၍ ထရပ်လိုက်သည်။ အာမာဂျလာ၏ ကျွန်ယုံတစ်ယောက်ဖြစ်သော အားကင်းက သူ့
လက်မဲကြီးများနှင့် ဖေးကူလာသည်။ ပြီးတော့ အာမာဂျလာ၏ နူးညံသောလက်နှစ်ဖက်က သူ၏ အသားစိုင်များ၊
ဝမ်းဗိုက်၊ တင်ပါးဆုံ ခြေထောက် နောက်ဆုံး မွေးရာပါ ထွားကြိုင်းသန်မာလှသော လိင်တံကြီးကိုပါ ကိုင်တွယ်
ကြည့်သည်။ အာမာဂျလာက သူ့လက်မှာ ပေကျံသွားသော ရွှံစေးခြောက်များကို အားကင်း၏ အဝတ်များမှာသုတ်
လိုက်ပြီးဆက်ထွက်ရန်အမိန့်ပေးလိုက်လေသည်။
သူတို့တွေ မြစ်ကမ်းပါးသို့ ရောက်သောအခါ တန်ဘိုးရား တော်တော်လေး အံသြသွားမိရသည်။ သူတို့ရွာ
အနီးတွင်ရှိသော ချောင်းမှာ နွေအခါတွင်ရေများခမ်းခြောက်သွားပြီး မိချောင်းများ၏ ကျောကုန်းများကိုတောင်မြင်
နေရသည်။ အခုကျတော့ သူဘယ်တုန်းကမှ မကြားဖူးမမြင်ဖူးသော ရေပြင်ကျယ်ကြီးကို မျက်ဝါးထင်ထင်တွေ့
မြင်လိုက်ရသည်မဟုတ်ပါလား။
ဒီနေရာသို့မရောက်ခင်သူတို့တစ်တွေသည်ပူပြင်းခြောက်သွေ့သော နေရာများ၊ သစ်ခြောက်ပင်တွေချည်း
ပြည့်နေသောနေရာ၊ ရွှံ့နွံများထူပြောသောနေရာ၊ နေပျောက်မထိုးနိုင်လောက်အောင်အုပ်ဆိုင်းသော တောအုပ်ကြီး၊
မှက်..ခြင်...ယင်...ပိုးမွှားများပေါများလွန်းသည့်နေရာ.. စသည်..စသည်ဖြင့်ကျော်ဖြတ်ခဲ့ကြရသည်။သူတို့အုပ်စုထဲ
တွင်အမျိုးသမီးငယ်များ၊ သားသည်မိခင်များနှင့်ကိုယ်ဝန်ဆောင်များပါ ပါဝင်သည်။
မြစ်ကမ်းတစ်လျှောက်တွင်ဆိုက်ကပ်ထားသော ကနူးလှေကြီးများကို ရေတွက်ကြည့်မိရာ သူ့လက်ချောင်း
လေးများကုန်သွားတာတောင်မြောက်များစွာကျန်နေသေးကြောင်းတန်ဘိုးရားတွေ့လိုက်ရ၏။ကနူးလှေကြီးများမှာ
ကြီးမားလှသောကြောင့် တစ်စီးကို လူဆယ်ယောက် ကျော်ကျော်လောက်တော့ စီးနိုင်လိမ့်မည်ဟု သူခန့်မှန်းမိ
လိုက်သည်။သူတို့ကိုချည်နှောင်ထားသောအနှောင်အဖွဲ့ များကိုလွှတ်ပေးလိုက်ပြီဖြစ်သော်လည်းတစ်ဦးနှင့်တစ်ဦး
လည်ပင်းချင်း ချိတ်ဆက်ချည်နှောင်ထားသော ကြိုးများကိုတော့ဖြည်ပေးခြင်းမရှိပေ။
ကနူးလှေကြီးများပေါ်သို့တစ်ဦးချင်း တက်စေသည်။ လည်ပင်းတွင်ချည်ထားသော ကြိုးကြောင့်အတွဲလိုက်
ကြီး ဖြစ်နေရ၏။ ရေထဲသို့ ပြုတ်ကျမသွားရအောင်အချင်းချင်း သတိပေးနေရသည်။ သူတို့အတွက်စားစရာများ
အဆင်သင့်ရှိနေသော်လဲ ထည့်စားရန်ဖက်ရွက်က မရှိသောကြောင့် လက်ခုပ်ထဲမှာဘဲ တရိစ္ဆာန်များလို ဂမူးရှူးဒိုး
စားလိုက်ရသည်။ မစားချင်လှသော်လဲ အစာရှိမှ ခွန်အားရှိမည်ဖြစ်သောကြောင့် ကျိတ်မှိတ်မျိုချပြစ်လိုက်မိသည်။
လှေတစ်စီးပြီးတစ်စီး လူများတင်ဆောင်ပြီး သွားသောအခါသူတို့တွေသည်မြစ်ရိုးတစ်လျှောက်စုန်ဆင်းခဲ့ကြသည်။
လှေပေါ်ရောက်သောအခါမှ သူနှင့်မလှမ်းမကမ်းတွင်ရှိသော မြင်ဖူးသလိုရှိနေသော မျက်နှာတစ်ခုကို တွေ့
လိုက်သည်။ မုဆိုးလေး ဆာဗန်းပူး ဖြစ်နေ၏။ မိမိနှင့်သိကျွမ်းသူတစ်ဦးကို တွေ့လိုက်ရသောကြောင့်တန်ဘိုးရား
အားတက်သလို ဖြစ်ရသည်။ တစ်ရွာထဲသားချင်းဖြစ်သောကြောင့်အတူတကွ ရင်ဆိုင်ကျော်ဖြတ်ရပါက အားတစ်ခု
ပင်မဟုတ်လား။ ဆာဗန်းပူးကလဲ တန်ဘိုးရားကိုတွေ့ လိုက်ရသောကြောင့်နေရာရွှေ့လာသည်။ တစ်ဦးနှင့်တစ်ဦး
ပြုံးပြမိကြ၏။ နှုတ်ဆက်ပြုံးလား အားပေးပြုံးလား ဆိုတာကိုတော့သူတို့ကိုယ်တိုင်လဲ မကွဲပြားပေ။
“ ဘယ်လိုဖြစ်ရတာလဲ တန်ဘိုးရား ”
“ ငါ့အကိုစနက်ပေါ့ကွာ ပြောရရင်အသည်းနာစရာပါ ဒါနဲ့မုဆိုးလေးကရော ဘယ်လိုဖြစ်လို့ဒီမှာပါလာရတာ
လဲ ”
“ ငါ့ဦးလေးလေကွာ.... သူမိန်းမနောက်တစ်ယောက်ယူချင်တာနဲ့ ငါ့ကိုရောင်းစားလိုက်တာ ”
“ ဒါဆို...မင်းကိုပစ္စည်းတွေနဲ့ရောင်းစားတာကို ကြိုသိနေရဲ့သားနဲ့လိုက်လာတာလား ”
“ မသိပါဘူး...အေးလေ နေစရာမရှိဘဲရွာပြေးဘဝနဲ့နေရမှာထက်စာရင်ကျွန်ဖြစ်ရတာက ပိုကောင်းမယ်လို့
ထင်တာဘဲ ”
ဆာဗန်းပူးက တန်ဘိုးရား မေးခွန်းများကို ဖြေနေရတာ စိတ်မပါသောကြောင့် စကားလမ်းကြောင်းပြောင်း
လိုက်သည်။ ထိုအကြောင်းတွေကို ပြန်ပြောင်းပြောဆိုနေလို့ ဘာမှမထူးခြားနိုင်တော့မှန်း သူသိထားသောကြောင့်
ဖြစ်သည်။
“ ဒို့တွေဟာ ဒီမြစ်ကြောင်းအတိုင်းဆုံးအောင်သွားရမယ်၊ ပြီးတော့ဒီ့ထက်ကြီးတဲ့လှေကြီးတွေပေါ်တက်ကြရ
မယ်၊ အဲဒိလှေကြီးတွေက ခုလိုမျိုးလှော်တက်မရှိဘူး၊ ငှက်များလို တောင်ပံဖြူဖြူကြီးတွေနဲ့တဲ့ကွ ငါတော့အဲဒီလို
ကြားဖူးတာဘဲ၊ လှေကြီးတွေနဲ့ ခရီးဆုံးရင်တော့ လွပ်လပ်တဲ့ ကမ္ဘာတစ်ခုကို ရောက်လိမ့်မယ်အဲဒီ့မှာ မိန်းမတွေ
သိပ်ပေါတာဘဲတဲ့၊ ဒီတော့ ဒို့တွေက သစ်ပင်ပေါ်က သစ်ရွက်တွေထက် ပိုများတဲ့ကလေးတွေ မွေးနိုင်အောင်
လုပ်ကြတာပေါ့ကွာ စားမယ် အိပ်မယ် မိန်းမတွေနဲ့ဆက်ဆံမယ် အဲဒီလိုဘဝမျိုးကို ငါတော့ သဘောကျသဟေ့
ရွာမှာနေပြီး ညကပွဲဖြစ်လို့ မှောင်ထဲမှာ ကောင်မလေးတွေကို အတင်းလိုက်ဖမ်း နေရတာထက်စာရင်အများကြီး
သာတာပေါ့ကွာ ”
တန်ဘိုးရား အတန်ကြာ တိတ်ဆိတ်သွားသည်။ ဆာဗန်းပူးပြောတာ အမှန်တွေဖြစ်နိုင်သလို လုပ်ကြံပြော
ဆိုနေခြင်းလဲ ဖြစ်နိုင်ပါသည်။ သူလဲ ရွာကိုအရမ်းကြီး ပြန်ချင်လှတယ်မဟုတ်ပါ။ သူ့ကိုမလိုလားသူသုံး ယောက်လဲ
ရှိနေကြသည်မဟုတ်လား။ မန်ဒိုးမားသေရင်သူဘုရင်ဖြစ်နိုင်ပေမယ့် မန်ဒိုးမားက တော်တော်နှင့် သေနိုင်ဦးမည်
မဟုတ်၊ သန်တုန်းမြန်တုန်းဘဲ ရှိနေသေးသည်။ ရွာနီးဝင်းကျင်မှလွဲ၍ ဘယ်ကိုမှမရောက်ဖူးသောကြောင့်ခုလိုသွား
နေရတာကိုနှစ်ခြိုက်မိသလိုရှိသော်လဲ စိတ်ထဲမှာ မပျော်နိုင်သည့်အကြောင်းကရှိနေသည်။
“ မင်းအတွက်ကတော့ဟန်ကျပါတယ်ဆာဗန်းပူးရာ တကယ်လို့သာ တစ်ညလောက်အချိန်ပိုရခဲ့ရင်တော့
ငါဟာ တကယ့်ယောက်ျားတစ်ယောက်ဖြစ်နိုင်ပါသေးတယ်ခုတော့ငါဘယ်လိုမိန်းမရနိုင်တော့မှာလဲကွာ ”
“မင်းက မဟုတ်တဲ့စကားတွေပြောပြီး အားငယ်နေတာကိုးကွ၊ မင်းဒီအတိုင်းလဲ မိန်းမရနိုင်ပါတယ်ကွာ....
ငါတို့ရွာမှာသာ အဲဒီကိစ္စတွေ အယူသည်းနေတာ အဲဒီအယူတွေကို အာဖရိကတိုက်တစ်ခုလုံး လက်ခံထားတာ
မဟုတ်ပါဘူးဟ ”
“ အေး...သူပြောတာဟုတ်တယ်ကွ...ကောင်လေးရ...နောက်တော့မင်းသိလာမှာပါကွာ”
သူတို့နှစ်ယောက်ပြောဆိုနေသည်ကို ဘေးကနေ တစ်ချိန်လုံးကြားနေရသော အမ်ဒေါင်းက ဝင်ရောက်၍
ထောက်ခံပြောဆိုလိုက်ခြင်းဖြစ်သည်။
“ ဒါ အမှန်ဘဲလား...ဆာဗန်းပူး ”
သူ၏ သောကတွေ ဝေဒနာတွေ ပျောက်ကွယ်သွားပြီး လွန်စွာဝမ်းသာသွားသော တန်ဘိုးရားက သေချာ
အောင်ထပ်မေးလိုက်ခြင်းဖြစ်၏။
“ ဟုတ်တယ်...တန်ဘိုးရား...အမှန်တကယ်ဘဲကွ..သွေးအန်ရစေရဲ့ ”
ဆာဗန်းပူးက ကျိန်၍ပင်ပြောလိုက်ပြန်လေသည်။
“ ကောင်းတယ်...ဒီလိုဆိုရင်မင်းတို့နဲ့အတူ ငါပျော်ပျော်ကြီးလိုက်ခဲ့တော့မယ်ကွာမင်းပြောသလို တစ်ခြား
ကမ္ဘာမှာ ကလေးတွေ အများကြီး မွေးအောင်လုပ်ရမယ်။ တခုတော့ရှိတယ်ကွ..”
“ ဘာတခုရှိတာလဲကွ ”
“ အိုင်ဘာလေကွာ...လေယွန်ဘာရဲ့သမီးလေ....ငါ သူ့ကိုလိုးရခါနီး ဆဲဆဲကျမှကွာ...”
တန်ဘိုးရားက နှမျောတသနေသော လေသံနှင့်ငြည်းငြူသလိုပြောလိုက်မိခြင်းဖြစ်၏။
“ အဲဒီကောင်မလေးကို ငါသိပါတယ်ကွာ မေ့ထားလိုက်စမ်းပါ ရွာမှာရှိတဲ့ မိန်းကလေးတွေထဲမှာ သူဟာ
အဆင်းရဲဆုံးနဲ့သုံးလို့မကောင်းဆုံးပါကွာ ”
“ မင်းက စားဘူးထားတဲ့ကောင်ဆိုတော့ပြောအားရှိတာပေါ့ကွာ အေးပါ မင်းပြောသလိုဆိုရင်တော့သူ့ကိုငါ
သတိရမနေတော့ပါဘူး မင်းပြောတဲ့ကမ္ဘာသစ်ကို ရောက်မှဘဲ စားလိုက်၊ အိပ်လိုက်လိုးလိုက်နဲ့ကောင်းတယ်ဟေ့
ကျေးဇူးဘဲ ငါပျော်သွားပြီဆာဗန်းပူးရေ ”
တန်ဘိုးရားက ရင်ကိုကော့၍ ကိုယ်ကိုမတ်ထားလိုက်သည်။
“ ကဲ....ဒီလိုဖြင့်လဲ အိပ်တော့ကွာ ”
ဆာဗန်းပူးက သူ့ကိုယ်သူနေလို့သက်သာအောင်လုပ်ရင်းပြောလိုက်သည်။ တစ်ယောက်ကိုတစ်ယောက်မှီ
ရင်းအိပ်ပျော်သွားကြသည်။ နောက်နေ့နောက်နေ့နောက်နေ့ဒီလိုနှင့်ခရီးဆက်ရသည်မှာ ရှစ်ရက်မြောက်ကြာသည်
အထိပင်ဖြစ်လေတော့၏။
အခန်း ( ၃ )
အာဖရိက ရွှေကမ်းရိုးတန်း ဟုခေါ်ဆိုသော နေရာက အက်ကာမြို့မှသည်တောင်ဘက်ရှိလိုရန်ဒါမြို့ထိ
အောင်ရှည်လျားလွန်းလှသည်။ ရွှေကမ်းရိုးတန်း တစ်လျှေက်ရှိအရာအားလုံးကိုသူမုန်းတီးနေမိသည်မှာကြာပေပြီ။
ရှည်လျားထွေပြားလှသော သူ့နာမည်ကို “မွန်ဂိုဒွန်” ဟု သာအများကပိုသိကြသည်။ မွန်ဂိုဒွန်က သူ့မျက်လုံးများကို
ဖြေးဖြေးချင်းဖွင့်လိုက်သည်။အိပ်ရာကနိုးတိုင်းအဖန်တလဲလဲတွေ့မြင်နေရသော မြင်ကွင်းများကိုမုန်းတည်းမိသည်
မှာ မဆန်းဟုသူ့ကိုယ်သူထင်နေသည်။
စတာလင်ပေါင်မြောက်များစွာ အမြတ်ထွက်နေခြင်းကြောင့်သာ အောင့်အီးနေရခြင်းဖြစ်သည်။ သူကမီးခိုး
ရောင်သန်းနေသော အိပ်ရာခင်းကို ကြည့်လိုက်မိပြန်သည်။ ဒီလိုအရောင်ဖြစ်ရလောက်အောင်လဲ အမြဲတစေ လျှော်
ဖွပ်တိုင်း နိုင်ဂါမြစ်ရေကိုသာ အသုံးပြုနေရသည်မဟုတ်ပါလား။ ညစ်ပတ်လိုက်သည်ဖြစ်ခြင်း၊ ညစ်ပတ်လိုက်သမှ
သူ့ဘေးနားတွင်အိပ်မောကျနေသော နီဂရိုးအစေခံမ နှင့်မတိမ်းမယိမ်းပင်။
သူမပါးစပ်မှ ခုချိန်ထိတိုင်အောင်အရက်နံ့က တထောင်းထောင်း ထနေဆဲ။ သူခြေထောက်နှင့်လှုပ်ကန်နှိုး
လိုက်တော့အစေခံမက လန့်နိုးသွားသည်။ သူမက ရုတ်တရက်ထထိုင်လိုက်ပြီး လက်ကိုနောက်သို့ပြစ်ကာ ဦးခေါင်း
ကိုငုံ့ထားလိုက်သည်။
“ ရှင်ကျွန်မကိုအလိုမရှိတော့ဘူးလားဟင်” ဟုသူမက အသနားခံစကားဆိုလိုက်မိသည်။
“ မင်းရဲ့သောက်သုံးမကျတဲ့အပေါက်ကိုပိတ်ထားပြီး မြန်မြန်ထွက်သွားစမ်းပါ ဆင်မည်းမလေးရဲ့ သွားလေ
မင်းငါပြောတာ ကြားတယ်မဟုတ်လား ”
တံခါးပေါက်ကိုလက်ညိုးထိုးပြရင်း မွန်ဂိုဒွန်က ပြောလိုက်ခြင်းဖြစ်၏။
“ မြန်မြန်ထွက်သွားစမ်းပါကွာ ငါဒေါသထွက်လာရင်မင်းရဲ့ပြားနေတဲ့နှာခေါင်းလေး ပိုပြီးပြားသွားဦးမယ်”
အမဲမလေး ဂျိုဘီးနားထရပ်လိုက်ပြီး သူမ၏အဝတ်များကို ကောက်ယူဝတ်ဆင်လိုက်သည်။ အဝတ်များက
ကောက်ကြောင်းများထင်ရှားပေါ်လွင်နေသောသူမ၏ကိုယ်လုံးအားဖုံးအုပ်လိုက်နိုင်သော်လဲအကျည်းတန်လှသော
သူမ မျက်နှာကိုတော့ဖုံးကွယ်ခြင်းငှာ မစွမ်းသာ။
“ ကျွန်မ သွားပါတော့မယ်မာစတာ မွန်ဂိုရှင့် ”
သူမ၏အသံ တည်တည်တန့်တန့် ဖြစ်သွားသည်။ မွန်ဂိုဒွန်လို ကျန်းမာမှုမပြည့်စုံသော အသက်ကြီးကြီး
အဖိုးကြီးထက်သာလွန်သော နီဂရိုးအစောင့်ကောင်တွေ သူမရဲ့ချစ်သူအဖြစ်ရှိနေကြသည်လေ။
“ ကောင်းပြီအခုထွက်သွားတော့ဒီညလဲပြန်မလာခဲ့နဲ့စကော့ဆိုတဲ့ငနဲ သူ့လှေတွေ ဝင်လာမှာကို ဒီကလာ
စောင့်လိမ့်မယ်သူပြန်မသွားမချင်း မင်းငါ့ဆီကိုမလာခဲ့နဲ့နားလည်လား ”
“ နားလည်ပါတယ်...မာစတာမွန်ဂို...သူရှိနေရင်ကျွန်မ..မလာတော့ပါဘူး ”
“ အေး ကောင်းတယ်မင်းထွက်သွားရင်ငါ့အတွက်ကော်ဖီပူပူ တစ်ခွက်နဲ့ ပေါင်မုန့် ယူခဲ့ဖို့ငါ့ရဲ့ အမည်း
ကောင်မတစ်ယောက်ကိုပြောလိုက်စမ်းပါ ပြီးတော့မစ္စတာဂျိုနသန်ကိုမတွေ့တွေ့အောင်ရှာခဲ့လို့ဟုတ်ပလား ”
သူမတံခါးဖွင့်ပြီး ထွက်သွားတာကို စောင့်ကြည့်နေလိုက်ပြီး “ ချီးထဲမှ ဒီမှာနေရတာ အလကားဘဲ ” ဟု
ညည်းညူရင်း သူ့စိတ်က ဟာဘားနားမြို့ကို ပြန်ရောက်နေမိသည်။ အာဖရိကတိုက်ကို သူငြီးငွေ့နေပြီဖြစ်သည်။
ရမ်အရက် အစေခံ အမည်းမလေးများနှင့် ကျွန်ကုန်ကူးခြင်းအလုပ် လုပ်ငန်းကြီးတစ်ခုလုံးက သူ့ပခုံးထက်တွင်
တာဝန်ကြီး တစ်ခုလို ရှိနေခဲ့သည်မှာ ကြာပြီမဟုတ်ပါလား။ ဘယ်လောက်ပဲ တစ်ယောက်ယောက်က အမြဲတစေ
သန့်ရှင်းနေသော်လဲ ပူပြင်းမှုငှက်ဖျားနှင့် ညစ်ပတ်မှုတို့ကိုဖယ်ထုတ်နိုင်မည်မဟုတ်ပေ...။
အာရပ်တွေ လာလိမ့်ဦးမည်။ သူတို့နှင့်အတူကျွန်တွေထပ်ပါလာဦးမည်မို့အလုပ်ရှုပ်ရလိမ့်ဦးမည်။ တစ်ရက်
နှစ်ရက်ကြာလျှင်...“ သြဂတ်(စ်)တပ်(စ်) ” သင်္ဘောဆိုက်ရောက်လိမ့်မည်။ ထိုအခါ သင်္ဘော ကပ္ပတိန်မက်ဖာဆင်
တစ်ယောက် စကားမပြတ်ပြောရင်း သင်္ဘောပေါ်မှ ဆင်းလာလိမ့်မည်။ ကျွန်တွေကို စစ်ဆေးဦးမည်။ အမည်းမ
လေးတွေရဲ့ပစ္စည်းထဲသို့လက်ညိုးနှင့်ထိုးစမ်း၍ ကျန်းမာမှုရှိရဲ့လားဆိုတာ စစ်ဆေးပေလိမ့်ဦးမည်။
တကယ်တော့ဒီမှာက အသက်ငယ်တယ်ဆိုရင်တောင်မှအပျိုစစ်က ရှားပါးလွန်းသည်ဆိုတာ မသိလေရော့
သလား။ သူ့ကိုယ်သူ စပိန်ဘုရင်လောက်ထင်နေတဲ့ အာမာဂျလာဆိုတဲ့ အာရပ်ကောင်ကလဲ ဒီနေ့ ရောက်လာ
လိမ့်ဦးမည်။ မွန်ဂိုဒွန်အတွက်အတွေးနဲ့တောင်မှ စိတ်ပျက်စရာ ကောင်းလွန်းလှပေသည်။ မွန်ဂိုဒွန်တစ်ယောက်
အိပ်ရာထက်မှထထိုင်လိုက်ရင်း ခြေနှစ်ချောင်းကိုဆန့်၍ အညောင်းဖြေလိုက်သည်။
သူ့တစ်ကိုယ်လုံးတွင်ရေချိုးထားသလို ချွေးများရွှဲနစ်နေပေမယ့်တကယ်တော့သူ့တွင်ရေချိုးရန်ပင်အချိန်
မရခဲ့။ မုတ်ဆိတ်တွေကိုလဲ ရိတ်ပြစ်ရန်ရှိနေသေးသည်။ မျက်နှာက မုတ်ဆိတ်များကိုလက်နှင့်ပွတ်သပ်ရင်း ညတုန်း
က ဂျိုဘီးနားဆိုသော အမည်းမလေး၏ ချောမွေ့သော အသားစိုင်များနှင့် ပွတ်သပ်ခဲ့ရပုံကို သတိရလိုက်မိသည်။
ရုပ်ရည်သွင်ပြင်က နှစ်မြို့စရာ မကောင်းလှသော်လဲ ထိတွေ့ခံစားရမှုကတော့ ပြောစရာမရှိအောင်ကောင်းမွန်လှ
သည်။
သူမကချည်း ဦးဆောင်သွားနိုင်သည်။ သူကတော့ခုတင်ပေါ်မှာ အေးဆေးစွာ လဲလျောင်းနေရုံဘဲဖြစ်သည်။
စဉ်းစားမိလိုက်သောကြောင့်သူ့လိင်တန်က သွေးပေါင်ပြည့်ချင်သလိုဖြစ်လာသော်လဲ အသက်ရွယ်ကြောင့်တခဏ
နှင့်ပင် ပြန်ကျသွားရသည်။ ဗီရိုထဲမှ အဝတ်တစ်စုံကို ဆွဲယူဝတ်ဆင်နေတုန်းမှာဘဲ တံခါးခေါက်သံက ပေါ်ထွက်
လာသည်။
“ ဘယ်သူလဲ...ဝင်လာခဲ့လေကွယ်...တံခါးဖွင့်ထားပါတယ်”
တံခါးချပ်အသာဟသွားပြီးနောက်သူ၏တူတော်သော ဂျိုနသန်ဝင်ရောက်လာခဲ့သည်။
“ မင်းရောက်လာတာနဲ့အတော်ဘဲ...ဒီနေ့လုပ်စရာ အလုပ်တွေ အများကြီးရှိနေတယ်ကွ ”
ဂျိုနသန်က မွန်ဂိုဒွန်နှင့် မတူဘဲ ကွဲပြားခြားနားလှပေသည်။ မွန်ဂိုဒွန်က အသက်ကြီးကာ အိုနေပေပြီ။ ပြီး
တော့ရွှေကမ်းခြေ၏ ဒဏ်ကိုအလူးအလှိမ့်ခံထားရသူဖြစ်သောကြောင့်နွမ်းနယ်လှပြီဖြစ်သည်။ ဂျိုနသန်ကတော့
ဒီကိုရောက်လာတာ လပိုင်းလောက်သာ ရှိသေး၏။ လီဗာပူး(လ်) မြို့ မှာနေ၍ ကျွန်အလုပ်ရုံကြီးကို ကွပ်ကဲနေရာမှ
အာဖရိကကိုအတွေ့အကြုံ လိုချင်သောကြောင့်ရောက်လာခဲ့သူဖြစ်သည်။
သူတို့တူဝရီးက ကြီးကျယ်လှသော စတိုးဆိုင်ကြီးတွေတင်မက လီဗာပူး(လ်)မြို့နှင့်ဟာဗားနားမြို့ရှိအိမ်ကြီး
များ ရုံးကြီးများပိုင်ဆိုင်နေကြသလိုအာဖရိက ရွှေကမ်းရိုးတန်းမှာလဲ အလုပ်ရုံကြီး သုံးရုံကိုပင်ပိုင်ဆိုင်ထားကြပေပြီ။
ယခုမွန်ဂိုဒွန်နေထိုင်သော ‘ရန်ဒို’ ရဲတိုက်ကြီးကတော့အကြီးဆုံးဖြစ်သည်။ လက်ရွေးစင်ကျွန်များကိုအတ္တလန္တိတ်
သမုဒ္ဓရာကို ဖြတ်ကျော်ပို့ဆောင်ပေးနေသော လုပ်ငန်းက အကျိုးကျေးဇူး ကြီးမားလှသည်မဟုတ်ပါလား။
လီဗာပူး(လ်)မှ သူတို့လာခဲ့စဉ်က လူသုံးကုန်ပစ္စည်းများနှင့် အလဲအလှယ်ပြုလုပ်ကာ ကျူးဘားသို့ကိုယ်ပိုင်
သင်္ဘောများနှင့်ဖယောင်း၊ရေနံရွှေများနှင့်အတူကျွန်များကိုပါစမ်းသပ်ကုန်သွယ်ကြည့်ခဲ့ရာမှအကွက်ကောင်းမိကာ
တိုးတက်ကြီးပွား ခဲ့ခြင်းဖြစ်သည်။ အမြတ်အစွန်း အထွက်ဆုံးက အာဖရိကတိုက်မှ လူမည်းကလေးများနှင့်
အမျိုးသမီးများ ဖြစ်လေသည်။ယ္ခုပင်ကမ္ဘာသစ်မှာ အမည်းမျိုးစေ့များ ပျံနှံနေခဲ့ပြီမဟုတ်ပါလား....။
“ ဟေ့....မင်း ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားရဲ့ နော်”
မွန်ဂိုဒွန်က စိတ်မချဟန်နှင့်မေးလိုက်ခြင်း ဖြစ်ပေသည်။
ယနေ့ ရောက်လာမည်ဆိုသော ကျွန်ကုန်သည်အာမာဂျလာ ဆိုသည့်ကောင်က ကိုယ်တိုင်က အာဖရိက
သွေးစပ်သော်လဲ စပိန်ဘုရင်တစ်ပါးလို ခမ်းနားကြီးကျယ်ကာ စောက်ကြီးစောက်ကျယ်နိုင်သော်လဲ စီးပွားရေးအရ
အဆင်ပြေအောင်ဆက်ဆံရမည်ဖြစ်သောကြောင့်လိုအပ်မှုမရှိစေရန်ဂရုစိုက်နေရသည်။
“ လုပ်ငန်းအတွက်ကတော့ပူမနေပါနဲ့ဦးလေး...ကျွန်တော်အားလုံးစီစဉ်ထားပါတယ်”
“ အစားအသောက်အတွက်ရော...ပြင်ဆင်ထားရဲ့လား.. ”
“ ဆိတ်ဆယ်ကောင်ကို သတ်ပြီးထားတာက ကျွန်တွေအတွက်သိုး သုံးကောင်ကတော့ အာမာဂျလာနဲ့
အဖွဲ့ဝင်တွေ အတွက်ပါခင်ဗျ ”
“ အေး...အေး.....လက်ဆောင် ပစ္စည်းအတွက်လဲ မင်းစီစဉ်ထားပြီးသားထင်ပါရဲ့ ကွာ...လိုအပ်ရင် ငါတို့
စတိုခန်းထဲက ထုတ်လိုက်ပေါ့ကွာ...ဟော..လာပြီထင်တယ်ဟေ့ ”
မွန်ဂိုဒွန်က ထရပ်လိုက်ပြီး နားစွင့်နေလိုက်သည်။ ရှေ့ဆုံးမှ ဦးဆောင်လာသော ကနူးလှေပေါ်မှ စည်းချက်
ကျကျ ဗုံသံက လေထဲမှ လွင့်ပျံလာ၏။ ရန်ဒို ရဲတိုက်ကြီး အတွင်းတွင်လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။ မွန်ဂိုဒွန်နှင့်
ဂျိုနသန်တို့ဆိပ်ကမ်းကိုရောက်တော့အာရပ်ဝတ်စုံ ဖြူဖြူပွပွကြီးကိုဝတ်ဆင်ထားသော အာမာဂျလာက ကုန်းပေါ်
သို့တောင်ရောက်နှင့်နေပေပြီ။
တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်ပြီးသောအခါ အလုပ်ရုံကြီးထဲမှ သေနတ်ပစ်ဖောက်သည့်အသံတို့
ပေါ်ထွက်လာသည်။ အာမာဂျလာက သေနတ်သံကိုလိုက်လံရေတွက်ရင်း နှစ်ဆယ့်တစ်ချက်ရှိကြောင်းသိလိုက်ရ
သောကြောင့်ကျေနပ်သွားသည်။ ဒီလိုပစ်ဖောက်မှုမျိုးက မင်းမျိုးမင်းနွယ်တွေ အတွက်သာ လုပ်လေ့ရှိသည်မဟုတ်
ပါလား။ ထို့နောက်တွင်တော့မွန်ဂိုဒွန်၏ ရန်ဒိုရဲတိုက်ကြီးရှိရာသို့သွားရောက်ရန်ခြေလှမ်းပြင်လိုက်လေတော့သည်။
လမ်းတစ်လျှောက်တွင်တော့ပူပြင်းခြောက်သွေ့မှု၏ပြယုဒ်အဖြစ်ဖုန်များအလိမ်းလိမ်း ထလျှက်ရှိနေပါလေသည်..။
မွန်ဂိုဒွန်က ကျယ်ပြန့်သော ဆင်ဝင်အောင်ရှိလှေကားအတိုင်း အာမာဂျလာကို တက်စေလိုက်၏။ အပေါ်
သို့ ရောက်သောအခါ သူအသုံးပြုနေသော ကုလားထိုင်ထက် ပိုမိုသာလွန်အောင်မွန်းမံထားသော လှပသော
ကုလားထိုင်ကို အသုံးပြုရန် ညွှန်ပြလိုက်သည်။ အာမာဂျလာက သဘောကျသွားဟန်ဖြင့် ထိုင်ချလိုက်သည်။
ဘယ်လောက်ပင်အမြင်ကပ်စေဦးတော့မျက်နှာပေါ်တွင်ပေါ်လွင်မနေအောင်ထိန်းချုပ်ထားနိုင်ခြင်းက မွန်ဂိုဒွန်၏
ထူးခြားကောင်းမွန်သော အရည်အသွေးပင်ဖြစ်သည်။ အာမာဂျလာက စကားစတင်ပြောဆိုလိုက်သည်။
“ ကျွန်ုပ်အာမာဂျလာက သင့်အိမ်ပေါ်သို့ငြိမ်းချမ်းခြင်းကိုယူဆောင်လာခဲ့ပါတယ်မိတ်ဆွေကြီး မွန်ဂိုဒွန်”
“ ဟုတ်ကဲ့....သင်လဲ ဒီနေရာမှာ ငြိမ်းချမ်းခြင်းကိုရှာဖွေတွေ့ရှိပါလိမ့်မယ်မိတ်ဆွေကြီး ခင်ဗျား ”
အပြန်အလှန်လောကဝတ်ပြောဆိုပြီးနောက်သူတို့တွေ အတန်ကြာအောင်တိတ်ဆိတ်စွာ ထိုင်နေမိကြ
သည်။ အာမာဂျလာက အသင့်ပြင်ဆင်ထားသော လက်ဆောင်ပစ္စည်းများကိုဝေ့ဝဲကြည့်ရှုရင်း လောဘတက်လျှက်
ရှိနေသည်။ မွန်ဂိုဒွန်က ဂျိုနသန်အား လက်ဆောင်ပစ္စည်းများကိုတစ်ခုချင်းယူဆောင်၍ ပြခိုင်းလိုက်သောအခါတွင်
မူအာရပ်ကြီးက စိတ်မဝင်စားဟန်နှင့်ကြည့်ရှုလေသည်။ မီးအိမ်ကိုတော့ဟန်မဆောင်နိုင်စွာ သဘောကျ နှစ်သက်
ဟန်ပြ၏။
“ မိတ်ဆွေကြီး အဖေအိမ်မှာ ချိတ်ဆွဲထားဖို့အလွန်ကောင်းတဲ့မီးအိမ်ပေါ့ဗျာ ”
မွန်ဂိုဒွန်က အမြင်ကတ်လာသောကြောင့်တမင်ပြောလိုက်ခြင်း ဖြစ်ပါသည်။ အာမာဂျလာ၏ အဖေအိမ်မှာ
ဓနိမိုးထားသည့်ရွှံ့အိမ်သာဖြစ်ကြောင်း သူသိနေသောကြောင့်ဖြစ်သည်။ အာမာဂျလာလဲ ထိုကဲ့သို့အဆင့်အတန်း
ရှိသော ပစ္စည်းများကိုအခုမှတွေ့ဘူးသည်ဖြစ်သောကြောင့်ဘာမှပြန်ပြောမနေတော့ဘဲ ခပ်တည်တည်ပင်လက်ခံ
ယူလိုက်သည်...။
ပြီးတော့ ကျေနပ်နေဟန်ဖြင့် သူ့အိတ်ထဲမှ အာရပ်စာများနှင့် ရေးမှတ်ထားသော စာရင်းများ ပါဝင်သည့်
ဆိတ်သားရေပြားကိုဆွဲထုတ်ပြီး ဟန်ပန်အပြည့်ဖြင့်ဖြေးဖြေးချင်း ဖတ်ပြနေတော့သည်။
“ အသက် ဆယ့်ငါးနှစ်မှ နှစ်ဆယ့်ခွန်နစ်နှစ်အတွင်းရှိ လူငယ် ကိုးဆယ့်ရှစ်ယောက်၊ မိန်းမ တစ်ဆယ့်
ငါးယောက်၊ လေးယောက်က ကလေးတွေနဲ့.ခြောက်ယောက်က ကိုယ်ဝန်သည်တွေ နောက်ငါးယောက်က အပျိုစစ်
စစ်တွေ အဖိုးတန်ငှက်မွှေးတွေ သဲမှုန့်တွေနဲ့ရောနေတဲ့ရွှေမှုန်တွေကတော့ချိန်ကြည့်ရဦးမယ်”
ဖတ်ပြပြီးသည်နှင့် သူ့လက်ထဲမှ စာရင်းကို ဂျိုနသန်ကို ပေးလိုက်သည်။ အာမာဂျလာက မတ်တပ်ထရပ်
လိုက်ရင်း သူ့ရဲ့ကျွန်ယုံအားကင်းကိုလှမ်းခေါ်လိုက်၏။
“ မိတ်ဆွေကြီး သဘောကျပြီဆိုရင်ကျွန်တွေကို သူတို့နေထိုင်ရမယ့် တန်းလျားဆီကို ပို့လိုက်ပါရစေ ပြီး
တော့ကျန်တဲ့ကုန်ပစ္စည်းတွေကိုလဲ သိုလှောင်ခန်းထဲ ပို့ရဦးမယ်မဟုတ်လား ”
မွန်ဂိုဒွန်က ဘာမှပြန်ပြောမနေတော့ဘဲ ခေါင်းညှိတ်ပြလိုက်သောကြောင့်အာမာဂျလာက နှုတ်ဆက်ဟန်နှင့်
ဦးညွှတ်ပြကာ အားကင်းကို ခေါ်ဆောင်၍ ဟန်ပါပါ ထွက်ခွာသွားလေသည်။ မွန်ဂိုဒွန်နှင့်ဂျိုနသန်တို့လဲ စတိုင်ပါပါ
ထွက်ခွာသွားသော အာရပ်ကြီးကိုမျက်မုန်းကျိုးမိသော်လဲ စီးပွားရေးကြောင့်သာ တိတ်ဆိတ်စွာ ကြည့်နေလိုက်မိကြ
သည်။
“ ဆောက်သုံးမကျတဲ့ခွေးတစ်ကောင်လိုဘဲဗျာ ”
ဂျိုနသန်က လိုက်ကြည့်နေရင်းမှလူငယ်ပီပီမကျေနပ်ဟန်နှင့်နှာခေါင်းရှုံကာပြောလိုက်မိသည်။
“ ဘာပဲဖြစ်ဖြစ်သူက ငါတို့အတွက်အကောင်းဆုံးဖြည့်စွမ်းနိုင်သူတစ်ယောက်ပဲကွ ကျူဘားမှာလိုအပ်နေတဲ့
အရွယ်ကောင်း ကျွန်တွေကို သူဘဲယူဆောင်လာနိုင်တာ မဟုတ်လား ဟိုမှာက ကျွန်တွေကို သားဖောက်လုပ်ငန်း
လုပ်နေကြပြီလို့ ငါသတင်းရထားတယ်ကွ နောက်အခေါက်တွေကျရင် ကျွန်မတွေများများ ယူလာခိုင်းရမယ်
စီးပွားရေး အတွက်ပဲ ကြည့်စမ်းပါ ငါ့တူရာ ”
“ ကျွန်မည်းမတွေက သိပ်ပြီးတန်ဘိုးမှမရှိတာဘဲ ဦးလေးရ ”
“ စောင့်ကြည့်စမ်းပါကွာ သားဖောက်တဲ့လုပ်ငန်း အောင်မြင်လာပြီဆိုကျွန်မတွေက တန်ဘိုးတက်လာမှာပါ
မင်းအိမ်က ကျွန်တွေကို သားဖောက်နိုင်ပြီဆိုမှတော့ ဘယ်သူက ငွေအများကြီးသုံးပြီး အာဖရိကက ကျွန်တွေကို
မှာယူတော့မှာလဲ ကျွန်မတွေ များများရှာပြီး သားဖောက်ရောင်းတော့မှာပေါ့ ”
မွန်ဂိုဒွန်က ပြောစရာကုန်သွားဟန်ဖြင့် သူ့အခန်းထဲသို့ လှည့်ဝင်သွားသည်။ နောက်တော့ အိပ်ရာထဲ
ပြစ်လှဲလိုက်ပြီးအာဖရိကအကြောင်းကိုစဉ်းစားနေလိုက်သည်။မဆွဲတာကြာပြီဖြစ်သောပန်းချီကားတစ်ချပ်လောက်
သူဆွဲချင်စိတ်ပေါက်နေသည်။ အာဖရိက၏ ပုံရိပ်ကို ကိုယ်စားပြုနိုင်လောက်သော ပန်းချီကားမျိုးကိုသူဆွဲချင်စိတ်
ဖြစ်ပေါ်နေမိသည်။
သို့သော်ဘယ်လိုပန်းချီမျိုးကို ရေးဆွဲရမည်ဆိုတာ ခုချိန်ထိသူရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။ ဖြစ်နိုင်လျှင်
အာဖရိကကို မစွန့်ခွာမီပန်းချီကားတစ်ချပ်ကိုတော့ ဖြစ်မြောက်အောင်ရေးဆွဲရပေမည်။ သားဖောက်လုပ်ငန်းသာ
တွင်ကျယ်လာပါက အာဖရိကမှကျွန်ကုန်ကူးသည့်လုပ်ငန်းကိုထိခိုက်လာနိုင်ကြောင်းကို ကြိုတင်တွေးတောမိထား
သောကြောင့်ဖြစ်ပေသည်။
တလမ်းလုံး ပင်ပန်းနွမ်းနယ်စွာ လိုက်ပါခဲ့ရသော်လည်း သူတို့စီးလာသော ကနူးလှေတွေ ကမ်းစပ်သို့ကပ်
တော့မည့်ချိန်တွင်တန်ဘိုးရား၏ နွမ်းနယ်မှုတို့ကွယ်ပျောက်ကုန်ကြသည်။ သူ့နှလုံးသားက ပျော်ရွှင်သောကြောင့်
အခုန်မြန်လာရသည်။ခရီးကြမ်းကြီးကိုရက်များစွာကျော်ဖြတ်နေစဉ်ကထဲကကြိုတင်စိတ်ကူးယဉ်ခဲ့ရသောမြင်ကွင်း
များကိုတွေ့မြင်နေရသည်မဟုတ်ပါလား။ သူတို့ကိုနှောင်ဖွဲ့ထားသော ကြိုးများကိုလဲ ဖြေပေးလိုက်ပြီဖြစ်သည်။
ရွာမှကင်းကွာပြီးကထဲက ပထမဆုံးအကြိမ်လွပ်လပ်မှုကိုခံစားလိုက်ရခြင်း ဖြစ်ပေသည်။ ဟောင်းနွမ်းသော
စစ်ဂျာကင်ကို ဝတ်ဆင်ထားသော နီဂရိုးတစ်ယောက်က ဦးဆောင်ပြီး သူတို့အား တန်းလျားကြီးတွေရှိရာသို့ ခေါ်
ဆောင်သွားခဲ့သည်။ တန်းလျားများ၏ အရှေ့မှာတော့ အလွန်တရာ ကြီးမားလွန်းလှသော အဆောက်အဦးကြီး
တစ်ခု ရှိနေတာကို တွေ့ရသည်။ အဆိုပါ အဆောက်အဦးကြီးရော တန်းလျားများကိုပါ သူ့ပေါင်လုံးလောက်ရှိသော
သစ်လုံးကြီးများနှင့်အခိုင်အမာ ကာရံထား၏။
တန်းလျားအတွင်းသို့ ဝင်ရသောအခါ နှစ်ထပ်အိပ်စင်များကို အစီအရီ တွေ့လိုက်ရသည်။ လှေပေါ်တွင်
မလူးသာမလွန့်သာ လိုက်ပါခဲ့ရသောကြောင့်ဤနေရာက သူတို့အတွက်နတ်ဘုံနတ်နန်းတမျှ ကောင်းမွန်နေသည်
ဟု ထင်မိကြသည်။ အမှန်တကယ်လဲ ရွာမှာနေခဲ့ရသည်ထက်ပိုမိုကောင်းမွန်မှုများကို ရရှိနေခြင်း ဖြစ်ပေသည်။
ဘာမှလုပ်စရာ မရှိသောကြောင့် မိမိရရှိသော နေရာများတွင်ကျောဆန့်လှဲလျောင်းရင်း အိပ်မပျော်မီရောင်ယမ်း
နာကျင်နေသော ကြွက်သားများနှင့် အရိုးအဆစ်များကို သက်သာလို သက်သာငြား ဖြေလျှော့နေလိုက်မိသည်။
သိပ်မကြာခင်မှာဘဲ သူတို့အိပ်ပျော်သွားကြလေသည်။
မွန်းလွဲပိုင်းရောက်တော့ ဂျာကင်အနီနှင့် အစောင့်တစ်ယောက်မှ လာနှိုးသောကြောင့် အားလုံးနိုးထလာကြ
၏။ ထိုသူ့ပုံစံက ကြမ်းတမ်းဟန်ရှိသော်လဲ ရက်စက်မည့်ဟန်မရှိဟု တန်ဘိုးရား အကဲခတ်လိုက်မိသည်။ ဤကျွန်
အလုပ်ရုံကြီး၏ မူအရ ကျွန်များကို ပထမရက်အတော်များများအထိကောင်းမွန်စွာ ကျွေးမွေးပြုစုသည်မှာ ထုံးစံပင်
ဖြစ်လေသည်။
ကောင်းကောင်းအိပ်ခိုင်း ဝအောင်ကျွေးပြီးတော့ဘာအလုပ်မှမခိုင်းဘဲထားခြင်းဖြင့်ကျွန်တစ်ယောက်သည်
သူ၏နေရပ်ကိုတမ်းတနေလိမ့်မည်မဟုတ်တော့ချေ။ အတွေ့ အကြုံသစ်များ မိတ်ဆွေသစ်များနှင့်သူတို့၏ အာရုံကို
ဖမ်းစားထားနိုင်ပေလိမ့်မည်။ တန်ဘိုးရားပင်အခုအချိန်တွင်ပျော်ရွှင်ကျေနပ်နေမိသည်မဟုတ်ပါလား...။
သူတို့အားလုံးကိုတန်းစီရပ်စေသည့်အခါတွင်တန်ဘိုးရားကဆာဗန်းပူး၏အနောက်တွင်ရပ်နေလိုက်သည်။
သူတို့လည်ပင်းတွေကို အလွန်သေးသွယ်သော ကြိုးလေးများကို အသုံးပြု၍ အကွာအဝေးတူညီစွာ သွယ်တန်း
ချည်နှောင်ပေးသည်။ ကြီးမားသော တံခါးကြီးကိုဖွင့်လိုက်ပြီး မြစ်ဆိပ်သို့ခေါ်ဆောင်သွားသောအခါ ဘယ်လိုနေရာ
မျိုးကိုရောက်ရဦးမည်မသိသောကြောင့်တန်ဘိုးရား စိတ်နဲနဲပူသွာမိသည်။
မြစ်ဆိပ်သို့ရောက်သောအခါ ရေအောက်တွင်ပတ်ပတ်လည်ကာရံထားသော လှောင်အိမ်ကြီးများရှိရာသို့
သူတို့ကိုဝင်စေသည်။ တကယ်တော့ထိုလှောင်အိမ်ကြီးများမှာ ကျွန်များထွက်မပြေးနိုင်စေရန်စီမံထားခြင်းသာဖြစ်
၏။ ထို့နောက်မြက်ပင်တစ်ဆုပ်စီနှင့်အတူ အဝတ်စ သေးသေးတစ်ခုစီပေး၍ သူတို့ကိုယ်ကို ပွတ်တိုက်စေသည်။
ထိုသို့ပြုလုပ်သောအခါ ခန္ဓာကိုယ်ပေါ်တွင်ဖြူဖြူအမြှုပ်များ ဖြစ်ပေါ်လာသဖြင့် တန်ဘိုးရား အံသြနေမိသည်။ သူ့
ကိုယ်ပေါ်ရှိဖြုတ်..ခြင်..ယင်..တို့ကိုက်ခဲထားသော အနာများ သက်သာသွားသလိုထင်မိ၏။
အားလုံးပြီးသည်နှင့်သူတို့သည်တန်းလျားရှိရာသို့ ပြန်ကြရပြီး အသားနှင့်ဟင်းသီးဟင်းရွက်များ ရောနှော
ချက်ပြုတ်ထားသော အရသာရှိလှသည့်အစာအစာကိုအားရပါးရ စားရပြန်လေသည်။ စားပြီးသောအခါ သံပရာသီး
တစ်လုံးစီစုပ်စေ၍ ရေသောက်ခိုင်းကာ အိပ်လိုက အိပ်နိုင်ပြီဖြစ်ကြောင်း ပြောကြားလေသည်။ ဝမ်းဗိုက်ပြည့်အောင်
စားသောက်ပြီးသွားပြီမို့ တန်ဘိုးရားတစ်ယောက် လဲလျောင်းရင်း အိပ်မောကျသွားလိုက်သည်မှာ အိပ်မက်ပင်
မမက်လိုက်ပဲ နေရောင်က မျက်နှာပေါ်ထိုးတော့မှနိုးထလာတော့လေသည်။
ယနေ့နံနက်စာက အသားမပါသော်လဲ ပူနွေးပြီး စားလို့ကောင်းလှသည်။ နောက်တော့တံခါးများ ပွင့်ဟသွား
ကြပြီး သူတို့အားလုံး မတွေ့ဖူးမကြုံဖူးသော မြင်ကွင်းကို တွေ့မြင်လိုက်ကြရ၏။ အလုပ်ရုံအတွင်းမှ ကျွန်တို့သည်
ဆေးအဖြူသုတ်ထားသော သစ်သားများကို သယ်ဆောင်လာကြပြီး လူတစ်ယောက်၏ ခါးလယ်လောက်ရှိသော
စင်မြင့်တစ်ခုကိုကျွမ်းကျင်စွာပင်ဆောက်လုပ်နေကြသည်။ လှေကား နှစ်ထစ်ပြုလုပ်လိုက်ကြသည်။
စင်မြင့်နောက်က နောက်ခံသစ်သားပြားကို ဆေးအနီနှင့်အမဲကို ဒေါင်လိုက်သုတ်လိုက်သောကြောင့် ကြည့်
ကောင်းသွားရပြန်သည်။ အခြားကျွန်တစ်စုက လှပသော အမွှေးအတောင်များနှင့် တန်ဆာဆင်ထားသော ထိုင်ခုံ
တစ်လုံးကို သယ်ဆောင်လာပြီး စင်မြင့်ထက်တွင်တင်လိုက်ကြ၏။ ကျွန်တွေ သူ့အစုနှင့်သူကျွမ်းကျင်စွာ လှုပ်ရှား
နေကြ သည်မှာ ကြည့်၍ပင်ကောင်းနေသည်။
နောက်ထပ်ကျွန်တစ်စုက ပထမထိုင်ခုံလောက်သားနားခြင်းမရှိသော်လဲ အလားတူ ကြီးမားခန့်ထည်သော
ထိုင်ခုံနောက်တစ်လုံးကို ယူဆောင်လာပြန်သည်။ နောက်တစ်စုက ကြေးရောင်ပြောင်လက်နေသော ခပ်နိမ့်နိမ့်
စားပွဲ ခုံတစ်လုံးကိုယူဆောင်လာပြီး ခုံနှစ်လုံးကြားတွင်နေရာချထားလိုက်၏။
တန်ဘိုးရား အနေနှင့်ရွာမှာနေစဉ်က ထိုင်ခုံတစ်ချို့ကို မြင်ဘူးထိုင်ဘူးသော်လဲ ယခုကဲ့သို့ လက်နှစ်ဖက်ကို
တင်ထားနိုငိပြီး နောက်သို့မှီထိုင်နိုင်သော ထိုင်ခုံကြီးမျိုးကိုအခုမှတွေ့ ဖူးခြင်းဖြစ်လေသည်။ ထိုအချိန်မှာဘဲ ထီးကြီး
များကို ကိုင်ဆောင်ထားသော ကျွန်နှစ်ယောက်က ထိုင်ခုံတစ်ဖက်တချက်စီတွင် နေရာယူလိုက်ကြသည်။ သူတို့
မင်သက်အံ့သြစွာ ကြည့်နေဆဲမှာပင်အာမာဂျလာက လူဖြူနှစ်ယောက်ကိုခြံရံလျှက်စင်ပေါ်ကိုတက်လာလေသည်။
မှန်ပါသည်၊ လူဖြူတွေဖြစ်သည်။ ငယ်ရွယ်သူက ပိုဖြူသည်ဟု သူတို့တွေ တွေ့ မြင်ကြပြောဆိုမိကြရသည်။
ပြီးတော့ငယ်ရွယ်သူတွင်နေရောင်ကဲ့သို့ရှည်လျားတောက်ပြောင်သော ဆံပင်များက လှပခန့်ထည်လွန်းလှသည်။
သူ့ပါးတွေက ပန်းနုရောင်သန်းနေပြီး နှာခေါင်းပေါက်နှစ်ခုက သေးကွေးကာ နီရဲပါးလွှာသော နှုတ်ခမ်းအစုံက သူတို့
နှင့်ကွဲပြားစွာ လှပနေသည်။ အာမာဂျလာက အကောင်းဆုံးထိုင်ခုံတွင်ဝင်ထိုင်လိုက်ပြီး အသက်ကြီးကြီး လူဖြူကြီး
က အခြားခုံမှာ ဝင်ထိုင်လိုက်လေသည်။
အဝါရောင်ဆံပင်နှင့်လူဖြူလူငယ်ကထိုင်ခုံနှစ်ခုကြားရှိစားပွဲနောက်တွင်ရပ်နေလိုက်သည်။ထီးကိုင်ကျွန်များ
က ထီးများကိုနေရာရွှေ့မိုးပေးလိုက်ခြင်းဖြင့်သူတို့သုံးယောက်ကိုအရိပ်ကောင်းစွာ ရရှိလိုက်စေသည်။ အသက်ကြီး
လူဖြူက သူတို့ကိုဦးဆောင်ခေါ်ယူလာသည့်ဂျာကင်အနီနှင့်ကျွန်ကိုမည်သို့ပြောလိုက်သည်မသိ...
ထိုသူက သူတို့အားလုံးကိုစင်မြင့်ရှေ့တွင်စီတန်းရပ်စေလိုက်သည်။ ပြီးလျှင်ရှေ့ဆုံးမှလူကိုစင်မြင့်ပေါ်သို့
တက်စေလိုက်ကာ ထိုင်ခုံများရှိရာဘက်သို့ မျက်နှာမူ၍ ရပ်စေလိုက်၏။ ထိုသူမှာ ငယ်ရွယ်သူဖြစ်ပြီး ကနူးလှေပေါ်
တုန်းက သူတို့ရှေ့တွင်ထိုင်သောသူဖြစ်ကြောင်း တန်ဘိုးရားမှတ်မိလိုက်သည်။ ထိုလူအကြောက်လွန်နေပြီဟုလဲ
သူကထင်လိုက်မိသည်။ လှေကားပေါ်တက်စဉ်က ထိုငနဲလေး ဒူးများတုန်ခါနေသည်ကို သူတွေ့မြင်လိုက်ရသည်
မဟုတ်ပါလား။
လူဖြူတွေက ကောင်လေးကို သတ်ပစ်တော့မည်ဟု သူအထင်မှားသွားကြောင်း သိပ်မကြာခင်မှာဘဲ
သိလိုက်ရသည်။ ဂျာကင်အနီဝတ်ထားသော နီဂရိုးကြီးက ကောင်လေးကိုဆောင့်ကြောင့်ထိုင်စေပြီး လူဖြူအိုကြီးက
ကောင်လေး တစ်ကိုယ်လုံးကိုစမ်းသပ်နေတာ့သည်။ ပါးစပ်ခိုင်းပြီး ပါးစပ်ထဲသို့လက်နှင့်နှိုက်ကြည့်သည်။ ပြီးတော့
လက်မောင်း၊ ရင်အုပ်၊ ပခုံးနှင့်ဦးခေါင်းတို့ကိုပွတ်သပ်၍ သေချာစွာ စစ်ဆေးနေပြန်သည်။
ထို့နောက်ဂျာကင်နီနှင့်ကျွန်က ကောင်လေးကို ထရပ်စေလိုက်ပြီး လူဖြူကြီးအနီးသို့ကပ်ရပ်စေလိုက်ပြန်
သည်။ တစ်ဖန်လူဖြူကြီးက ကောင်လေး၏ ပေါင်သားများ၊ ခြေသလုံးကြွက်သားများကိုနှိုပ်နယ်ကြည့်ရှုသည့်အပြင်
ကောင်လေး၏ လိင်တံကိုပါ သေချာကိုင်တွယ် ကြည့်ရှုနေပြန်တော့၏။ ဒါလောက်ပဲဖြစ်သည်။ ကောင်လေးကို
ဘာမှအနာတရဖြစ်အောင်ပြုလုပ်ခြင်းမရှိပေ။
တစ်ဖန်တစ်ယောက်ပြီးတစ်ယောက်ထိုသို့ပင်စစ်ဆေးလာလိုက်သည်မှာ တန်ဘိုးရားအလှည့်သို့ရောက်ရှိ
လာတော့သည်။ တစ်ခြားသူတွေလို မဟုတ်ပဲ သူကအချိန်ကြာကြာ ပိုရပ်နေရသည်ဟုတန်ဘိုးရားထင်နေမိသည်။
လူဖြူနှစ်ယောက်နှင့် အာရပ်ကြီးက ခွက်ထဲမှ အရည်များကို သောက်ရင်း စကားပြောနေကြခြင်းကြောင့်ဖြစ်လေ
သည်။ သူတို့နှင့်အနီးကပ်ရပ်နေရသောကြောင့်သူတို့ပြောဆိုနေသော ဟောင်ဆာဘာသာစကားကိုသူကောင်းစွာ
ကြားနေရသည်။
“ မိတ်ဆွေကြီး သယ်ဆောင်လာခဲ့တာတွေဟာ အရင်တစ်ခေါက်ကထက်ပိုမိုသာလွန်ကောင်းမွန်ပါတယ်
ခင်ဗျာ”
လူဖြူကြီးက ပြောလိုက်ခြင်းဖြစ်ပေသည်။
“ အာမာဂျလာဆိုတဲ့လူက ဘယ်တုန်းကများ အိုနာကျိုးကန်းတွေကိုယူဆောင်လာဖူးလို့လဲဗျာ ”
အာမာဂျလာက ဝင့်ကြွားစွာပြောလိုက်ရင်း ရပ်နေသောတန်ဘိုးရားကို တချက်လှမ်းကြည့်ကာ မှတ်မိသွား
လေသည်။တန်ဘိုးရားဆိုသောကောင်လေးအတွက်သူဘာမှမပေးခဲ့ရပါ။ပြီးတော့အားလုံးထဲတွင်ဒီကောင်လေးက
ဈေးကောင်းရနိုင်သည်ဆိုတာကိုသူသိနေခဲ့လေသည်။
“ ကဲ.... ဟောဒီမှာ ကြည့်ကြစမ်းပါဦးဗျာ....”
အာမာဂျလာက တန်ဘိုးရားကိုရည်ညွှန်း၍ ပြောလိုက်ခြင်းဖြစ်ပါသည်...။
“ ခင်ဗျားတို့အနေနဲ့ အာဖရိကတစ်တိုက်လုံးကို လှည့်ပတ်ရှာဖွေရင်တောင်ဒီလောက်ကောင်းတာမျိုး တွေ့
ဘူးကြလိမ့်မယ်မဟုတ်ဖူးဗျ ဘာဖြစ်လို့လဲသိလား၊ ဘာဖြစ်လို့လဲဆိုတော့ဟောဒီကောင်လေးက အာဖရိကရဲ့ မင်း
မျိုးမင်းနွယ်ဖြစ်နေလို့ပေါ့၊ ဟိုးအရင်က ဘုရင်တူးမားရဲ့ သား၊ လက်ရှိဘုရင်မန်ဒိုးမားရဲ့ ညီအရင်းပေါ့ဒီတော့သူ့
အတွက်အမြတ်အစွန်း ကောင်းကောင်းရမှ ဖြစ်လိမ့်မယ်နော....”
လူဖြူအဖိုးကြီးက လက်ထဲမှခွက်ကိုချလိုက်ပြီး တန်ဘိုးရားကို စူးစမ်းသလို လေ့လာကြည့်ရှုနေလေသည်။
တန်ဘိုးရားလဲ အဖိုးကြီးကို ပြန်လည်ကြည့်ရှုနေလိုက်မိသည်။ အချိန်အတော်ကြာသွား၏။ ပြီးတော့မှသူတို့အနီးသို့
တန်ဘိုးရားကိုခေါ်လိုက်သည်။ ထုံးစံအတိုင်း စစ်ဆေးမှုကိုပြုပြန်သည်။ တန်ဘိုးရား၏ လိင်တံကိုကိုင်တွယ်ကြည့်ရှု
သောအခါ တန်ဘိုးရားမှာ အသက်ရှူကြပ်သလိုတောင်ဖြစ်မိရသည်။ တဖန်ကိုင်ထားရက်နှင့်ရယ်မောကာ သူနား
မလည်သော ဘာသာစကားနှင့် အနောက်မှလူငယ်ကို လှမ်းပြောလိုက်သောအခါ လူဖြူငယ်ကလဲ သဘောကျစွာ
ရယ်မောနေပြန်၏။ ပြီးသွားသောအခါ ဂျာကင်အနီနှင့် လူက သူ့ကိုခေါ်သွားမည် ပြုသောအခါ လူဖြူအဖိုးကြီးက
ဟန့်တားထားလိုက်သည်။ ဟောင်ဆာဘာသာနှင့်သူ့ကိုမေးလိုက်သည်။
“နေဦး...ကောင်လေး..မင်းနာမည်ဘယ်လိုခေါ်လဲ ”
“ တန်ဘိုးရား ဖြစ်ပါတယ်....မန်ဒိုးမားရဲ့ညီပါ ”
“ အေး....ဟုတ်ပါပြီ...မင်းရဲ့အစွမ်းနဲ့အရည်အချင်းလေးကိုပြောပြနိုင်မလားကွ..ဟေ ”
“ ကျွန်တော်ဟာ မြေပေါ်ကလူသားပါ။ အစွမ်းသတ္တိက အစွမ်းသတ္တိကတော့ခြင်္သေ့တစ်ကောင်လိုပါဘဲ ”
“ အေး....ကောင်းတယ်ကွ....ဒါမျိုးဘဲဖြစ်နေရမှာ ”
လူဖြူကြီးက သူ့ကိုချီးကျူးစကား ဆိုလိုက်သောကြောင့်တန်ဘိုးရား ဝမ်းသာသွားရသည်။ ထို့နောက်လူဖြူ
ကြီးက ဂျာကင်အနီနှင့်ကျွန်ကိုလှမ်းမှာလိုက်လေသည်။
“ ဟေ့....ဒီကောင်လေးကိုမနက်ဖြန်ကျရင်ငါ့အိမ်ကိုခေါ်လာခဲ့ ”
ထိုမှတဖန်တန်ဘိုးရားဘက်သို့ လှည့်၍
“ မကြောက်ပါနဲ့ကွ.....ငါမင်းကိုဘာမှနာကြင်အောင်လုပ်မှာ မဟုတ်ပါဘူး ”
အာမာဂျလာက ကိုယ်ကိုရှေ့သို့ အနည်းငယ်တိုးလိုက်ပြီး ပြုံးလိုက်သည်။ သူ့အပြုံးက ယုံကြည်မှုအပြည့်
ရှိနေ၏။
“ ကောင်လေးကိုသဘောတွေ့ တယ်မဟုတ်လား...မစ္စတာ မွန်ဂိုဒွန်”
“ သဘောကျပဗျာ ကျုပ်ကျူးဘားကိုကျွန်တွေပို့နေတာ အယောက်ပေါင်း များစွာပါဘဲ ဒါပေမယ့်အဲဒီကျွန်
တွေထက်ကောင်းမွန်တဲ့အရာကိုကျွန်တော်တွေ့လိုက်ရတာပါ၊ ကျွန်တော်အာဖရိကရဲ့ အရည်အချင်းနဲ့အလှကို
တွေ့လိုက်ရပါတယ်ဒီတော့ဒါကိုမျိုးဆက်ပြန့်ပွားစေချင်တဲ့ဆန္ဒတွေ ပေါ်လာရတယ်ဆိုပါတော့ဗျာ ”
“ ဘုရင်မန်ဒိုးမားရဲ့ မိသားစုတွေက အာဖရိကရဲ့ ရှေးအကျဆုံးလို့ဆိုလို့ရနိုင်ပါတယ်မစ္စတာ မွန်”
“ အဲဒါကြောင့်ပြောတာပေါ့မိတ်ဆွေကြီးရဲ့သူ့ရဲ့အင်အားနဲ့ယောက်ျားပီသမှုကသဘောကျဖို့ကောင်းတယ်၊
ဒီတော့သူ့ကိုဆေးချယ်ဖို့ကျုပ်မှာ ဆန္ဒတွေဖြစ်ပေါ် လာရတော့တာဘဲဗျို့ ”
“ ကျွန်တော်ယူလာ ကထဲက သူ့ကိုယ်ပေါ်မှာဆေးတွေသုတ်ထားပြီးသားဘဲဟာ ဘာလို့ ဆေးချယ်ဦးမှာလဲ
မိတ်ဆွေရ ”
မွန်ဂိုဒွန်၏ ပြောစကားကိုနားမလည်သောကြောင့်အာမာဂျလာက ထိုကဲ့သို့ပြောလိုက်ခြင်းဖြစ်၏။
“အဲဒီလို သူ့ကိုယ်ပေါ်ကို ဆေးချယ်မှာကို ပြောတာမဟုတ်ပါဘူး မိတ်ဆွေကြီးရဲ့သူ့ပုံကို ဆေးရောင်စုံနဲ့
ပန်းချီဆွဲချင်တယ်လို့ပြောတာပါ ”
အာမာဂျလာက သဘောပေါက်သွားဟန်နှင့်ခေါင်းညှိတ်လိုက်သည်။ သို့သော်တားမြစ်လိုဟန်ဖြင့်မွန်ဂိုဒွန်
ကိုလက်ကာပြလိုက်၏။
“ မဖြစ်ဖူးထင်တယ်ဗျ...ကျုပ်တို့ကျမ်းထဲမှာ သက်ရှိမှန်သမျှကိုကိုယ်ခွဲသဘောမျိုး မဆွဲရဘူးလေ ”
“ ကျုပ်သိပါတယ်မနက်ဖြန်ဆို ကောင်လေးကို ကျုပ်ပိုင်သွားပြီလေ သူကကျွန်ပါဘဲလေ ခင်ဗျားပိုင်တာ
ဆိုရင်တော့ ခင်ဗျားသဘောပေါ့ ကျုပ်ပိုင်သွားပြီဆိုရင်တော့ ကျုပ်က ဆွဲမှာဘဲဗျို့ ဒါမှ မရောင်းချင်ဘူးဆိုရင်လဲ
ခင်ဗျားသဘောဘဲဗျာ ခင်ဗျားကျွန်တွေကိုပြန်ခေါ်ပြီး ညတွင်းချင်းဘဲ ထွက်သွားပေတော့ ”
မွန်ဂိုဒွန်က ခပ်ပြတ်ပြတ်ပဲ ပြန်ပြောပြစ်လိုက်သည်။ တန်ဘိုးများစွာ ဆုံးရှုံးသွားနိုင်သည်ဆိုသော်လဲ အလွန်
အမင်း သည်းခံနေစရာမလိုဟုဆုံးဖြတ်လိုက်မိသောကြောင့်ဖြစ်သည်။ နှစ်ယောက်စလုံး ပြောနေသော စကားများ
ကို နားလည်သော်လဲ တန်ဘိုးရား သဘောမပေါက်ဘဲ ဖြစ်နေသည်။ သူသိသည်ကတော့ လူဖြူကြီးက သူ့အား
သဘောကျနေသည်။ ပြီးတော့လူဖြူကြီးက သူ့အားတစ်ခုခုကောင်းကျိုးပေးလိမ့်မည်ဟုထင်နေမိသည်။
အခန်း ( ၄ )
နေရောင်၏ အလင်းနှင့်အတူတူလောက်ပင်တန်ဘိုးရား အိပ်ရာမှနိုးလာရသည်။ ကိုယ်ကိုတစ်ဖက်သို့လှည့်
၍ အလင်းရောင် ကောင်းစွာကျရောက်နေပြီဖြစ်သော ဝန်းခြံထဲသို့ လှမ်းကြည့်လိုက်မိသည်။ ဘယ်အချိန်သူ့ကို
လာခေါ်မည်မှန်း မသိသော်လဲ အဆင်သင့်လုပ်ထားတာ ကောင်းမည်လို့ စဉ်းစားမိသောကြောင့် အခြားသူများ
အနှောက်အယှက်မဖြစ်ရအောင်ခုတင်ပေါ်မှတိတ်တိတ်လေးဆင်းလိုက်သည်။
အိမ်သာရှိရာဘက်သို့ ကွင်းပြင်အတိုင်း ဖြတ်လျှောက်ရင်း ထန်းအုန်းလက် တစ်လက်ကို ကောက်ယူ၍
အရွက်များကို ခြွေလာခဲ့သည်။ သူက အချိန်ဖြုန်းသည့်အနေနှင့် နေရောင်အောက်တွင်ထိုင်ရင်း သူ့လက်ထဲက
ထန်းအုန်းရွက်များကို အိတ်တလုံးဖြစ်အောင်ရက်လုပ်နေလိုက်သည်။ မကြခင်မှာဘဲ ထန်းအုန်းရွက်များက အိတ်
ပြားလေး ဖြစ်သွားရသည်။ ထိုခဏလေးမှာဘဲ သူ့စိတ်ထဲသို့ အတွေးတစ်ခုဝင်ရောက်လာခဲ့သည်။
ရေလမ်းခရီးကို ရက်ပေါင်းများစွာ ဖြတ်ကျော်လာရစဉ်က မြေကြီးနှင့် ကင်းကွာခဲ့ရသောကြောင့် သူ့စိတ်
အင်အားတို့ ခမ်းခြောက်ခဲ့ရပေသည်။ ထိုအတွေးကြောင့် သူက မြေမှုန်များကို လက်နှင့်ကောက်ယူကာ အိတ်ပြား
လေးထဲသို့ ထည့်လိုက်တော့သည်။ ပြီးတော့ အနီးပါးတွင်တွေ့ရသော အဝတ်စုတ်လေးနှင့် ကျစ်ကျစ်ပါအောင်
ထုပ်လိုက်တော့သည်။
ထို့နောက်ထန်းအုန်းလက်မှ အကောင်းဆုံးကို ရွေးချယ်ကာ ကြိုးဖြစ်အောင်ကျစ်လိုက်ပြီး အထုပ်လေးနှင့်
တွဲချီကာ လည်ပင်းတွင် ဆွဲထားလိုက်လေသည်။ ဘယ်လိုအခြေအနေသို့ ရောက်နေပါစေ ထိုအထုပ်လေးကို
ဆုပ်ကိုင်လိုက်ရခြင်းဖြင့်မြေကြီးနှင့်ကင်းကွာမှုမရှိတော့ဘဲ သူ၏အစွမ်းသတ္တိနှင့်ဝိညာဉ်သည်သူနှင့်ဘယ်တော့မှ
ကင်းကွာသွားတော့မည်မဟုတ်လို့ယုံကြည်မှုရရှိလိုက်လေသည်။
အချိန်သိပ်မကြာခင်မှာဘဲသူ့အပေါင်းသင်းများလဲနိုးထလာကြလေသည်။ဝင်းတံခါးကြီးပွင့်လာသောကြောင့်
သူတို့အတွက် အစားအသောက်များ ယူဆောင်လာပြီ ဖြစ်ကြောင်းသိလိုက်ရသည်။ ဂျာကင်အနီတစ်ထည် ထဲ
သာရှိ၍ ဒါကိုဘဲ အမြဲဝတ်ဆင်သည်ဟုထင်ရသော နီဂရိုးသည်အစားအသောက်တင်ဆောင်လာသော လှည်းနှင့်
အတူ ပါလာပြီး ငယ်ရွယ်နုပျိုသူများကို လိုက်လံကြည့်ရှုနေသည်။ တန်ဘိုးရားကို တွေ့သွားသောအခါ အစားကို
မြန်မြန်စားစေပြီး သူနဲ့အတူလိုက်ခဲ့ရန်ခေါ်သည်။ ထို့နောက်မြစ်ဆိပ်သို့ခေါ်သွားပြီး ရေချိုးခိုင်းသည်။
ယမန်နေ့ကလိုပင် အမြှုပ်ထွက်သော မြက်တစ်ဆုပ်ကိုပေး၍ ကိုယ်ကိုပွတ်တိုက်စေသည်။ သန်ရှင်းပြီဟု
ယူဆရ သောအခါတွင် တကိုယ်လုံးကို ထန်းအုန်းဆီနှင့် လိမ်းကျံခိုင်းပြန်သည်။ စိတ်တိုင်းကျ သွားသောအခါမှ
ဂျာကင်နီက သူ့နောက်သို့ လိုက်ခဲ့ရန်ခေါ်ဆောင်သွားလေသည်။ မွန်ဂိုဒွန်၏ အိမ်အောက်သို့ ရောက်သောအခါ
ဂျာကင်နီက သူ့ကိုခဏစောင့်နေရန်ပြောပြီး အိမ်ထဲသို့ဝင်သွားလေသည်။
တန်ဘိုးရားစောင့်နေစဉ်တွင်နီဂရိုးမလေး တစ်ယောက်ထွက်လာသည်ကိုတွေ့လိုက်ရ၏။ သူမက သူ့ထံသို့
တဖြေးဖြေး လျှောက်လာရင်း နီးကပ်လာလေသည်။ တန်ဘိုးရားအတွက်တပ်မက်စရာ ကောင်းလောက်အောင်
ဆွဲဆောင်မှုရှိသော အဝေ့အဝိုက်ကောက်ကြောင်းများကြောင့် သွေးခုန်နှုန်းများ မြန်ဆန်လာရ၏။ နို့နှစ်လုံးက
ခြေလှမ်း လိုက်တိုင်း ပါးလွှာသော အဝတ်အောက်မှခုန်ထွက်လာတော့မလိုလှုပ်ခါနေသည်။ သူမ၏ နှုတ်ခမ်းအစုံက
ဖိတ်ခေါ်သောအပြုံးကို ဆင်မြန်းထားပြီး သူ့နားသို့ ရောက်သောအခါ သူမလက်ချောင်းများနှင့် သူ့နှဖူးကို ထိတွေ့ 
လာသည်။
သူမကဘာမှမပြောသလို သူ့နှုတ်ဖျားမှလဲ ဘာအသံမှ မပြုနိုင်လောက်အောင်ဆွံ့အနေမိသည်။ သူမလက်
များက နှဖူးဆီမှနေ၍ အောက်သို့ တဖြေးဖြေးလျှောဆင်းသွားသည်။ သူ့လီးကိုကိုင်လိုက်သောအခါတွင်ဆန့်ကျင်
ဘက်လိင်၏ အထိအတွေ့ကြောင့်တောင်မတ်လာရ၏။ လူဖြူအဖိုးကြီး ကိုင်တွယ်ကြည့်ရှုစဉ်ကတောင်အသက်ရှူ
ရပ်မတတ်ခံစာခဲ့ရသော တန်ဘိုးရား တစ်ယောက်မည်ကဲ့သို့ခံစားနေရမည်ဆိုတာကိုခန့်မှန်းကြည့်နိုင်သည်။
“ မွန်ဂိုဒွန်အဖိုးကြီးနဲ့အိပ်ရတာထက်စာရင်ရှင်နဲ့အိပ်လိုက်ရရင်တော်တော်ကောင်းမယ်ထင်တယ်”
သူမမျက်လုံးတွေက အရောင်တောက်နေပြီး လက်တွေက ကြီးမားထွားကြိုင်းကာ တောင်မတ်နေသော
လိင်တံကြီးကိုတင်းကျပ်စွာ ဆုပ်ကိုင်ကစားနေလေသည်။ တန်ဘိုးရားက စကားပြန်ပြောရန်ကြိုးစားသော်လဲ အသံ
က ထွက်မလာချေ၊ ထိုစဉ်အိမ်ထဲမှမွန်ဂိုဒွန်ထွက်လာပြီး
“ ဟဲ့..... ဂျိုဘီးနား..ဆောက်ကမျင်းမလေး....သူ့ဖာသာသူနေပေ့စေ...နင်သွားစရာရှိတာသွားစမ်း ”
မွန်ဂိုဒွန်၏ အသံကြောင့်ဂျိုဘီးနားက မြင်းမလေးတစ်ကောင်လိုခုန်ပေါက်၍ ထွက်ပြေးသွားသည်။ တန်ဘိုး
ရား ခမျာတော့အီလယ်လယ်ကြီး ခံစားလိုက်ရပြီး ကျန်နေခဲ့ရလေသည်။
“ ကောင်လေး..... မင်း ငါ့နောက်လိုက်ခဲ့ ”
အဖိုးကြီးအသံက ဂျိုဘီးနားကို မောင်းထုတ်စဉ်ကလို ဒေါသသံမပါတော့ဘဲ နူးညံ့နေပြန်သည်။ အိမ်ထဲသို့
ခြေချလိုက်တယ်ဆိုရင်ဘဲ တန်ဘိုးရားတစ်ယောက်တစ်သက်နဲ့တစ်ကိုယ်မမြင်ဖူးသော အသုံးအဆောင်များကို
တွေ့လိုက်ရသောကြောင့်ထူးဆန်းအံ့သြနေလေ၏။ နံရံတွင်ချိတ်ဆွဲထားသော လူဖြူမိန်းမ ပုံတွေက သူ့အတွက်ပိုမို
အံ့သြစရာ ဖြစ်နေပြန်သည်။
သူက အဖိုးကြီး ခေါ်ဆောင်ရာ အခန်းသို့လိုက်သွားတော့သစ်သားဘောင်တွင်ကပ်ရိုက်ထားသော ပိတ်ဖြူ
စကြီးက တွေ့လိုက်ရသည်။ တန်ဘိုးရားခမျာ ချောက်ခြားတုန်လှုပ်နေရရှာသည်။ မွန်ဂိုဒွန်က ခြိမ်းခြောက်၍တော့
မဟုတ်။ တောက်ပြောင်လှသည့်အိမ်ထောင်ပရိဘောဂများ၊ လူဖြူမိန်းမပုံတွေက သူ့အားအပြုံးနှင့်ကြည့်နေပုံများက
သူ့အား ချောက်ခြားစွာ ထွက်ပြေးချင်လောက်အောင်ဖြစ်နေစေခြင်း ဖြစ်၏။
“ ဘာမှမကြောက်ပါနဲ့ကောင်လေးရ ”
အဖိုးကြီး သူ့အားနှစ်သိမ့်လိုက်ပြီး မျက်နှာကြက်မှ ကြမ်းပြင်ကိုထိသည့်တိုင်အောင် ချိတ်ဆွဲထားသော
အစိမ်းပုတ်ရောင်ကတ္တီပါစကြီးရှေ့တွင်ရပ်စေလိုက်သည်။ တစ်ဖန်မွန်ဂိုဒွန်က မြေသားမှုန့်အပြည့်ပါသော တောင်း
တတောင်းကိုယူလာပြီး တန်ဘိုးရား ခြေထောက်တဝိုက်တွင်ကြဲဖြန့်လိုက်သည်။ တန်ဘိုးရားဘာမှနားလည်နိုင်စွမ်း
မရှိပေ၊ ရပ်ဆိုတော့ရပ်နေလိုက်ရသည်သာ....။
အဖိုးကြီးသူ့ကိုကြည့်လိုက်သစ်သားဘောင်ကွတ်ထားသောအဝတ်ဖြူစကြီးရှေ့တွင်အလုပ်ရှုပ်နေလိုက်ဖြင့်
ခြေထောက်တွေ တောင့်လာရသည်အထိရပ်နေပေးရသည်။ အချိန်အနည်းငယ်အနားပေးလိုက်၊ ရပ်ခိုင်းလိုက်နှင့်
အကြိမ်ရေ အတော်များများ လုပ်ဆောင်ပြီးသောအခါတွင်မွန်ဂိုဒွန်က သူ့ကိုခုံတလုံးပေါ်တွင်ထိုင်ခိုင်းလိုက်၏။
“ ငါမင်းကိုမင်းတို့ရွာပြန်ပို့ပေးမယ်တန်ဘိုးရား ” ဟုမွန်ဂိုဒွန်က ပြုံး၍ပြောလိုက်ခြင်း ဖြစ်သည်။
“ကျူဘားကိုသွားရမယ့်ခရီးရှည်ကြီးက မင်းအတွက်မဖြစ်သင့်ဘူး မင်းရွာကိုမင်းပြန်ပြီး ဘုရင်ပြန်လုပ်ရမယ်ကွ”
“ မလုပ်ပါနဲ့မွန်ဂို၊ ကျွန်တော့်ကိုပြန်မပို့ပါနဲ့ဗျာ၊ ကျွန်တော့်အကိုက သူ့မျှော်မှန်းချက်ပျက်ပြီဆိုပြီး ကျွန်တော့်
ကိုသတ်လိမ့်မယ်ခင်ဗျ တခြားသူတွေလိုဘဲ လိုက်သွားပါရစေ ခင်ဗျာ ”
“ အေးပါကွာ....ငါသိပါပြီ...ဒီလိုဆိုလဲ ဟောဒီမှာဘဲ ငါနဲ့တူတူမနေချင်ဘူးလားကွာ ငါ့အတွက်အလုပ်လုပ
ပေးပေါ့....ငါကမင်းကိုကောင်းကောင်းထားမှာပါကွ ”
“ မနေပါရစေနဲ့မွန်ဂိုခင်ဗျား၊ကျွန်တော်သင်္ဘောဆိုတာကြီးနဲ့ လိုက်သွားပရစေ၊ဆာဗန်းပူးတို့အမ်ဒေါင်းတို့နဲ့
တူတူလိုက်သွားပါရစေဗျာ”
“ ကောင်းပါလေ့ကွာ....ဒါနဲ့မင်းက ဘာဖြစ်လို့ဒီလောက်တောင်သင်္ဘောနဲ့လိုက်သွားချင်ရတာလဲဟ ”
“ သူတို့က ပြောတယ်ခင်ဗျ ကျွန်တော်သွားရမယ့် နယ်မြေအသစ်မှာ မိန်းမတွေ အများကြီးရနိုင်တယ်တဲ့
ကျွန်တော်လဲ မိန်းမတွေနဲ့ မနေဖူးတော့ ဘယ်လိုလဲဆိုတာကို သိချင်နေပါတယ် ဒါကြောင့်လိုက်သွားချင်တာ
ပါခင်ဗျား ”
“ ဒီလောက်တောင်လိုက်ချင်နေလဲ လိုက်သွားပေါ့ကွာ ငါကြားရသလောက်ကတော့ကျူးဘားမှာ မင်းလိုချင်
တဲ့ အခွင့်အရေးမျိုးတွေ ရှိနေပါတယ်လေ၊ ကဲ..ဒီတော့ မင်းကိုငါ သင်္ဘောပေါ်ကိုအရောက် ပို့ပေးလိုက်မယ်..
သင်္ဘော ကပ္ပတိန်ကတဆင့် ဟာဘားနားမှာရှိတဲ့ ငါ့မိတ်ဆွေတယောက်ဆီကို စာရေးပေးလိုက်မယ်မင်းကို ငါ့ရဲ့
အထူးလက်ဆောင်ဆိုပြီးတော့သူ့ဆီပို့ပေးလိုက်မယ်ကွာ ဒါဆိုရင်တော့ကြံခင်းတွေထဲမှာ အလုပ်ကြမ်း လုပ်ရတာ
ထက်ပိုကောင်းတဲ့ဟာမျိုးဖြစ်လာနိုင်ကောင်းပါရဲ့လေ...ကဲ...ကဲ..ပြန်စလိုက်ဦးစို့ဟေ့”
မွန်ဂိုဒွန်၏ထူးဆန်းသောစကားများကိုတန်ဘိုးရားနားမလည်ပါ။မွန်ဂိုဒွန်ကအလုပ်ကိုလက်စသတ်လိုက်ပြီး
တန်ဘိုးရားကို လှမ်းခေါ်ပြလိုက်သည်။ တန်ဘိုးရား ဘောင်ကွပ်ထားသော အဝတ်ဖြူစပေါ်တွင်သူ့ကိုယ်သူတွေ့
လိုက်ရ၏။ သူတုန်လှုပ်ချောက်ခြား သွားရသည်။ မွန်ဂိုဒွန်က သူ၏ဝိညာဉ်နှင့် စွမ်းအားများကို ခိုးယူလိုက်ချေပြီလို့
သူထင်လိုက်မိလေသည်။ သူက မွန်ဂိုဒွန်၏ ခြေရင်းနားတွင်ထိုင်ချလိုက်သည်။
“ ခင်ဗျား....ကျွန်တော့်ရဲ့ ဝိညာဉ်ကိုခိုးယူလိုက်တာဘဲ မွန်ဂိုခင်ဗျား ”
ကောင်လေးက ဝမ်းနည်းစွာ ငိုရှိုက်နေချေပြီ.....။
“ မငိုပါနဲ့ကွ ကောင်လေးရ မင်းရဲ့ဝိညာဉ်အစွမ်းကိုငါခိုးထားလိုက်တာ မဟုတ်ပါဘူး တန်ဘိုးရား ဒီမှာကြည့်
စမ်း မင်းဝိညာဉ်ရဲ့ အစွမ်းသတ္တိကို ငါကနှစ်ခုခွဲပေးလိုက်တာဘဲကွ တစ်ခုက ဟောဒီအာဖရိကမှာ ကျန်ခဲ့မယ်၊
နောက်တစ်ခုက မင်းထွက်သွားတဲ့အခါ မင်းနဲ့တူတူပါသွားမှာပေါ့ကွာ ဒီတော့ ကျန်နေခဲ့တဲ့ဝိညာဉ်က မင်းကို
ရောင်းစားလိုက်တဲ့ မိသားစုကို လက်စားချေပေးလိမ့်မှာပေါ့၊ ကဲ..ဘယ်လောက်ကောင်းလိုက်သလဲ ခုဆို မင်းမှာ
ဘယ်သူ့ဆီမှာမှမရှိသေးတဲ့ဝိညာဉ်နှစ်ခုရှိနေပြီပေါ့၊ ဒီတော့မင်းဟာ နဂိုကထက်ပိုထူးခြားတဲ့လူသား တစ်ယောက်
ဖြစ်သွားပြီကွ ဘာဖြစ်လို့လဲသိလား ဘယ်လူသားမှာမှဝိညာဉ်နှစ်ခုမရှိဘူးလေ ”
တန်ဘိုးရား ထရပ်လိုက်ပြီး ပုံတူပန်းချီကားချပ်ကို ကြည့်လိုက်ပြန်သည်။ မွန်ဂိုဒွန်အဖိုးကြီးပြောသလိုပင်
သူ့မှာ ဝိညာဉ်နှစ်ခု ဖြစ်သွားပေပြီ။ သူအငိုရပ်သွားပြီး သွားဖြူဖြူများ ပေါ်အောင်ပင်ပြုံးလိုက်မိပေသည်။ ဝိညာဉ်
နှစ်ခုနှင့်တန်ဘိုးရား ဖြစ်ခဲ့ရသည်မဟုတ်လား။ တဖန်သူက ပန်းချီကားနားသို့တိုးကပ်သွားလိုက်သည်။
“ ဒီတန်ဘိုးရားက ခေါင်းနဲ့ကိုယ်သာရှိပြီး ခြေထောက်တွေ လက်တွေကရော....”
တန်ဘိုးရား မေးခွန်းကိုမွန်ဂိုဒွန်သဘောကျသွားသည်။
အပိုင်း ( ၂ ) ကိုဆက်လက်အားပေးကြပါ
ချစ်ခြင်းများစွာဖြင့်
#မန္တလာမောင်မောင်တုတ်